1 ဘေးအန္တရာယ်မကျရောက်မီ
-
စားစရာ၊ သောက်စရာများကို ပြင်ဆင်ခြင်း၊ ပရိဘောဂများ အသေတပ်ဆင်ခြင်း ပြုလုပ်ပါမည်။
ဘေးအန္တရာယ်ကျရောက်လျှင် မည်သို့ဆောင်ရွက်မည်ကို မိသားစုနှင့် ဆုံးဖြတ်ထားရန် အရေးကြီးပါသည်။
အသေးစိတ်ကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း (TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/prepare.html(ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/english/disaster/howto/prepare.html(မြန်မာဘာသာ)
-
မုန်တိုင်းမလာမီ စားစရာ၊ သောက်စရာများကို ပြင်ဆင်ခြင်း၊ အပြင်တွင်ရှိသည့် ပစ္စည်းများကို အိမ်အတွင်းသို့ ထည့်ခြင်းများ ပြုလုပ်ပါမည်။
ထို့အပြင် လက်ရှိ ရှိနေသောနေရာသည် မည်မျှ အန္တရာယ်ရှိနိုင်သည်၊ ဘယ်နေရာသို့ ထွက်ပြေးလျှင် သင့်တော်မည် ကို ရှာဖွေ၍၊ မိသားစုနှင့် ဆက်သွယ်ရန်နည်းလမ်းများကို ဆုံးဖြတ်ပါမည်။
အသေးစိတ်ကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■မိုးသည်းထန်စွာရွာခြင်း၊ တိုင်ဖွန်းမုန်တိုင်းမဝင်မီ လုပ်ဆောင်ရမည့်အရာများ (TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/rainstorm.html(ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/rainstorm.html(မြန်မာဘာသာ)
-
မိုးသည်းထန်ခြင်းနှင့် မုန်တိုင်းသတင်းများကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
■ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနဝက်ဘ်ဆိုက် (ဘာသာစကား 14 ခု)https://www.data.jma.go.jp/multi/index.html?lang=jp(ဂျပန်ဘာသာ)
https://www.data.jma.go.jp/multi/index.html?lang=mm(မြန်မာဘာသာ)
- မိုးလေဝသခန့်မှန်းချက်၊ မိုးသည်းထန်ခြင်းနှင့် မုန်တိုင်းသတင်းများကို ကြည့်ရှုနိုင်ပါသည်။
- မြေပြိုခြင်းအန္တရာယ်၊ ရေကြီးရေလျှံခြင်းအန္တရာယ်၊ ရေလွှမ်းမိုးခြင်းအန္တရာယ် ရှိမရှိကို မြေပုံအရောင်ဖြင့် သိရှိနိုင် ပါသည်။ လက်ရှိ ရှိနေသောနေရာ၏ မြေပုံအရောင်ကို ကြည့်၍ လျင်မြန်စွာ တိမ်းရှောင်ရအောင်။
မြေပြိုခြင်းအန္တရာယ်၊ ရေကြီးရေလျှံခြင်းအန္တရာယ်၊ ရေလွှမ်းမိုးခြင်း၏ မြေပုံအရောင် ကြည့်ရှုနည်းကို အောက်ပါ စာမျက်နှာတွင် ကြည့်ရှုပါ။
■Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) အကြောင်းhttps://tabunka.tokyo-tsunagari.or.jp/disaster/howto/hazard_distribution.html(ဂျပန်ဘာသာ)
hhttps://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/hazard_distribution.html(မြန်မာဘာသာ)
-
-
မိုးသည်းထန်ခြင်းနှင့် မုန်တိုင်းကျရောက်သည့်အခါ၊ မြစ်ရေလျှံခြင်း၊ တောင်ပြိုခြင်း၊ လေဖြင့် ပစ္စည်းများ ပျံဝဲ လာခြင်းမျိုး ရှိပါသည်။ ခိုလှုံခြင်းမှလွဲ၍ အပြင်သို့ မထွက်ဘဲ နေကြရအောင်။
-
မဖြစ်မနေ အပြင်သို့ ထွက်သည့်အခါ မြစ်နှင့်တောင်များအနီးသို့ မသွားမိအောင် နေပါ။
ထို့ပြင် အဆောက်အအုံများ၏ မြေအောက်ခန်းနှင့် မြေအောက်လမ်းများသို့ မသွားဘဲ နေကြရအောင်။
-
-
-
ယခုရှိနေသောနေရာသည် ရေမည်မျှ ဝင်ရောက်မည်ကို ဘေးအန္တရာယ်ပြမြေပုံ စသည်တို့တွင် စစ်ဆေးပါ။ စစ်ဆေးနည်းကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံအကြောင်း (TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/hazard_maps.html(ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/hazard_maps.html (မြန်မာဘာသာ)
-
ဘေးအန္တရာယ်ဖြစ်နိုင်ခြေရှိသည့်အခါ မိုးလေဝသနှင့်ဇလ ဗေဒ ဦးစီးဌာနနှင့် လက်ရှိ ရှိနေသော ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံးမှ “သတိပြုရန်အဆင့်” ဆိုသည့် အသိပေးမှု ထွက်ရှိပါမည်။ သတိပြုရန်အဆင့်ကို စစ်ဆေး၍ အဆင့် အလိုက် ပြုမူကြရအောင်။
အသေးစိတ်ကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■သတိပြုရန်အဆင့်များအကြောင်း (TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/alert_levels.html(ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/alert_levels.html(မြန်မာဘာသာ)
-
ယခုရှိနေသောနေရာသည် အန္တရာယ်ရှိလျှင် မိသားစုနှင့် သူငယ်ချင်းအိမ်များသို့ သွားခြင်းစသဖြင့်၊ လျှင်မြန်စွာ တိမ်းရှောင်ခြင်းတို့ ပြုလုပ်ရန် အရေးကြီးပါသည်။
ခိုလှုံသည့်အခါ အောက်ပါတို့ကို သတိပြုကြရအောင်။- အပြင်သည် လင်းနေသေးလျှင် လမ်းလျှောက်၍ ခိုလှုံပါမည်။
- အပြင်သည် မှောင်နေလျှင် ဓာတ်မီးကို သုံးပါမည်။
- ဖိနပ်အရှည်သည် အတွင်းသို့ရေဝင်လျှင် လေးလာမည်ဖြစ်သည့်အတွက် အန္တရာယ်များပါသည်။ အားကစားဖိနပ်စီး၍ တိမ်းရှောင်ပါမည်။
- ရေဝပ်နေသောနေရာများသည် အန္တရာယ်များပါသည်။ ထီး သို့မဟုတ် တုတ်စသည်တို့ကို အသုံးပြု၍ အန္တရာယ်ကင်းမကင်း စစ်ဆေး၍ လမ်းလျှောက်ပါမည်။
- တောင်အနီး၊ မြစ်အနီး၊ မြေမျက်နှာပြင်ထက်နိမ့်သောလမ်းများကို ဖြတ်မသွားပါ။
-
မုန်တိုင်းနှင့် မိုးသည်းထန်ခြင်းတို့ ဖြစ်ပွားသည့်အခါ မြစ်ရေအခြေအနေကို သွားမကြည့်ရပါ။
မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေလွှမ်းမိုးမှုဖြစ်ပွားခြင်းမျိုး ရှိပါသည်။ မိုးသည်းထန်ပြီးနောက် သတိ ထားပါ။မြစ်ရေအခြေအနေကို သိရှိလိုပါက အောက်ပါစာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
■ မြစ်ရေချိန်သတင်းအချက်အလက် (အန္တရာယ်စောင့်ကြည့်မှုပုံစံရေချိန်တိုင်းတာကိရိယာ အသုံးပြုမှုကောင်စီ စီမံအုပ်ချုပ်ရေးဌာန (Foundations of River & basin Integrated Communications))မြစ်ရေအခြေအနေကြည့်ရှုနည်း:
① မြစ်ဘေးတွင် အစိမ်းရောင်ကင်မရာအမှတ်အသား ထွက်လာမည်ဖြစ်သည့်အတွက် အပေါင်းခလုတ်ကို နှိပ်ပါမည်။
② ကင်မရာအမှတ်အသားကို နှိပ်လိုက်လျှင် လက်ရှိမြစ်ပုံကို ကြည့်နိုင်ပါသည်။
-
-
သတိပြုရန်အဆင့်သည် အန္တရာယ်ဖြစ်ပေါ်နိုင်ခြေရှိသည့်အခါ မိုးလေဝသနှင့်ဇလဗေဒသတင်းဌာနနှင့် ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံးမှ ထုတ်လွှင့်သော အသိပေးမှု ဖြစ်ပါသည်။
သတိပြုရန်အဆင့်သည် 1 မှ 5 အထိ ရှိပါသည်။ အဆင့်အလိုက် လုပ်ဆောင်ရမည်များ သတ်မှတ်ထားပါသည်။
အန္တရာယ်ရှိသောနေရာတွင် ရှိနေလျှင် အဆင့် 4 မတိုင်မီ တိမ်းရှောင်ပါ။
သတိပြုရန်အဆင့်အကြောင်း အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■သတိပြုရန်အဆင့်များအကြောင်း (TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/alert_levels.html(ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/alert_levels.html(မြန်မာဘာသာ)
-
“ဘေးအန္တရာယ်ပြမြေပုံ” ဆိုသည်မှာ ဘေးအန္တရာယ် ဖြစ်ပေါ် နိုင်ခြေရှိသည့်နေရာများနှင့် ပေးအန္တရာယ်ဖြစ်ပေါ်သည့်အခါ ခိုလှုံရမည့် နေရာများကို နားလည်နိုင်သည့် မြေပုံဖြစ်ပါသည်။
ဘေးအန္တရာယ်ပြမြေပုံသည် ဘေးအန္တရာယ်အမျိုးအစားနှင့် ဒေသ အပေါ်လိုက်၍ ကွဲပြားပါသည်။
ဘေးအန္တရာယ်ပြမြေပုံအကြောင်း အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံအကြောင်း (TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/hazard_maps.html(ဂျပန်ဘာသ)
https://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/hazard_maps.html(မြန်မာဘာသာ)
-
နှင်းများစွာကျလျှင် အောက်ပါတို့ကို သတိပြုပါ။
- လမ်းများသည် ချော်လဲလွယ်နေပါသည်။ ချော်လဲရန် ခက်ခဲသောဖိနပ်များကို စီး၍ လက်အိတ် ဝတ်ပါ။
- လမ်းလျှောက်သည့်အခါ ဖိနပ်အောက်အပြားတစ်ခုလုံးဖြင့် ခြေလှမ်းအကျယ်ကို ခပ်စိတ်စိတ် လျှောက်ပါ။
- ရထားနှင့်ဘတ်စ်ကားများ မထွက်ခြင်းမျိုး ရှိပါသည်။ သတင်းများတွင် ဆက်သွယ်ရေးသတင်းအချက် အလက်များကို စစ်ဆေးပါ။
- စက်ဘီးနှင့် ဆိုင်ကယ်များ ချော်၍ လဲကျတတ်ပါသည်။ စက်ဘီးနှင့် ဆိုင်ကယ်ကို မစီးပါနှင့်။
- ကားမောင်းလျှင် ကားတိုင်ယာချိန်းကြိုးတပ်ခြင်း သို့မဟုတ် ဆောင်းရာသီသုံးတိုင်ယာသို့ လဲလှယ် ရပါမည်။