災害について知る

မိုးသည်းထန်စွာရွာခြင်း၊ တိုင်ဖွန်းမုန်တိုင်းမဝင်မီ လုပ်ဆောင်ရမည့်အရာများ

တိုင်ဖွန်းမုန်တိုင်းကြီးများနှင့် ရက်ရှည်မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များသည် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်သည်။
သတင်းနှင့် မိုးလေဝသခန့်မှန်းချက်တွင် နေထိုင်သောမြို့သို့ တိုင်ဖွန်းမုန်တိုင်းကြီးတစ်ခု ဝင်ရောက်လာခြင်းမျိုး၊ မိုးသည်းထန်စွာရွာသွန်းမည် ပြောကြသည့်အခါ အောက်ပါတို့ကို လုပ်ဆောင်ပါ။

大雨や台風について

အိမ်အတွင်းလုပ်ဆောင်ရန်များ

  • အပြင်ကို ထွက်မရခြင်းမျိုး ဖြစ်နိုင်ပါသည်။ ရေနှင့်စားစရာကို ပြင်ဆင်ကြရအောင်။
  • လျှပ်စစ်မီး ပြတ်တောက်နိုင်သည်။ လက်နှိပ်ဓာတ်မီးကို ပြင်ဆင်ပြီး မိုဘိုင်းဖုန်းကို အားသွင်းရအောင်။
  • ရေပြတ်နိုင်ပါသည်။ ရေချိုးဇလုံတွင်ရေများ ဖြည့်ထားရအောင်။

ပထမထပ်တွင်အိမ်ရှိသူများအတွက်...

  • ဝင်ပေါက်နှင့် မြေညီထပ်သည် ရေဝင်လာနိုင်ပါသည်။ ဝင်ပေါက်နှင့် မြေညီထပ်တွင်ရှိသောပစ္စည်းများကို မြင့်သောနေရာသို့ ယူသွားကြရအောင်။
  • လျှပ်စစ်ပစ္စည်းများကို ပလပ်ဖြုတ်ကြရအောင်။

လေပြင်းတိုက်သည့်အခါ...

  • ပြတင်းပေါက်ကွဲသောအခါ မှန်များလွင့်စင်ခြင်းမှကာကွယ်ရန် လိုက်ကာများကိုပိတ်ပြီး ကလစ်များဖြင့် ထိန်းထားရအောင်။

大雨や台風について

အိမ်အပြင်တွင်လုပ်ဆောင်ရန်များ

  • ရေများအလွယ်တကူ စီးနိုင်ရန် ရေသယောက်နှင့် လသာဆောင်ရေနုတ်မြောင်းများကို သန့်ရှင်းထားရအောင်။

    *ရေသယောက် - မိုးရေစီးရန်အတွက် ပိုက်

    *ရေနုတ်မြောင်း - မိုးရေကို စုဆောင်း စီးဆင်းစေရန် မြောင်း

大雨や台風について

  • လေပြင်းတိုက်ခတ်မှုကြောင့် ပြင်ပမှအရာများကို လွင့်စင်ခြင်း၊ မိုးဖြင့်စီးမျောသွားခြင်းကိုကာကွယ်ရန် အောက်ပါတို့ကို လုပ်ဆောင်ကြရအောင်။

    • အပင် အိုး နှင့် ဖိနပ်အပါးစသည့် ဥယျာဉ်နှင့် လသာဆောင်ရှိ အရာများကို အိမ်ထဲသို့ ယူဆောင်ရန်
    • အဝတ်လှန်းတိုင်များနှင့် စက်ဘီးများကဲ့သို့သော အိမ်အတွင်း၌ အံဝင်ခွင်ကျမဖြစ်နိုင်သော ကြီးမားသောပစ္စည်းများကို မြေကြီးပေါ်တွင် ထားရန်၊ လှဲထားရန်

      *အဝတ်လှန်းတိုင်- အဝတ်အစားအခြောက်လှန်းရန်တိုင်

大雨や台風について

သတင်းအချက်အလက်စုဆောင်းခြင်း

  • လက်ရှိတည်နေရာသည် ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း၊ ကုန်းတွင်းရေလျှံမှုဖြစ်လွယ်ခြင်း ရှိမရှိကို ဘေးအန္တရာယ်ပြမြေပုံဖြင့် စစ်ဆေးကြရအောင်။

    *ကုန်းတွင်းရေ - မြေအောက်မြောင်းပြည့်သွားသောအခါ လမ်းပေါ်သို့ ရေလျှံခြင်း
    အောက်ပါ ဆိုက်တွင် စစ်ဆေးနိုင်ပါသည်

မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန "
ဘေးအန္တရာယ်ပြမြေပုံဝင်ရောက်ရန်ဆိုက်(ဂျပန်ဘာသာ)

大雨や台風について

  • အန္တရာယ်များ နီးကပ်လာပါက မည်သည့်လမ်းကြောင်းဖြင့် မည်သည့်နေရာကို ထွက်ပြေးရမည်ကို ကြိုတင် ဆုံးဖြတ်ကြရအောင်။
    အနီးနားရှိ ၂ထပ်နှင့်အထက် ခိုင်ခံ့သော အဆောက်အအုံများနှင့် ခိုလှုံရာနေရာတို့ကို စစ်ဆေးကြရအောင်။
    လက်ရှိတည်နေရာသည် အန္တရာယ်ရှိလျှင် မိသားစုနှင့် သူငယ်ချင်း၏အိမ်သို့ အမြန်ဆုံးသွားရန် အရေးကြီးပါသည်။


大雨や台風について

大雨や台風について

  • ရထားများနှင့် ဘတ်စ်ကားများ ရပ်တန့်သွားနိုင်သည်။ ရထားနှင့် ဘတ်စ်ကားများ၏ အခြေအနေကို စစ်ဆေးကြရအောင်။

လက်ရှိမြို့မှ အန္တရာယ်အသိပေးမှုအကြောင်းကြားခြင်းရရှိပါက

သတိပြုရန်အဆင့် 3 (သက်ကြီးရွယ်အိုများ ခိုလှုံခြင်း) နှင့်အထက်ရောက်လျှင် လက်ရှိနေထိုင်နေသောမြို့မှ မိုဘိုင်းလ်ဖုန်းပေါ်တွင် အကြောင်းကြားချက်တစ်ခု လက်ခံရရှိမည်ဖြစ်ပါသည်။
အကြောင်းကြားစာကို လက်ခံရရှိသောအခါ အောက်ပါတို့ကို သတိထားကြရအောင်။
(မိုဘိုင်းဖုန်းဆက်တင်များပေါ်မူတည်၍ အကြောင်းကြားချက်များမရရှိခြင်းမျိုး ဖြစ်နိုင်ပါသည်။)

大雨や台風について

  • ခိုလှုံမှုလုပ်ရန်မှလွဲ၍ အပြင်မထွက်ပါနှင့်။
  • လက်ရှိတည်နေရာအခြေအနေကို စစ်ဆေးကြရအောင်။

  • သတိပြုရန်အဆင့်အလိုက် လှုပ်ရှားဆောင်ရွက်ကြပါစို့။

မဖြစ်မနေအပြင်ထွက်ရတော့မည့်အခါ

မဖြစ်မနေအပြင်ထွက်ရမည်ဆိုလျှင် အောက်ပါတို့ကို သတိထားကြရအောင်။

  • လျှပ်စစ်မီးပြတ်သွားပါ ရပ်သွားမည်ဖြစ်သည့်အတွက် ဓာတ်လှေကားများ မစီးရန်။
  • မြေအောက်လမ်းများကိုမဖြတ်ရန်။
  • မြစ်များအနီးသို့ မသွားရန်။
  • လူဝင်မြောင်းအပေါက်များအနီးသို့ မသွားရန်။
  • တောင်များနှင့် ကမ်းပါးများနား မကပ်ရန်။
  • ရေလျှံခြင်းကြောင့် မရွေ့နိုင်ခြင်းဖြစ်နိုင်သည့်အတွက် ကားအသုံးမပြုရန်။

大雨や台風について

မလုပ်ရမည့်အရာများ

ရက်ရှည်မိုးရွာသည့်အခါနှင့်တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးအများကြီးရွာသည့်အခါ မြစ်ရေများ ရုတ်တရက် လျှံတက်လာခြင်း၊ တောင်များပြိုကျခြင်း ဖြစ်တတ်ပါသည်။
လုံးဝ မြစ်များနှင့် တောင်များ၏ အခြေအနေကို ကြည့်ရန် မသွားပါနှင့်။

ခိုလှုံသည့်အခါ

အဝေးသို့ ခိုလှုံမည့်အစား အနီးရှိ ၂ထပ်နှင့်အထက် ခိုင်ခံ့သော အဆောက်အဦနှင့် ခိုလှုံရာနေရာသို့ သွားကြရအောင်။ လင်းနေချိန်မှာ တတ်နိုင်သမျှ လူများများနှင့် ခိုလှုံကြရအောင်။

ခိုလှုံရန် ခက်ခဲသောအခါ...
၂ထပ်ထက်အမြင့်နှင့်၊ ဝင်ပေါက်၊ ပြတင်းပေါက်၊ တောင်ကုန်းစောင်းများမှ ဝေးသောနေရာစသည့် အိမ်ရှိ အလုံခြုံဆုံးနေရာတွင် ရှိနေပါ။

大雨や台風について

မိုးတိတ်ပြီးနောက်ပိုင်းတွင်လည်း...
မိုးတိတ်သွားပြီးနောက်လည်း မြစ်တွင် ရေများစုဝေးလာပြီး မြစ်ရေလျှံခြင်းများ ဖြစ်တတ်ပါသည်။ ခဏကြာခိုလှုံမှုကို ဆက်လက်လုပ်ဆောင်ရအောင်။

ကော်လံ① - ကွက်ကြားမိုးသည်းထန်စွာရွာသွန်းခြင်း

အချိန်တိုအတွင်း ဧရိယာအနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပါက ‘ကွက်ကြားမိုးရွာသွန်းခြင်း’ ဟုခေါ်ပါသည်။ ကွက်ကြားမိုးသည်းထန်စွာမရွာမီ ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွားပြီး လေအေးများ တိုက်ခတ်လာပါမည်။

大雨や台風について

ကွက်ကြားမိုးသည်းထန်စွာရွာသွန်းပါက အောက်ပါအတိုင်းလုပ်ဆောင်ကြရအောင်။

  • လုံခြုံသောနေရာတွင် မိုးတိတ်သွားသည်အထိ စောင့်ရန်
  • မြေအောက်ရောက်နေလျှင် မြေပေါ် ချက်ချင်းတက်လာရန်
  • မြစ်မှ ခွာရန်
  • မည်သည့်အချိန် မိုးတိမ်တိုက်များဖြတ်သန်းသွားမည်ကို မိုးတိမ်တိုက်ရေဒါဖြင့် စစ်ဆေးရန်

    မိုးလေဝသသတင်း "မိုးတိမ်တိုက်ရေဒါ

大雨や台風について

ကော်လ② - My Timeline ဖန်တီးကြရအောင်

"My Timeline" ဆိုသည်မှာ ကြီးမားသောတိုင်ဖွန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းသည့်အခါ မိမိက မည်သည့်အချိန်၊ မည်သည့်လုပ်ဆောင်မှုများကို လုပ်ဆောင်မည်ကို အစီအစဉ်ဆွဲရန် ကိရိယာတစ်ခုဖြစ်ပါသည်။
မေးခွန်းများကိုဖြေဆိုပြီး မိမိ၏ခိုလှုံရန်အစီအစဉ်ကို ဖန်တီးကြရအောင်။
စကားလုံး ၁၄ လုံးဖြင့် ပြုလုပ်နိုင်သည်။

Council of Local Authorities for International Relations (CLAIR) My Timeline

大雨や台風について