災害について知る
ဂျပန်၏ငလျင်အကြောင်း
ဂျပန်သည် ငလျင်များသော နိုင်ငံဖြစ်သည်။
ငလျင်သည် ဘယ်အချိန် ဘယ်နေရာမှာ လှုပ်မည်ကို မသိနိုင်ပါ။
ငလျင်အကြောင်း သိထားရန် အရေးကြီပါသည်။
ငလျင်ဆိုသည်မှာ
ငလျင်ဆိုသည်မှာ မြေမျက်နှာပြင်လှုပ်ခတ်ခြင်းဖြစ်ပါသည်။
ကြီးမားသော ငလျင်တစ်ခုတွင် အောက်ပါတို့ ဖြစ်ပေါ်ပါသည်။
- အဆောက်အဦပြိုကျခြင်း
- မြင့်သောအရပ်မှ ပစ္စည်းများပြုတ်ကျလာခြင်း
- တုန်ခါမှုရပ်သွားသည့်တိုင် ထိုနောက်ပိုင်းအကြိမ်ပေါင်းများစွာ ဆက်လက်လှုပ်ခတ်ခြင်း
*ဒါကို "Yoshin" ဟုခေါ်ပါသည်။ - တုန်ခါခြင်းကြောင့် ဆူနာမီနှင့် မီးလောင်ကျွမ်းခြင်းတို့ကို ဖြစ်ပေါ်ပါသည်။
ငလျင်၏ "အရွယ်အစား" ဆိုသည်မှာ
ငလျင်၏ အရွယ်အစားကို ဖော်ပြရန် (၁) မက်ဂနီကျုနှင့် (၂) ပြင်းအား ဟူ၍ ယူနစ် ၂ခု ရှိပါသည်။
-
မက်ဂနီကျု
ငလျင်၏စွမ်းအင်ပမာဏကို ဖော်ပြပါသည်။ ကမ္ဘာတွင် အသုံးပြုနေကြပါသည်။
-
ငလျင်ပြင်းအား
နေရာတစ်ခု မည်မျှလှုပ်ခတ်ခဲ့သည်ကို ပြသပါသည်။
ပြင်းအား 0 (အားအပျော့ဆုံး) မှ ပြင်းအား 7 (အားအပြင်းဆုံး) အထိ ရှိပါသည်။
ပြင်းအား အဆင့် 5 နှင့် 6 တွင် ‘အပျော့’ နှင့် ‘အပြင်း’ ရှိသည့်အတွက် စုစုပေါင်း 10 အဆင့်ရှိပါသည်။
ဤ ပြင်းအား အဆင့် 10ခု သည် ဂျပန်နိုင်ငံ၏သီးသန့် စံနှုန်းဖြစ်ပါသည်။
ပြင်းအား 0
လှုပ်ခတ်နေသည်ဟု မခံစားရပါ။
ပြင်းအား ၁
အဆောက်အဦးအတွင်း တိတ်ဆိတ်ငြိမ်သက်နေသော လူများကြားတွင် လှုပ်ခတ်ခြင်းကို ခံစားရသူ အနည်းငယ်ရှိပါသည်။
ပြင်းအား ၂
အဆောက်အဦအတွင်း တိတ်ဆိတ်ငြိမ်သက်နေသော လူအများအပြား လှုပ်ခတ်နေသည်ကို သိနိုင်သည်။
ပြင်းအား ၃
အဆောက်အဦအတွင်းမှ လူအများစုသည် လှုပ်ခတ်ခြင်းကို သိနိုင်သည်။
ပြင်းအား ၄
လူအများစု လန့်သွားလောက်အောင် လှုပ်ခတ်သည်။
ပြင်းအား 5 အပျော့
လူအများက ကြောက်စရာကောင်းတယ်လို့ ထင်ရလောက်အောင် လှုပ်ခတ်သည်။
ပြင်းအား 5 အပြင်း
ပစ္စည်းများကို ကိုင်မထားလျှင် လမ်းလျှောက်လှမ်းရန် ခက်ခဲလာပါသည်။
ပြင်းအား 6 အပျော့
မတ်တက်ရပ်ရန်ခက်ခဲလာသည်။
ပြင်းအား 6 အပြင်း
မတ်တက်ရပ်နေ၍မရဘဲ လဲကျခြင်းမျိုး ရှိတတ်သည်။
ပြင်းအား ၇
မတ်တက်ရပ်နေ၍မရဘဲ လဲကျခြင်းမျိုးရှိတတ်သည်။ အဆောက်အအုံ တိမ်းစောင်းခြင်းနှင့် လဲကျခြင်းများ များလာပါသည်။
ငလျင်ကြီးလှုပ်တော့မည်ကို အသိပေးသည့်စနစ်
ဂျပန်နိုင်ငံတွင် ငလျင်ကြီးတစ်ခု နီးကပ်လာသောအခါတွင် မိုဘိုင်းလ်ဖုန်းများ၊ စမတ်ဖုန်းများ၊
ရုပ်မြင်သံကြားများ၊ ရေဒီယိုများ စသည်တို့တွင် အထူးအသံမြည်သည့် စနစ်တစ်ခုရှိပါသည်။ ယင်းကို
"အရေးပေါ်ငလျင်သတိပေးချက်" ဟုခေါ်ပါသည်။
ဤအသံကိုကြားရသောအခါ ချက်ချင်းပြင်းထန်သောတုန်ခါမှုလာပါမည်။
သင့်ကိုယ်သင် ကာကွယ်ရန် ချက်ချင်းဆောင်ရွက်ပါ။
လဲကျလာသောအရာများနှင့် ပြုတ်ကျလာသောအရာများမှ ဝေးဝေးနေ၍ ဦးခေါင်းကို ကာကွယ်ပါ။
ဘယ်လိုအသံမျိုးလဲဆိုတာ သိနိုင်ရန် အောက်ပါဝက်ဘ်ဆိုဒ်ကို ကြည့်ပါ။
အသံနမူနာများ
စမတ်ဖုန်း၊ မိုဘိုင်းဖုန်း | https://www.youtube.com/watch?v=4gZW7HRHJmM (ဂျပန်ဘာသာ) |
---|---|
တီဗွီ၊ ရေဒီယို | https://www.gov-online.go.jp/prg/prg9152.html (ဂျပန်ဘာသာ) |
အဆောက်အဦအတွင်း အသံလွှင့်ခြင်း | http://www.real-time.jp/?page_id=465(ဂျပန်ဘာသာ) |
ကော်လံ 1- ဂျပန်မှာ ဘာကြောင့် ငလျင် များသလဲ။
ကမ္ဘာ့မျက်နှာပြင်သည် မာသာကျောက်ဖျာများဖြင့်ဖုံးအုပ်ထားပြီး ကျောက်ဖျာများသည်
ဖြည်းဖြည်းချင်းရွေ့လျားနေပါသည်။ ဤကျောက်ဖျာများရွေ့လျားမှုပေါ်လိုက်၍ ငလျင်ဖြစ်ပေါ်ပါသည်။
ဂျပန်၏ပတ်ဝန်းကျင်တွင် ကျောက်ဖျာ 4 ချပ်က ထိပ်တိုက် တိုက်နေပါသည်။ ထို့ကြောင့်
ငလျင်ဖြစ်ပေါ်လွယ်ပါသည်။ ငလျင်တွင် အမျိုးအစားများရှိပါသည်။
ပင်လယ်ငလျင်
သမုဒ္ဒရာ၏ကျောက်ဖျာသည် ကုန်းမြေကျောက်ဖျာအောက်သို့ ဝင်လာသောအခါ
ကုန်းမြေကျောက်ဖျာ၏အစွန်းသည်လည်း အတူ လိုက်ဝင်ပါသည်။
ဝင်လာသောကုန်းမြေကျောက်ဖျာသည် မူလပုံစံသို့ ပြန်သွားရန် ကြိုးပမ်းစဉ် ထောင်၍ပြန်သွားပါသည်။
ထိုအခါ ငလျင်ဖြစ်ပေါ်ပါသည်။ ဤအရာသည် ပင်လယ်ငလျင်ဖြစ်ပါသည်။
ကုန်းမြေငလျင်
သမုဒ္ဒရာ၏ကျောက်ဖျာသည် မြေပြင်၏ကျောက်ဖျာကို တွန်းခြင်း ဆွဲခြင်းလုပ်သောအခါ
ကုန်းမြေကျောက်ဖျာတွင် အင်အားတစ်ခု ဖြစ်ပေါ်ပါသည်။
ဤအင်အားသည် မြေပြင်ကျောက်ဖျာအထက်ရှိ မြေမျက်နှာပြင်ကို အက်ကွဲစေပြီး လွဲသွားစေသည်။
ထိုအခါ ငလျင်ဖြစ်ပေါ်ပါသည်။ ဤအရာသည် မြေပြင်ငလျင်ဖြစ်ပါသည်။
ကော်လံ 2 - ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်များ
၁၉၉၀ ခုနှစ်နောက်ပိုင်း အောက်ပါငလျင် ၂ ခုကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
2011ခုနှစ် - အရှေ့ဂျပန်ငလျင်ကြီး
တိုးဟိုခုဒေသ၏ ပစိဖိတ်ကမ်းရိုးတန်းတွင် ကြီးမားသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။
ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ငလျင်ဖြစ်ပါသည်။
ဤငလျင်ကြောင့်ဖြစ်သော ဆူနာမီကြောင့် လူအများအပြား သေဆုံးခဲ့ရပါသည်။
လူပေါင်း 15,000 ကျော်သေဆုံးခဲ့ပြီး ယခုတိုင် 2,500 ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါသည်။
ဒီငလျင်၏ မက်ဂနီကျုသည် 9.0 ဖြစ်ပြီး အကြီးမားဆုံး ငလျင်ပြင်းအားသည် 7 ဖြစ်ပါသည်။
1995 ခုနှစ် - ဟန်းရှင်း၊ အဝဂျီငလျင်ကြီး
ဟရောဂေါ့စီရင်စု၊ ကိုဘေးမြို့ကိုဗဟိုပြု၍ ကြီးမားသောငလျင်တစ်ခု ဖြစ်ပွားခဲ့ပါသည်။
မနက်စောစောအချိန်ဖြစ်ခဲ့သည့်အတွက် အိပ်နေသောသူများ များပြားခဲ့ပြီး၊ လူများစွာ ပစ္စည်းများပိ၍ သေဆုံးခဲ့ရပါသည်။ လူပေါင်း 6,000 ကျော် သေဆုံးခဲ့ရပါသည်။
ဒီငလျင်၏ မက်ဂနီကျုသည် 7.3 ဖြစ်ပြီး အကြီးမားဆုံး ငလျင်ပြင်းအားသည် 7 ဖြစ်ပါသည်။