災害について知る
သတိပြုရန်အဆင့်များအကြောင်း
သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိသည့်အခါတွင်၊ ဂျပန်မိုးလေဝသဌာနနှင့် လက်ရှိနေထိုင်နေသောမြို့မှ ‘သတိပြုရန်အဆင့်’ ဆိုသည့် အသိပေးချက်ထုတ်ပြန်မည်ဖြစ်သည်။
သတိပြုရန်အဆင့်သည် စုစုပေါင်း 5 ခု ရှိပါသည်။ အဆင့်အလိုက် လုပ်ဆောင်ချက်များ သတ်မှတ်ထားပါသည်။
အန္တရာယ်ရှိသောနေရာတွင် ရှိနေလျှင် သတိပြုရန်အဆင့် 4 အထိ ခိုလှုံပါ။
-
သတိပြုရန်အဆင့် 1 -
ဂျပန်မိုးလေဝသဌာနမှ အသိပေးချက်ထုတ်ပြန်မည်ဖြစ်သည်။
တီဗွီနှင့် အင်တာနက်ပေါ်တွင် လာမည့်ရာသီဥတုကို စစ်ဆေးပါ။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်တိုင်ဖွန်းမုန်တိုင်းဖြစ်သည့်အခါအတွက် ကြိုတင်ပြင်ဆင်ထားပါ။ -
သတိပြုရန်အဆင့် 2 -
ဂျပန်မိုးလေဝသဌာနမှ အသိပေးချက်ထုတ်ပြန်မည်ဖြစ်သည်။
လက်ရှိမြို့၏ ပင်မစာမျက်နှာတွင် မည်သည့်နေရာနှင့် မည်သို့ ခိုလှုံရမည်ကို သိရှိနိုင်ရန် စစ်ဆေးပါ။ -
သတိပြုရန်အဆင့် 3 -
လက်ရှိရောက်နေသောမြို့မှ အသိပေးချက် ထုတ်ပြန်ပါမည်။
ခိုလှုံရန် အချိန်လိုအပ်သူများက လုံခြုံသောနေရာသို့ သွားပါ။
ထိုလူများမှလွဲ၍ တခြားသူများသည် ခိုလှုံရန်ပြင်ဆင်ထားပါ။ -
သတိပြုရန်အဆင့် 4 -
လက်ရှိရောက်နေသောမြို့မှ အသိပေးချက် ထုတ်ပြန်ပါမည်။
မကြာမီ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်သည်။
အန္တရာယ်ရှိသောနေရာတွင် ရှိနေပါက အဆင့် 4 အထိ သေချာပေါက် ခိုလှုံပါ။ -
သတိပြုရန်အဆင့် 5 -
လက်ရှိရောက်နေသောမြို့မှ အသိပေးချက် ထုတ်ပြန်ပါမည်။
သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပေါ်နေသည်။
အပေါ်ထပ်တက်ခြင်း၊ ပြတင်းပေါက်မှ အဝေးတွင်နေခြင်းစသည့် တတ်နိုင်သလောက် လုံခြုံသောနေရာတွင် နေပါ။
ခိုလှုံနည်းနှင့်ပတ်သက်သော အချက်အလက်များကို အောက်ပါဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ။
ဝန်ကြီးရုံးသဘာဝဘေးအန္တရာယ် ကာကွယ်ရေး သတင်းစာမျက်နှာ (PDF တွင် ဘာသာစကားပေါင်းစုံ QR ကုဒ်ပါရှိခြင်း)
ခိုလှုံရေးစခန်းများနှင့် ခိုလှုံရာနေရာများ မည်သည့်နေရာတွင်ရှိသည်ကိုအောက်ပါဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ။
တိုကျိုသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပု(စက်ဖြင့်ဘာသာပြန်ဆိုမှုရှိပါသည် [အင်္ဂလိပ်ဘာသာ၊ ကိုရီးယာဘာသာ၊ တရုတ်ဘာသာ])