災害について知る

သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

သဘာဝဘေးအန္တရာယ်သည် မည်သည့်အချိန်တွင် ဖြစ်ပေါ်လာမည်ကို မသိပါ။
ပုံမှန် ပြင်ဆင်ထားရန် အရေးကြီးပါသည်။

ပစ္စည်းများကြိုတင်ပြင်ဆင်ခြင်း

သဘာဝဘေးအန္တရာယ် ကျရောက်ပါက လျှပ်စစ်၊ ဂတ်စ်နှင့် ရေများ ပြတ်တောက်သွားနိုင်ပါသည်။
စူပါမားကက်များနှင့် ၂၄နာရီဆိုင်များတွင် စားစရာများ ချက်ချင်း ရောင်းကုန်နိုင်ပါသည်။
ဆိုင်များ ပိတ်ထားသည်က များပါသည်။
သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ရာတွင် အစားအသောက်များ ပြင်ဆင်ထားခြင်းကို ဂျပန်လို `Bichiku´ ဟု ခေါ်ပါသည်။
နေထိုင်မှုအတွက်လိုအပ်သောအရာများကို 3 ရက်စာ ဖြစ်နိုင်ရင် 1 ပတ်စာ ပြင်ဆင်ကြရအောင်။

災害に備える_1スーパーの棚

သောက်စရာ/စားစရာ

  • သောက်ရေ - လူတစ်ဦးလျှင် တစ်နေ့ 3 လီတာ

  • စားစရာ - ထမင်း (*အယ်လ်ဖာအသင့်စားဆန်စသည်ဖြင့်)၊ ခေါက်ဆွဲထုပ်၊ စည်သွတ်ဘူး၊
    အရည်အသွေးမြင့်ထုပ်ပိုးထားသောစားစရာ၊ ဟင်းသီးဟင်းရွက်ဖျော်ရည်၊ အာဟာရဖြည့်စွက်စာများ (အလွယ်တကူ အာဟာရရယူနိုင်သောအစားအစာများ)၊ ချောကလက်စသည်ဖြင့်။

    *ရေနှင့် ရေနွေးထည့်ရုံဖြင့် စားနိုင်သောဆန်

災害に備える_2飲食物

နေထိုင်မှုဘဝအတွက် လိုအပ်သောအရာများ

  • နေ့စဉ်ဘဝအတွက်အသုံးပြုသောရေ - ပလပ်စတစ်ဘူးကြီးနှင့် ရေချိုးကန်ထဲတွင် ရေလှောင်ထားရန်

  • အရေးပေါ်အိမ်သာ၊ အိမ်သာသုံးစက္ကူ

  • ဂတ်စ်မီးဖို၊ ဂတ်စ်ဘူး

  • ဓာတ်မီး

  • အမြဲသောက်နေသောဆေး

  • လဲရန်အဝတ်၊ အတွင်းခံ

  • မိုဘိုင်းဖုန်းများအတွက်ဘက်ထရီ၊ ဓာတ်ခဲ

ရှိလျှင်အဆင်ပြေသောအရာများ

  • ပလပ်စတစ်အိတ်၊ အမှိုက်အိတ်

  • ပလပ်စတစ်ထုပ်ပိုးအလိပ်

  • တစ်ခါသုံးအနွေးထုတ်

  • မီးခြစ်

  • တစ်ရှူးစက္ကူ၊ တစ်ရှူးအစို

  • ရေဒီယို

စားစရာ၊ ဓာတ်ခဲ၊ ပလပ်စတစ်ထုပ်ပိုးအလိပ်၊ အမျိုးသမီးလစဉ်သုံး၊ ဒိုက်ဘာ၊ မျက်ကပ်မှန်၊ ဂတ်စ်မီးဖို စသည်ဖြင့်
အမြဲအသုံးပြုနေသည့် ပစ္စည်းများကို အနည်းငယ် များများပို၍ဝယ်ယူထားပြီး ကြာသောပစ္စည်းများမှ စသုံးကြရအောင်။

တိုကျိုမြို့တော် သဘာဝဘေးကြိုတင်ကာကွယ်ရေး ပင်မစာမျက်နှာ- ‘နေ့စဉ်စားစရာသိုလှောင်မှု’ ဆောင်ရွက်ကြပါစို့ လက်ကမ်းစာစောင် (အင်္ဂလိပ်ဗားရှင်း) (အင်္ဂလိပ်ဗားရှင်း PDF)

တိုကျိုစားစရာသိုလှောင်မှုလမ်းညွှန်(ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ)

ခိုလှုံရာနေရာသို့ ယူဆောင်သွားရမည့်အရာ

သဘာဝဘေးအန္တရာယ်ကြောင့် အိမ်မှာ မနေနိုင်သည့်အခါ ခိုလှုံရာနေရာသို့ သွားပါမည်။
ယူသွားမည့်ပစ္စည်းများကို သဘာဝဘေးအန္တရာယ်သုံးကျောပိုးအိတ်ထဲတွင် ထားကာ အချိန်မရွေး ယူဆောင်သွားနိုင်အောင် လုပ်ထားရအောင်။ အသေးစိတ်ကို နောက်စာမျက်နှာတွင် ကြည့်ပါ။

ခိုလှုံရာနေရာအကြောင်းဘာသာစကား (၈)မျိုး

အိမ်အတွင်းပြင်ဆင်ထားခြင်း

ငလျင်လှုပ်နေစဉ်အတွင်း ပရိဘောဂများ ပြိုလဲနိုင်ခြင်း၊အရာဝတ္ထုများ ပြုတ်ကျနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်နိုင်ပါသည်။
အိမ်ထဲတွင်လည်း သဘာဝဘေးအန္တရာယ်များအတွက် ပြင်ဆင်ထားကြရအောင်။

ပရိဘောဂ

အောက်ပါအချိန်မျိုးတွင် ပရိဘောဂများကို ပြောင်းထားပါ။

  • ပရိဘောဂသည် ကုတင်ပေါ်သို့ ပြုတ်ကျနိုင်သော နေရာတွင် ရှိပါသည်။

  • ပရိဘောဂများ ပြုတ်ကျပါက တံခါးများ မပွင့်နိုင်ခြင်း၊ စင်္ကြံများ သွားလာ၍ မရတော့ခြင်း ဖြစ်တတ်ပါသည်။

災害に備える_3家具の配置

ကြီးမားသောပရိဘောဂများကို မရွေ့အောင်လုပ်ပါမည်။

  1. သတ္တုများဖြင့် ချည်နှောင်ခြင်း

  2. တင်းကြပ်တံဖြင့် ကျပ်ထားခြင်း

  3. ကော်စာရွက်အပေါ်တွင်ထားခြင်း

  4. သံကြိုးဖြင့် ချည်ခြင်း

災害に備える_4家具の固定

စင်

  • ပေါ့သောပစ္စည်းများအပေါ်တွင်၊ လေးသောပစ္စည်းများကိုအောက်တွင် ထားပါမည်။ ငလျင်လှုပ်ခတ်သောအခါ အတွင်းထဲရှိပစ္စည်းများလှုပ်ခတ်မှု နည်းသွားပါမည်။

災害に備える_5棚の中

ပြတင်းပေါက်မှန်

  • ပြတင်းပေါက်သီးသန့်သုံးဖလင်ကို ကပ်ပါမည်။ မှန်ကွဲသွားသည့်အခါ ကွဲစများပြန့်ကျဲမသွားတော့ပါ။

災害に備える_6窓ガラスフィルム

အိပ်ရန်နေရာ

  • အနီးတွင် သဘာဝဘေးအန္တရာယ်သုံးကျောပိုးအိတ်ကို ထားပါ။

  • အချိန်မရွေး ထွက်ပြေးနိုင်စေရန် ခြေညှပ်ဖိနပ်နှင့်ဖိနပ်များကို အနီးအနားတွင် ထားပါ။

災害に備える_7寝室

အသေးစိတ်ကို နောက်စာမျက်နှာတွင် ကြည့်ပါ။

တိုကျိုမြို့တော် သဘာဝဘေးကြိုတင်ကာကွယ်ရေး ပင်မစာမျက်နှာ အိမ်ရှိ ပရိဘောဂများ လဲကျခြင်း၊ ပြုတ်ကျခြင်းနှင့် ရွေ့ခြင်းမှ ကာကွယ်ရန် အစီအမံများ(ဂျပန်ဘာသာ)

NHK အခုချက်ချင်းလုပ်နိုင်ပြီ! အိမ်ထဲတွင် ငလျင်အစီအမံများ၏ ပုံမိတ်ဆက်ခြင်း(ဂျပန်ဘာသာ)

မိသားစုနှင့်အတူ ဆုံးဖြတ်ရန်ကိစ္စများ

သဘာဝဘေးအန္တရာယ် ကျရောက်ပါက တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားနိုင်ပါသည်။
ရထားများ ရပ်တန့်သွားနိုင်ခြင်း၊ လမ်းများ သွားလာ၍မရတော့ဘဲ လွတ်လွတ်လပ်လပ် မသွားလာနိုင်ခြင်းမျိုး ရှိပါသည်။
သဘာဝဘေးအန္တရာယ်ကြုံပါက ခိုလှုံရန်နေရာနှင့် ဆက်သွယ်ရန်နည်းလမ်းများကို မိသားစုနှင့် ဆုံးဖြတ်ထားကြရအောင်။

ခိုလှုံမည့်နေရာ

ဘေးအန္တရာယ်ပြမြေပုံများကိုကြည့်ရှုပြီး မည်သည့်နေရာတွင် ခိုလှုံမည်ကို ဆုံးဖြတ်ပါမည်။
ဘေးအန္တရာယ်ပြမြေပုံများဖြစ်သည့် ရေဘေးအန္တရာယ်ပြမြေပုံများနှင့် ငလျင်အန္တရာယ်ပြမြေပုံများကဲ့သို့သော သဘာဝဘေးအန္တရာယ်ပေါ်မူတည်၍ ကွဲပြားပါသည်။
သဘာဝဘေးအန္တရာယ်ပေါ်မူတည်၍ မည်သည့်နေရာသို့ ထွက်ပြေးမည်ကို ဆုံးဖြတ်ကြရအောင်။
အသေးစိတ်ကို နောက်စာမျက်နှာတွင် ကြည့်ပါ။

ရေဘေး အန္တရာယ်ပြမြေပုံအကြောင်းဘာသာစကား (၈)မျိုး

ဆက်သွယ်ရန်နည်းလမ်း

သဘာဝဘေးအန္တရာယ်ဖြစ်သောအခါ ဘေးကင်းမကင်းနှင့် မည်သည့်နေရာတွင်ရှိနေသည် စသဖြင့်ကို မိသားစုထံဆက်သွယ်ရန်နည်းလမ်းကို ဆုံးဖြတ်ထားရအောင်။

  1. သဘာဝဘေးအန္တရာယ်သုံးမက်ဆေ့ချ် နံပါတ် (၁၇၁) -

    သဘာဝဘေးအန္တရာယ်ဖြစ်သည့်အခါတွင် အသုံးပြုနိုင်သည့် ဖုန်းနံပါတ် ဖြစ်ပါသည်။
    171 ကိုခေါ်ဆိုပြီး ပြောချင်သောအကြောင်းအရာများကို အသံသွင်းပါမည်။
    မိမိဖုန်းနံပါတ်ကိုသိသည့် မိသားစုဝင်များက ထိုအသံသွင်းထားသည်ကို နားထောင်နိုင်ပါသည်။
    လစဉ် ၁ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် လေ့ကျင့်နိုင်ပါသည်။ အသေးစိတ်ကို အောက်ပါဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ။

    NTTEASTDisasterEmergencyMessageDial(171)(အင်္ဂလိပ်ဘာသာ)

  2. Web ရှိ သဘာဝဘေးအန္တရာယ်သုံးမက်ဆေ့ချ်ဘုတ် -

    သဘာဝဘေးအန္တရာယ်ဖြစ်သည့်အခါတွင် အသုံးပြုနိုင်သော Web ဆိုက် ဖြစ်ပါသည်။
    Web ဆိုက်တွင် ဖော်ပြလိုသော စာသားကို စာရင်းသွင်းပါမည်။
    မိမိဖုန်းနံပါတ်ကိုသိသည့် မိသားစုဝင်များက ထိုစာသားကို မြင်နိုင်ပါသည်။

    NTT အရှေ့ဂျပန်၊ အနောက်ဂျပန် သဘာဝဘေးအန္တရာယ်သုံးမက်ဆေ့ချ်ဘုတ် (web171)(ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုးရီးယားဘာသာ)

ကော်လံ - သဘာဝဘေးအန္တရာယ်လေ့ကျင့်ရေးသို့ ပါဝင်ကြရအောင်။

ဂျပန်နိုင်ငံတွင် နေထိုင်ရာမြို့၊ ကျောင်းနှင့် ကုမ္ပဏီတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ပါသည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလေ့ကျင့်မှုများတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များနှင့် ထွက်ပြေးနည်းများကို လေ့ကျင့်ပါမည်။
ထို့အပြင် ငလျင်လှုပ်သည့်ယာဉ် (ငလျင်လှုပ်ခြင်းကိုဖန်တီးနိုင်သော အထူးယာဉ်) တွင် ငလျင်လှုပ်နေစဉ်အတွင်း မည်မျှလှုပ်သည်ကို တွေ့ကြုံခံစားနိုင်ပြီး၊ မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် AED (နှလုံးရပ်သွားသူများကို ကူညီသည့်ကိရိယာ) အသုံးပြုပုံ၊ အရေးပေါ်အခြေအနေတွင် ဖုန်းခေါ်ဆိုပုံ စသည်တို့ကို လေ့လာပါသည်။
နေထိုင်သောမြို့နှင့် ကျောင်း၊ ကုမ္ပဏီတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလေ့ကျင့်မှုပြုလုပ်ပါက ပါဝင်ကြရအောင်။
ထို့အပြင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစင်တာတွင် အင်္ဂလိပ်ဘာသာဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို တွေ့ကြုံခံစားနိုင်ပါသည်။

တိုကျိုမြို့တော် မီးသတ်ဦးစီးဌာန မြို့သူမြို့သားသဘာဝဘေးအန္တရာယ်ပညာပေးစင်တာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးခန်းမ(ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ)

災害に備える_8地震体験