災害について知る
ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံအကြောင်း
ဘေးအန္တရာယ်ပြမြေပုံဆိုတာဘာလဲ။
ဘေးအန္တရာယ်ပြမြေပုံဆိုသည်မှာ တိုင်ဖွန်းမုန်တိုင်းကြီးများ၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ငလျင်လှုပ်ခတ်ခြင်း စသည်တို့ကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သည့်နေရာများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ခိုလှုံရမည့်နေရာကို ပြသထားသည့် မြေပုံတစ်ခုဖြစ်ပါသည်။
မြို့တိုင်းမှာ ရှိပါသည်။
သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပါက မိမိအိမ်ပတ်ဝန်းကျင်မည်သို့ဖြစ်မည်ကို နေထိုင်သောမြို့၏ဘေးအန္တရာယ်ပြမြေပုံဖြင့် ကြည့်ရှုစစ်ဆေးကြည့်ထားရအောင်။
[ဥပမာ- အရခဝမြစ်ဆိုလျှင်]
ဘေးအန္တရာယ်ပြမြေပုံအမျိုးအစား
ဘေးအန္တရာယ်ပြမြေပုံများဖြစ်သည့် ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံ၊ ရေဆိုးမြောင်းရေလျှံခြင်းဘေးအန္တရာယ်ပြမြေပုံ၊ ဒီရေလှိုင်းမြင့်မားမှုဘေးအန္တရာယ်ပြမြေပုံနှင့် မြေပြိုမှုသဘာဝဘေးအန္တရာယ်ပြမြေပုံ စသဖြင့် သဘာဝဘေးအန္တရာယ်အလိုက် ကွဲပြားပါသည်။
-
ရေလွှမ်းမိုးခြင်း
မြစ်ရေလျှံပြီး မြို့အတွင်းသို့ ရေဝင်ရောက်လာခြင်း ဖြစ်ပါသည်။
-
ရေဆိုးမြောင်းရေလျှံခြင်း
မိုးရေများ မြစ်အတွင်း စီးဝင်နိုင်ခြင်းမရှိဘဲ လမ်းပေါ်တွင် လျှံလာခြင်း ဖြစ်ပါသည်။ တူညီသောနေရာတစ်ခုတည်းတွင် မိုးများစွာ ရွာသွန်းသည့်အခါ ဖြစ်ပေါ်ခြင်းမျိုး များပါသည်။
-
ဒီရေလှိုင်းမြင့်မားမှု
ပင်လယ်ရေများ မြို့အတွင်းထိ ရောက်လာခြင်း ဖြစ်ပါသည်။ ပင်လယ်ရေအမြင့် မြင့်မားလာသောအခါ လေပြင်းပြင်းထန်ထန်တိုက်ခတ်ပြီး လှိုင်းကြီးလာခြင်းက အကြောင်းအရင်းဖြစ်ပါသည်။ မုန်တိုင်းနှင့် လေဖိအားလျော့နည်းသည့်အခါ များစွာ ဖြစ်ပေါ်တတ်ပါသည်။ ပင်လယ်နှင့်မနီးသော်လည်း လှိုင်းက မြစ်ထဲ တက်လာခြင်းမျိုး ရှိပါသည်။
-
မြေပြိုမှုသဘာဝဘေးအန္တရာယ်- မိုးကြောင့် တောင်များနှင့် ကမ်းပါးများပြိုကျခြင်း ဖြစ်ပါသည်။
ရေဘေးအန္တရာယ်ပြမြေပုံတစ်ခုတွင် ရေလာမည့်နေရာ၊ ရေလာမည့်အမြင့်၊ ရေကျန်မည့်အချိန်ကို သိနိုင်ပါသည်။ အခြားအရာများအနေနှင့်လည်း ငလျင်၊ ဆူနာမီ စသည့် ဘေးအန္တရာယ်ပြမြေပုံများ ရှိပါသည်။
ဘေးအန္တရာယ်ပြမြေပုံကိုဘယ်လိုရယူမလဲ။
မြို့နယ်ရုံးတွင် ရယူနိုင်ပါသည်။ မြို့နယ်၏ ပင်မစာမျက်နှာတွင်လည်း ကြည့်ရှုနိုင်ပါသည်။
ဘေးအန္တရာယ်ပြမြေပုံကို ဘာသာစကားအမျိုးမျိုးဖြင့် ပြုလုပ်ထားသော မြို့များလည်း ရှိပါသည်။အောက်ပါ စာမျက်နှာတွင် တိုကျိုမြို့တွင်ရှိသော မြို့များအတွက် ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံ URL များကို စုစည်းထားပါသည်။
မိမိနေထိုင်သည့်မြို့ကို ရွေးချယ်သောအခါ ဘေးအန္တရာယ်ပြမြေပုံစာမျက်နှာပွင့်လာပါမည်။တိုကျိုမြို့တော် ဆောက်လုပ်ရေးဌာန(ဂျပန်ဘာသာ)
အောက်ပါဆိုက်များတွင် အမျိုးမျိုးသော ဘေးအန္တရာယ်ပြမြေပုံများကို ရှာဖွေနိုင်ပါသည်။
-
ရှာဖွေလိုသောမြို့ကို ရွေးပါမည်
➀ [မြို့ရွေးရန်] ၏ [စီရင်စု] တွင် [တိုကျိုမြို့] ကို ရွေးပါ
② [မြို့၊ မြို့နယ်၊ မြို့ငယ်၊ ကျေးရွာ] တွင် ရှာဖွေလိုသောမြို့ငယ်ကို ရွေးပါ
③ [ရှာဖွေရန်ခလုတ်] ကို နှိပ်ပါ
-
မြင်လိုသော ဘေးအန္တရာယ်ပြမြေပုံအတွက် [လင့်ခ်ကိုဖွင့်ရန်] ကိုနှိပ်ပါ။
-
ဘေးအန္တရာယ်ပြမြေပုံလင့်ခ်ရှိသော စာမျက်နှာ ပွင့်လာမှာဖြစ်သည့်အတွက် ဖိုင်ကို ဖွင့်ပါ။
[ဥပမာ- ချူးအိုးရပ်ကွက် ပင်မစာမျက်နှာ]
ဘေးအန္တရာယ်ဖြစ်လျှင် အိမ်အနီးတွင် ဘယ်လိုဖြစ်မည်ကို သိရှိရန် ဘေးအန္တရာယ်ပြမြေပုံတွင် ကြည့်ထားကြရအောင်။ အထူးသဖြင့် တိုကျိုတွင် မြစ်များစွာရှိပါသည်။
ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံကိုကြည့်၍ တိုင်ဖွန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းသည့်အခါအတွက် ခိုလှုံရန်အစီအစဉ်ကို ဆွဲကြရအောင်။
ခိုလှုံရန်အစီအစဉ်ကို ဆွဲရန်အတွက်"My Timeline" က အဆင်ပြေပါသည်။Council of Local Authorities for International Relations (CLAIR) မှ “My Timeline”(ဂျပန်ဘာသာ)
ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံဖတ်နည်း
ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံကို မြစ်အလိုက် ပြုလုပ်ထားခြင်းမျိုး ရှိပါသည်။
ရေလွှမ်းမိုးမှုအတိမ်အနက် (မြစ်ရေတက်လာသည့် အမြင့်) အတွက် ဘေးအန္တရာယ်ပြမြေပုံများနှင့် ရေလွှမ်းမိုးခြင်းဆက်လက်ဖြစ်ပေါ်မှုကြာချိန် (မြစ်ရေကျန်နေချိန်) အတွက် ဘေးအန္တရာယ်ပြမြေပုံ ကွဲပြားနိုင်ပါသည်။ နေထိုင်သောမြို့၏ဘေးအန္တရာယ်ပြမြေပုံအားလုံးကို ကြည့်ရှုပြီး အောက်ပါတို့ကို ရှာဖွေကြည့်ရအောင်။-
နေထိုင်ရာနေရာ၏ရေလွှမ်းမိုးမှုအတိမ်အနက် (မြစ်ရေတက်လာသည့် အမြင့်)
အမြင့်ပေါ်မူတည်ပြီး ရေဘယ်လောက်အထိ ရောက်နိုင်သည်ကို အောက်ပါပုံမှာကြည့်ပါ။
-
နေထိုင်ရာနေရာ၏ ရေလွှမ်းမိုးခြင်းဆက်လက်ဖြစ်ပေါ်မှုကြာချိန် (မြစ်ရေကျန်နေချိန်)
-
နေထိုင်ရာနေရာက ‘အိမ်ပြိုကျမှုကြောင့် ရေကြီးနစ်မြုပ်ဖွယ်ရှိသော နေရာ’
(မြစ်ရေလျှံလျှင် အိမ်ပျက်စီးနိုင်သောနေရာ) ဟုတ်မဟုတ်။
➀ ~ ③ ကို သိပြီးသည်နှင့် မည်သည့်အချိန်တွင်၊ မည်သည့်နေရာ၊ မည်သို့ထွက်ပြေးလျှင်လွတ်မြောက်မည်ကို ဆုံးဖြတ်ကြရအောင်။
-
နေထိုင်ရာနေရာ၏ရေလွှမ်းမိုးမှုအတိမ်အနက် (မြစ်ရေတက်လာသည့် အမြင့်)
ထွက်ပြေးရန်ရန်နေရာ
ရေအမြင့် (①) ပေါ် မူတည်ပြီး ဘယ်ကို ထွက်ပြေးရမလဲ စဉ်းစားပါ။
-
အိမ်အပေါ်ထပ်သို့ ထွက်ပြေးခြင်း
-
အဆောက်အဦး၏ အပေါ်ထပ်သို့ ထွက်ပြေးခြင်း
-
အိမ်အပြင်ဘက် လုံခြုံသောနေရာသို့ ထွက်ပြေးခြင်း
③ ၏အဖြေမှာ "ဟုတ်" ဖြစ်ပါက အိမ်အပြင်ဘက် လုံခြုံသောနေရာသို့ ပြေးကြရအောင်။
ထွက်ပြေးရန်နေရာတချို့ကို စဉ်းစားကြည့်ရအောင်။
- ခိုလှုံရာနေရာများစသည့် လုံခြုံသောနေရာများ
- မြစ်ရေမလာသည့် အနီးနားရှိ လုံခြုံပြီး ခိုင်ခံ့သော အဆောက်အဦများ
- မြစ်ရေမလာသည့် မိသားစုနှင့် သူငယ်ချင်းအိမ်များ
ထွက်ပြေးရန်နည်းလမ်းများ
ဘယ်ကိုထွက်ပြေးရမယ်ဆိုတာ ဆုံးဖြတ်ပြီးသည်နှင့် ထွက်ပြေးဖို့ လမ်းကြောင်းနှင့် နည်းလမ်း (လမ်းလျှောက်၊ ရထား၊ ကားစသဖြင့်)၊ ထွက်ပြေးရန်လိုအပ်သည့်အချိန်ကို စဉ်းစားကြရအောင်။
လုံခြုံသောလမ်းကိုရွေးချယ်ရန်။
ပြင်ဆင်ရန်များ
ရေလွှမ်းမိုးမှုကြောင့် အိမ်ပြင်မထွက်ရသည့်အခါ လိုအပ်သောအရာများနှင့် ထွက်ပြေးသည့်အခါ ယူသွားရမည့်အရာများကို အခုမှစ၍ ပြင်ဆင်ကြရအောင်။
ရေမည်မျှကျန်နေမည် (②) ဖြင့် ဘယ်လောက်လိုအပ်သည်ကို စဉ်းစားပါမည်။
-
တိုင်ဖွန်းမုန်တိုင်းကြီးနှင့် မိုးသည်းထန်စွာရွာသွန်းသောအခါ
တိုင်ဖွန်းမုန်တိုင်းကြီးနှင့် မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုဖြစ်နိုင်ခြေရှိလျှင်၊ ယခုတစ်ခေါက်ပြုလုပ်ထားသော ခိုလှုံရေးအစီအစဉ်ကို အသုံးချကြရအောင်။
ဂျပန်မိုးလေဝသဌာနနှင့် လက်ရှိနေထိုင်နေသောမြို့မှ ထုတ်ပြန်သည့် "သတိပြုရန်အဆင့်" ကို စစ်ဆေးရင်း မည်သည့်အချိန်တွင် မည်သည့်နေရာသို့ ခိုလှုံရမည်ကို ဆုံးဖြတ်ကြရအောင်။သတိပြုရန်အဆင့်များအတွက် နောက်စာမျက်နှာကို ကြည့်ပါ။ဘာသာစကား (၈)မျိုး