災害について知る
ခိုလှုံရာနေရာအကြောင်း
ငလျင်ကြီးလှုပ်သည့်အခါ အဆောက်အဦတွေ ပြိုကျတာ ဒါမှမဟုတ် မီးလောင်တာမျိုး ဖြစ်ပါသည်။
ထို့အပြင် တိုင်ဖွန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များ ရေထဲနစ်မြုပ်သွားခြင်းမျိုး၊ ရေနှင့်မျောပါသွားခြင်းမျိုးလည်း ရှိပါသည်။
သဘာဝဘေးအန္တရာယ်ဖြစ်လျှင် သို့မဟုတ် သဘာဝဘေးအန္တရာယ်ကျရောက်တော့မည်ဆိုပါက ရှောင်တိမ်းခြင်းကို `ခိုလှုံခြင်း´ ဟု ခေါ်ပါသည်။
ခိုလှုံရာနေရာများမှာ အောက်ပါနေရာများ ရှိပါသည်။
-
ခိုလှုံရေးစခန်း
ငလျင်ကြီးလှုပ်ပြီးလျှင် ရှောင်တိမ်းရမယ့်နေရာဖြစ်ပါသည်။
ခိုလှုံရေးစခန်းများမှာ အောက်မှာ ပုံတစ်ပုံရှိပါသည်။
ခိုလှုံရေးစခန်းက ပန်းခြံအကြီးကြီးတွေ ဖြစ်ခြင်းများပါသည်။ စားစရာနှင့်ရေ မရှိခြင်းမျိုး ရှိတတ်ပါသည်။
-
ခိုလှုံရာနေရာ
သဘာဝဘေးအန္တရာယ်ကြောင့် အိမ်မှာ မနေနိုင်သည့်အခါ နေထိုင်သည့်နေရာဖြစ်ပါသည်။
ခိုလှုံရာနေရာ ဖြစ်မည့်နေရာကို ကြိုတင်သတ်မှတ်ထားပါသည်။
သဘာဝဘေးအန္တရာယ် ကျရောက်ပါက စာသင်ကျောင်းများနှင့် မြို့၏အဆောက်အအုံများကို ယခုမှစပြီး ခိုလှုံရာနေရာများအဖြစ် အသုံးပြုနိုင်ကြောင်း အသိပေးပါသည်။
ခိုလှုံရာနေရာများမှာ အောက်မှာ ပုံတစ်ပုံရှိပါသည်။
ခိုလှုံရာနေရာများတွင် အိပ်ရန်နေရာ၊ အစားအသောက်နှင့် ရေများ ရှိပါသည်။
အိမ်မှာ နေလို့ရသည့်အချိန်အထိ အားလုံးနဲ့အတူတူ နေထိုင်ကြပါမည်။
ခိုလှုံမှုပုံစံ
-
ငလျင်လှုပ်ခတ်လျှင်
ငလျင်ကြီး လှုပ်ခတ်ပြီးလျှင် ဦးစွာ ခိုလှုံရေးစခန်းသို့ ပြေးရပါမည်။
မီးဘေးအန္တရာယ်စသည့် အခြားအန္တရာယ်မရှိကြောင်း သိပြီးသည်နှင့် အိမ်လုံခြုံမှုရှိမရှိ စစ်ဆေးပါမည်။
အိမ်ပျက်စီးသွားခြင်းမျိုး၊ လျှပ်စစ်ဓာတ်အား၊ ဂတ်စ်၊ ရေပေးဝေမှု ပြတ်တောက်ပြီး အိမ်တွင် မနေထိုင်နိုင်ပါက ခိုလှုံရာနေရာသို့ သွားရပါမည်။ -
တိုင်ဖွန်းမုန်တိုင်းကြီးနှင့်မိုးသည်းထန်စွာရွာသွန်းသောအခါ
တိုင်ဖွန်းမုန်တိုင်းကြီးနှင့် မိုးသည်းထန်စွာ ရွာသွန်းသည့်အချိန်တွင်လည်း ခိုလှုံရာနေရာ ရရှိနိုင်ခြင်းမျိုး ရှိပါသည်။
အန္တရာယ် နီးကပ်လာသောအခါ လက်ရှိနေထိုင်နေသော မြို့ထံမှ ‘သတိပြုရန်အဆင့်’ အသိပေးမှု ထွက်လာပါမည်။
အသိပေးမှု ထုတ်ပြန်သည့်အခါ သတိပြုရန်အဆင့်နှင့် ကိုက်ညီသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ကြရအောင်။
လက်ရှိတည်နေရာသည် မလုံခြုံပါက ခိုလှုံရာနေရာသို့သွားရန် စဉ်းစားပါ။
သတိပြုရန်အဆင့်တွင် လုပ်ဆောင်ရန်အတွက် အောက်ပါ ဝက်ဘ်ဆိုက်ကို ကြည့်ပါ။
သတိပြုရန်အဆင့်များအကြောင်းဘာသာစကား (၈)မျိုး
ခိုလှုံရာနေရာရှိနေထိုင်မှုဘဝ
ခိုလှုံရာနေရာရှိ နေထိုင်မှုဘဝမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အစားအသောက် ရယူနိုင်ပါသည်။
- သတ်မှတ်ထားသောနေရာမှာ အိပ်ပါမည်။ အိပ်သည့်အခါ လိုအပ်သောအရာ (စောင်စသည်)များ ရှိပါသည်။
- ရေချိုးခန်းနှင့် အိမ်သာကို အားလုံးအတူတူသုံးကြပါသည်။
- ဆရာဝန်များ၊ သူနာပြုများ စသည်တို့ လာနိုင်ပါသည်။
- မြို့နယ်ရုံးမှ အသိပေးချက်များနှင့် ဖွင့်ထားသောဆိုင်များအကြောင်း အချက်အလက်အမျိုးမျိုးကို စုဆောင်းထားပါသည်။
- အားသွင်းနိုင်ခြင်းမျိုး၊ Wi-Fi အသုံးပြုနိုင်ခြင်းမျိုး ရှိပါသည်။
ခိုလှုံရာနေရာများတွင် ထမင်းထုတ်ပေးခြင်း (စားစရာများပူပူနွေးနွေးချက်ပြုတ်၍ ပေးဝေခြင်း) နှင့် ရေထောက်ပံ့ခြင်း (နေ့စဉ်ဘဝအတွက် လိုအပ်သော သောက်ရေနှင့် သုံးရေကို ပေးဝေခြင်း) များ လုပ်ဆောင်ခြင်းမျိုး ရှိပါသည်။
ခိုလှုံရာနေရာမှာ မနေထိုင်သော်လည်း စားစရာနှင့်ရေကို ရရှိနိုင်သော ကယ်ဆယ်ရေးစခန်းများလည်း ရှိပါသည်။
-
ခိုလှုံရာနေရာကို ရောက်သည့်အခါ လုပ်ဆောင်ရန်
ခိုလှုံရာနေရာသို့ ရောက်ရှိသည်နှင့် အောက်ပါတို့ကို လုပ်ဆောင်ရပါမည်။
- စုံစမ်းရန်ကောင်တာတွင် လိပ်စာ၊ အမည်နှင့် ဖုန်းနံပါတ်တို့ကို ပြောပြပါ။
- စီမံနေသည့်သူကို မိမိဘယ်မှာအိပ်ရမလဲဆိုတာ မေးပါ။
- မိသားစုများ ဘေးကင်းခြင်းရှိမရှိ စစ်ဆေးပါ။
- ခိုလှုံရာနေရာ၏ စည်းကမ်းများကို စစ်ဆေးပါ။
ခိုလှုံရာနေရာ၏စီမံမှုကို ကူညီပါ။ ခိုလှုံရာနေရာတွင် ခိုလှုံသူများလည်း အတူစီမံကြပါသည်။
-
ခိုလှုံရာနေရာတွင် သတိပြုရမည့်အချက်များ
ခိုလှုံရာနေရာတွင် လူများစွာနှင့် အတူ နေထိုင်ကြပါမည်။ စည်းကမ်းနှင့်အပြုအမူကို ထိန်းသိမ်းလိုက်နာကြရအောင်။
အထူးသဖြင့် အောက်ပါတို့ကို သတိထားကြရအောင်။- သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များကို ဂရုစိုက်ရန်။
- အိမ်သာများကဲ့သို့ လူအားလုံးအသုံးပြုသော နေရာများ သန့်ရှင်းအောင်ထားရန်။
- နေမကောင်းဖြစ်ခြင်းမှ ကာကွယ်ရန် ခန္ဓာကိုယ်ကို လှုပ်ရှားရန်။
- ပစ္စည်းနှင့်ငွေများကို ခိုးယူခံရခြင်းမှ ကာကွယ်ရန် မိမိပစ္စည်းကို ထိန်းသိမ်းစီမံရန်။
-
ခိုလှုံရာနေရာသို့ ယူဆောင်လာရမည့်အရာများ
ခိုလှုံရာနေရာများသို့ အစားအသောက်နှင့် လိုအပ်သောပစ္စည်းများ ရောက်ရှိရန် အချိန်ကြာတတ်ခြင်းမျိုး ရှိတတ်ပါသည်။
မိမိကိုယ်ပိုင်ပစ္စည်းများနှင့် ခဏတာနေနိုင်စေရန် အောက်ပါပစ္စည်းများကို ယူဆောင်လာကြရအောင်။- ပိုက်ဆံအိတ်
- မိုဘိုင်းလ်ဖုန်း
- အမြဲသောက်နေသောဆေး၊ ဆေးမှတ်စုစာအုပ်
- နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်ကတ်
- သဘာဝဘေးအန္တရာယ်သုံးကျောပိုးအိတ်
သဘာဝဘေးအန္တရာယ်သုံးကျောပိုးအိတ်ထဲတွင် ထည့်ထားရမည့်အရာများ (ဥပမာ)
- သောက်ရေ
- ချက်ချင်းစားနိုင်သောအရာများ (စည်သွပ်ဘူးစသည်ဖြင့်)
- ရှေးဦးသူနာပြုပစ္စည်းများ၊ အမျိုးသမီးလစဉ်သုံးများ
- ဦးထုပ်၊ လုပ်ငန်းခွင်သုံးလက်အိတ်
- ဓာတ်မီး၊ မိုဘိုင်းဖုန်းအားသွင်းကိရိယာ
- လဲရန်အဝတ်အစား
- မျက်နှာသုတ်ပဝါ၊ တစ်ရှူးအစို
- ပလပ်စတစ်အိတ်
- နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်ကတ် မိတ္တူ
အထုတ်အပိုး မလေးအောင် ပြုလုပ်ရပါမည်။
မိမိလိုအပ်သောအရာကိုထည့်ကြရအောင်။ -
ခိုလှုံရာနေရာကို မသွားမီ လုပ်ဆောင်ရန်များ
အောက်ပါတို့ကို လုပ်ဆောင်ပြီးမှ ခိုလှုံရာနေရာသို့ သွားကြရအောင်။
-
လျှပ်စစ်မီးဘရိတ်ကာကို ပိတ်ရန်။
-
ပင်မဂတ်စ်ခလုတ်ကို ပိတ်ရန်။
-
-
နီးစပ်ရာခိုလှုံရာနေရာရှာဖွေနည်း
‘ခိုလှုံရေးစခန်း’ နှင့် ‘ခိုလှုံရာနေရာ’ များကို နေထိုင်သည့်မြို့ ၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံတွင် စစ်ဆေးကြရအောင်။
အောက်ပါ ဝက်ဘ်ဆိုက်တွင်လည်း ကြည့်ရှုနိုင်ပါသည်။
တိုကျိုသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပု(စက်ဖြင့်ဘာသာပြန်ဆိုမှုရှိပါသည် [ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ကိုရီးယာဘာသာ၊ တရုတ်ဘာသာ])
ကော်လံ 1- သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်အိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာ
ငလျင်ကြီးလှုပ်သည့်အခါ ရထားများ ရပ်သွားနိုင်ပါသည်။
လမ်းလျှောက်ပြီး အိမ်ပြန်ရမည့်အခါ ‘သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်အိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာ’များတွင် ရေရယူနိုင်ခြင်း၊ အိမ်သာအသုံးပြုနိုင်ခြင်းမျိုး ရှိပါသည်။
‘သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်အိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာ’ တွင် အောက်မှာ ပုံတစ်ပုံရှိပါသည်။
၂၄နာရီာစတိုးဆိုင်များ၊ ဓာတ်ဆီဆိုင်များနှင့် မိသားစုစားသောက်ဆိုင်များ များစွာရှိပါသည်။
ကော်လံ 2- နေအိမ်တွင်ခိုလှုံခြင်း
သဘာဝဘေးအန္တရာယ် ဖြစ်သော်လည်း ခိုလှုံရာနေရာသို့ မသွားဘဲ အိမ်တွင်နေထိုင်ခြင်းကို ‘နေအိမ်တွင်ခိုလှုံခြင်း’ ဟု ခေါ်ပါသည်။
ခိုလှုံရာနေရာတွင် လူများစွာဖြင့်နေထိုင်ခြင်းဖြစ်သည့်အတွက်ကြောင့် စိတ်ဖိစီးစေနိုင်ပါတယ်။
လုံခြုံစိတ်ချရလျှင် အိမ်တွင်ခိုလှုံနိုင်အောင် အစားအသောက်၊ ရေနှင့် အရေးပေါ်အိမ်သာစသည်ကို ပြင်ဆင်ထားကြရအောင်။