災害について知る
Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) အကြောင်း
Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) ဆိုတာဘာလဲ။
‘Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) ’သည် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေလွှမ်းမိုးခြင်းဖြစ်သည့်အခါ
မည်သည့်နေရာတွင် မည်မျှ အန္တရာယ်ရှိနေသည်ကို မြေပုံဖြင့်ကြည့်နိုင်သောဝက်ဘ်ဆိုက်ဖြစ်ပါသည်။
မိုးလေဝသဌာန၏ပင်မစာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) ကိုကြည့်သောအခါ
- တီဗွီနှင့် သတင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းအကြောင်း သတိပေးချက်နှင့် အသိပေးချက် (*) ပေါ်လာသည့်အခါ
- မိုးသည်းထန်စွာရွာလာသောအခါ
- *သတိပေးချက်၊ အသိပေးချက်
သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်အခါ သတိထားရန် အသိပေးချက်။ မိုးလေဝသဌာနမှ ထုတ်ပြန်ပါသည်။
သတိပေးချက်ထက် အသိပေးချက်များက အန္တရာယ်ပိုကြီးပါသည်။
Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) ကြည့်ရှုနည်း
-
ဂျပန်မိုးလေဝသဌာန ပင်မစာမျက်နှာကို ဖွင့်ပါ
ဂျပန်မိုးလေဝသဌာန ပင်မစာမျက်နှာ(14 ဘာသာစကား)
-
အောက်ပါအချက်များထဲမှ တစ်ခုကိုဖွင့်ပါ
- အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း - မြေပြိုမှု ဘေးအန္တရာယ် (တောင်များနှင့် ချောက်ကမ်းပါးများမှ ကျောက်ခဲများနှင့် သဲများ ကျလာခြင်း)
- အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း - ရေဘေးအန္တရာယ် (အိမ်ထဲသို့ ရေများဝင်လာခြင်း)
- အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း - ရေလွှမ်းမိုးမှု (မြစ်ရေလျှံခြင်း)
-
‘လက်ရှိတည်နေရာကိုဖော်ပြခြင်း’ ခလုတ်ကိုနှိပ်၍ ယခုရှိသောနေရာမြေပုံကို ထုတ်ပါ။
-
``မြေပြိုခြင်း´၊ `ရေဘေးအန္တရာယ်´ နှင့် ‘ရေလွှမ်းမိုးခြင်း’ ခလုတ်များကို နှိပ်ပါ။
-
လက်ရှိရောက်နေသောနေရာသည် အန္တရာယ်ရှိမရှိ စစ်ဆေးပါ။
က်ရှိတည်နေရာသည် အန္တရာယ်ရှိမရှိ မြေပုံ၏အရောင်ဖြင့် သိနိုင်ပါသည်။ -
လက်ရှိတည်နေရာက အန္တရာယ်ရှိလျှင် ချက်ချင်း ဘေးလွတ်ရာကို ခိုလှုံပါ။
မြေပုံသည် အနက်ရောင်ဖြစ်နေပါက၊ အပေါ်ထပ်သို့သွားခြင်း၊ ပြတင်းပေါက်မှဝေးသောနေရာတွင်ရှိနေပါ။
Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) ကိုကြည့်သောအခါ အရေးကြီးသောအချက်များ
အနက်သည် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေပါသည်။ ယခုရှိနေသောနေရာအန္တရာယ်ရှိလျှင် ခရမ်းအထိ သေချာပေါက် ပြေးကြရအောင်။
မြေပုံသည် ၁၀မိနစ်လျှင် တစ်ကြိမ် သတင်းအချက်အလက်အသစ်များ ဖော်ပြပါသည်။ မိုးသည်းထန်စွာရွာသွန်းသည့်အခါနှင့် မိုးသည်းထန်စွာရွာသွန်းပြီးနောက် အကြိမ်ပေါင်းများစွာ စစ်ဆေးကြရအောင်။
မြစ်၏အထက်ပိုင်းတွင်အန္တရာယ်များနေလျှင် နောက်ပိုင်းတွင် မြစ်အောက်ပိုင်းတွင် အန္တရာယ်ဖြစ်လာနိုင်ပါသည်။
မြစ်တစ်ခုအနီးတွင်ရှိနေသောအခါ Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) ကို အသုံးပြု၍ မြစ်အထက်ဧရိယာကိုလည်း စစ်ဆေးကြရအောင်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တိုင်ဖွန်းမုန်တိုင်းဖြစ်သည့်အခါမြစ်အခြေအနေကို သွားကြည့်ရန်မသင့်ပါ။ အလွန်အန္တရာယ်များပါသည်။
မြေပုံ၏အရောင် မည်သို့ပင်ရှိစေကာမူ၊ လက်ရှိနေထိုင်နေသောမြို့မှ သတိပြုရန်အဆင့်အသိပေးချက်ကို
လက်ခံရရှိပါက သတိပြုရန်အဆင့်နှင့်ကိုက်ညီသောလုပ်ဆောင်ချက်ကိုလုပ်ဆောင်ပါ။သတိပြုရန်အဆင့်တွင် လုပ်ဆောင်ရမည့် လုပ်ဆောင်မှုအကြောင်းကို နောက်စာမျက်နှာတွင် ကြည့်ပါ။
မိုးရွာစေသော တိမ်များ ရွေ့လျားမှု
Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) မှ ယခုမှစ၍ မိုးရွာစေသော တိမ်များ မည်သို့ရွေ့လျားမည်ကို စစ်ဆေးနိုင်ပါသည်။
မည်သည့်နေရာတွင် မည်မျှမိုးရွာမည်ကို ၁၅ နာရီအထိ ကြိုတင်ကြည့်ရှုနိုင်သည်။
လက်ရှိနေရာ၏ ယခုမှစဖြစ်ပေါ်မည့်အခြေအနေကို စစ်ဆေးကြည့်ရအောင်။
-
စစ်ဆေးနည်း (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့်သာ)
စခရင်၏ထိပ်ရှိ "Kikikuru (အန္တရာယ်ရှိမှုပျံ့နှံ့စေခြင်း) " ကိုနှိပ်ပါ။
“နောက်ပိုင်းရွာမည့်မိုး” ကိုနှိပ်ပါ။
▶ အမှတ်အသားကို နှိပ်ပါ။
မိုးရွာစေသော တိမ်များသည် မြေပုံပေါ်တွင် ရွေ့လျားနေသည်။
မိုးရေပမာဏကို တိမ်၏အရောင်ဖြင့် သိရှိနိုင်သည်။