2 ခိုလှုံခြင်း
-
-
ခိုလှုံရန်နေရာအနေနှင့် ခိုလှုံရေးစခန်းနှင့် ခိုလှုံရာနေရာစသဖြင့် ရှိပါသည်။
-
ခိုလှုံရေးစခန်း(hinan basho)
ငလျင်ကြီးဖြစ်ပေါ်ပြီးနောက် ထွက်ပြေးရန်နေရာ ဖြစ်ပါသည်။
ခိုလှုံရေးစခန်းသည် အောက်ပါပုံ ပါရှိ ပါသည်။
ခိုလှုံရေးစခန်းသည် ပန်းခြံကြီးများနှင့် မြေပြင်ကျယ်စသည်တို့ များပါသည်။
စားစရာနှင့် ရေများ မရှိခြင်းမျိုး ရှိပါသည်။ တည်းခို၍ မရပါ။
-
ခိုလှုံရာနေရာ(hinanjo)
ဘေးအန္တရာယ်ကြောင့် အိမ်တွင်နေထိုင်၍မရသည့်အခါ နေထိုင်သောနေရာဖြစ်ပါသည်။
ခိုလှုံရာနေရာ ထားရှိသည့်နေရာတွင် အောက်ပါပုံ ပါရှိ ပါသည်။ တည်းခိုနိုင်ပါသည်။
ခိုလှုံရာနေရာတွင် စားစရာ၊ သောက်စရာ၊ အိပ်ယာခင်း၊ နေ့စဉ်သုံးပစ္စည်းများ ရယူနိုင်ပါသည်။
ခိုလှုံရာနေရာထားရှိမည့်နေရာကို ကြိုတင်သတ်မှတ် ထားပါသည်။
ဘေးအန္တရာယ်ဖြစ်ပေါ်သည့်အခါ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးမှ ကျောင်းနှင့် မြို့ထဲရှိ အဆောက်အအုံ များကို ယခုမှစ၍ ခိုလှုံရာနေရာထားရှိပါမည်ဟု အကြောင်းကြားပါသည်။
-
-
ငလျင်ကြီးဖြစ်ပေါ်ပြီးနောက် ဆူနာမီ (tsunami) လာခြင်းမျိုး ရှိပါသည်။
ပင်လယ်အနီးတွင်ရှိနေလျှင် ချက်ချင်း ပင်လယ်မှ ခွာ၍ မြင့်သောနေရာ၊ လုံခြုံသောနေရာသို့ ထွက်ပြေးပါ။
ဆူနာမီခိုလှုံရေးစခန်းနှင့် ဆူနာမီခိုလှုံရေးအဆောက်အအုံ ရှိသည့်အခါ ထိုနေရာသို့ ထွက်ပြေးပါ။
ဆူနာမီခိုလှုံရေးစခန်းနှင့် ဆူနာမီခိုလှုံရေးအဆောက်အအုံတွင် အောက်ပါပုံ ပါရှိပါသည်။
ဆူနာမီသည် နောက်ကျ၍ ရောက်လာခြင်းမျိုး ရှိပါသည်။ တီဗွီနှင့် ရေဒီယို ကျေးရွာ၊ မြို့နယ်၊ ရပ်ကွက်ရုံးမှ ထုတ် လွှင့်မှုများကို စစ်ဆေးပါ။
ဆူနာမီသည် မြစ်ရေကိုလျှံတက်၍ ရောက်လာခြင်းမျိုး လည်း ရှိပါသည်။
ဆူနာမီအန္တရာယ်ရှိသည်ဟု ကြားသိရလျှင် မြစ်၏အဝေး သို့ ထွက်ပြေးပါ။
☞ ဝေါဟာရစုစည်းမှု -ဆူနာမီ
-
-
ယခုရှိနေသောနေရာသည် အန္တရာယ်ရှိသောအခါနှင့် ကြီးမားသောမုန်တိုင်း လာနိုင်ခြေရှိသောအခါတွင် ရထားများ မရပ်တန့်မီ လုံခြုံသောနေရာတွင်ရှိသော မိသားစုနှင့် သူငယ်ချင်းများသို့ သွားရောက်ခြင်း၊ လျင်မြန်စွာခိုလှုံခြင်းတို့ ပြုလုပ်ရန် အရေးကြီးပါသည်။ မိုးသည်းထန်ခြင်းနှင့် မုန်တိုင်းများ မဖြစ်ပေါ်မီ ယခုရှိနေသော ကျေးရွာ၊ ရပ်ကွက် နှင့် မြို့နယ်ရုံးများတွင် ခိုလှုံရာနေရာ (hinanjo) ထားရှိခြင်းမျိုး ရှိပါသည်။
ဘေးအန္တရာယ်ပြမြေပုံကို ကြည့်၍ မည်သည့်နေရာတွင် ခိုလှုံရန်သင့်တော်မည်ကို ဆုံးဖြတ်ထားရအောင်။
မြစ်အနီးအနားစသဖြင့် မိုးသည်းထန်သည့်အခါ အသုံးမပြုနိုင်သောခိုလှုံရာနေရာများရှိပါသည်။ သတိပြုပါ။ခိုလှုံရာနေရာအကြောင်းကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■ခိုလှုံရာနေရာအကြောင်း(TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/shelter.html(ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/shelter.html (မြန်မာဘာသာ)
ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံကြည့်ရှုနည်းနှင့် ခိုလှုံရာနေရာအကြောင်း အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■ရေလွှမ်းမိုးမှုဘေးအန္တရာယ်ပြမြေပုံအကြောင်း(TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/hazard_maps.html(ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/shelter.html(မြန်မာဘာသာ)
-
-
ယခုရှိနေသော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်၏ ဝက်ဘ် ဆိုက်ကို ကြည့်ပါ။
“○○ (ယခုရှိနေသော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ် အမည်) ခိုလှုံရာနေရာ (hinanjo)” ဖြင့် ရှာရပါမည်။
-
အောက်ပါ ဝက်ဘ်ဆိုက်တွင် ရှာဖွေပါ။
■တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြေပုံ (တိုကျိုမြို့တော်အထွေထွေရေးရာဌာန အထွေထွေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန)https://map.bosai.metro.tokyo.lg.jp/(စက်ဘာသာပြန်ပါရှိပါခြင်း (အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ))
နားမလည်လျှင် အနီးအနားရှိသူ သို့မဟုတ် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ မေးမြန်းပါ။
-
ခိုလှုံရာနေရာသို့ သယ်သွားရန်ပစ္စည်းများနှင့် ခိုလှုံရာနေရာသတ်မှတ်ချက်စည်းမျဉ်းများကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■ ခိုလှုံရာနေရာအကြောင်း (TIPS)https://tabunka.tokyo-tsunagari.or.jp/disaster/howto/shelter.html(ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/myanmar/disaster/howto/shelter.html(မြန်မာဘာသာ)
-
-
ခိုလှုံရာနေရာ(hinanjo) သည် အိမ်ပျက်စီးသွားခြင်း၊ မီးလောင်သွားခြင်း၊ မိမိအိမ်တွင် နေထိုင်၍မရတော့ခြင်း စသည့် ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါသည်။
ခရီးသွားဧည့်သည် (ကာလတိုနေထိုင်မှုဗီဇာသမား) သည် ယာယီနေထိုင်ရန်အဆောက်အဦး (ichiji taizai shisetsu)(ကျောင်း၊ မြို့နယ်ရုံးနှင့် ကြီးမားသောအဆောက်အဦးများစသဖြင့်) သို့ သွားပါ။ယာယီနေထိုင်ရန်အဆောက်အဦးတွင် စားစရာ၊ သောက်စရာ၊ အိပ်ယာခင်း၊ အိမ်သာ စသည်တို့ ရှိပါသည်။
■ တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြေပုံ (တိုကျိုမြို့တော်အထွေထွေရေးရာဌာန အထွေထွေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန)
ယာယီနေထိုင်ရန်အဆောက်အဦး၏နေရာကို တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံတွင် ကြည့်ပါ။ အင်တာနက်ကို အသုံးပြု၍မရလျှင်၊ အနီးအနားရှိသူကို မေးပါ။https://map.bosai.metro.tokyo.lg.jp/(စက်ဘာသာပြန်ပါရှိပါခြင်း (အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ))
-
-
မသန်စွမ်းသူများလည်း ခိုလှုံရာနေရာ(hinanjo) သို့ သွား၍ ရပါသည်။ ခိုလှုံရာနေရာသို့ သွားလျှင် စုံစမ်း ရန်ကောင်တာမှသူထံသို့ မိမိအခြေအနေနှင့် ကူညီစေချင်သောကိစ္စကို ပြောပြပါ။
-
သာမန်ခိုလှုံရာနေရာများထက် မသန်စွမ်းသူများအတွက် စဉ်းစား၍ပြုလုပ်ထားသောခိုလှုံရာနေရာကို “လူမှုဖူလုံရေးခိုလှုံရာနေရာ (fukushi hinanjo)” ဟု ခေါ်ပါသည်။
လူမှုဖူလုံရေးခိုလှုံရာနေရာသည် ဘေးအန္တရာယ်ဖြစ်ပေါ်ပြီးနောက် အနည်းငယ်ကြာပြီးနောက်မှ ဖြစ်လာ သည်က များပါသည်။ လူမှုဖူလုံရေးခိုလှုံရာနေရာကို မည်သည့်နေရာတွင် ပြုလုပ်မည်ကို ခိုလှုံရာနေရာ တာဝန်ခံပုဂ္ဂိုလ်ထံ သို့မဟုတ် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးသို့ မေးမြန်းပါ။☞ ဝေါဟာရစုစည်းမှု -လူမှုဖူလုံရေးခိုလှုံရာနေရာ
-
-
ခိုလှုံရာနေရာ(hinanjo)ကိုလိုက်၍ ကွဲပြားပါသည်။
ဘာသာရေးအရ ဂရုပြုရန်လိုအပ်သောကိစ္စများရှိသည့်အခါ (ဝတ်ပြုရန်နေရာ ရှိမရှိ၊ စား၍မရသောအရာများ ရှိခြင်း စသဖြင့်) နှင့် နေမကောင်းခြင်း စသည့် သီးခြားရောဂါလက္ခဏာရှိသည့်အခါ၊ စိတ်ပူစရာကိစ္စ ရှိသည့် အခါ၊ ခိုလှုံရာနေရာတာဝန်ခံထံ မေးမြန်းပါ။
-
ခိုလှုံသည့်အခါ ကားအသုံးမပြုဘဲ နေပါ။
လူအများကြီးမှ တပြိုင်နက် ကားအသုံးပြုလျှင် အရေးပေါ်ယာဉ် (လူနာတင်ယာဉ်၊ မီးသတ်ကား၊ ရဲကား) စသည် တို့ ဖြတ်သန်းသွားလာ၍ မရ ဖြစ်ပါမည်။
မုန်တိုင်းနှင့် မိုးသည်းထန်ခြင်းဖြစ်သည့်အခါ ကားသည် ရေထဲနစ်မြုပ်သွားခြင်းမျိုးလည်း ရှိပါသည်။ထို့ပြင် တိုကျိုမြို့တွင် ငလျင်ကြီး (ပြင်းအား 6 အပျော့ (shindo 6 jaku) အထက်) ဖြစ်ပွားပြီးနောက်၊ အဝိုင်းလမ်းမကြီး အမှတ်စဉ် 7 (kannana-dori) ၏အပြင်မှ အတွင်းသို့ ကားဖြင့် ဝင်ရောက်၍ မရတော့ပါ။ လမ်းမကြီးများသည် ဖြတ်သန်း၍ မရတော့ပါ။
-
ကားနောက်မီးကို ထွန်း၍ အရှိန်ကို ဖြည်းဖြည်းချင်းလျော့ကာ လှုပ်ရမ်းမှု ပြီးဆုံးရန် စောင့်ပါမည်။
လှုပ်ရမ်းမှု ပြီးသွားလျှင် စီးလာသောကားကို နေရာကျယ်တွင် ရပ်ခြင်း သို့မဟုတ် လမ်းမ၏ဘယ်ဘက်တွင် ရပ်ပါမည်။
အရေးပေါ်ယာဉ် (လူနာတင်ယာဉ်၊ မီးသတ်ကား၊ ရဲကား) များ ဖြတ်သန်းသွားလာသည့်အတွက် ကားကို ထား၍ တိမ်းရှောင်မည်ဆိုလျှင် ကားကို အချိန်မရွေး ရွေ့လျားနိုင်ရန် လုပ်ထားရပါမည်။
တံခါးကို လော့မချထားဘဲ၊ ဆက်သွယ်ရန်လိပ်စာရေးထားသောစာရွက်နှင့် သော့ကို ထားသွားရပါမည်။
အဖိုးတန်ပစ္စည်းနှင့် ယာဉ်စစ်ဆေးပြီးလက်မှတ်ကို ယူသွားရပါမည်။☞ ဝေါဟာရစုစည်းမှု -ယာဉ်စစ်ဆေးပြီးလက်မှတ်
-
-
ငလျင်ကြီးဖြစ်ပွားပြီးနောက် တိုကျိုမြို့တော်မှ မှတ်ပုံတင် ထားသူသည် သင့်အိမ် အန္တရာယ်ရှိမရှိကို ကြည့်ရန် လာပါ မည်။ ၄င်းကို “အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ချက် (oukyuu kikendo hantei)” ဟုခေါ်ပါသည်။
အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ခြင်း ပြုလုပ်လျှင် အိမ် တွင် အနီ၊ အဝါ၊ အစိမ်းရောင် စာရွက်ကို ကပ်ပါမည်။
အနီ - အန္တရာယ်ရှိသည့်အတွက် မဝင်ပါနှင့်။
အဝါ - အိမ်သို့ဝင်ရောက်သည့်အခါ သေချာ ဂရုစိုက်ပါ။
အစိမ်း - ဤအိမ်၏ထိခိုက်မှုသည် နည်းပါးပါသည်။ အိမ်သို့ ဝင်၍ ရပါသည်။
မိမိအိမ်အခြေအနေအပေါ် မူတည်၍ ခိုလှုံခြင်း လုပ်မည် မလုပ်မည်ကို စဉ်းစားပါ။☞ ဝေါဟာရစုစည်းမှု -အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ချက်
-
လျှပ်စစ်၊ ဂတ်စ်၊ ရေပိုက်ကို အသုံးပြု၍ မရသည့်အခါ၊ ထို့ပြင် ဘေးအန္တရာယ်ဖြစ်ပေါ်မည်လားဟု စိတ်ပူပန်သည့် အခါများတွင်လည်း ခိုလှုံရာနေရာ (hinanjo) တွင် နေထိုင် နိုင်ပါသည်။
-
သို့သော် ခိုလှုံရာနေရာသည် လူများစွာနှင့် နေထိုင်ရသည့် အတွက် စိတ်ဖိစီးမှု ဖြစ်ပါသည်။ ထို့ပြင် မိမိအိမ်တွင် နေထိုင် နေသော်လည်း ခိုလှုံရာနေရာတွင် စားစရာစသည်တို့ကို လက်ခံ၍ ရခြင်းမျိုး များပါသည်။
အိမ်သည် လုံခြုံမှု ရှိလျှင် မိမိအိမ်တွင်နေထိုင်ခြင်း၊ ခိုလှုံရာနေရာတွင် မဟုတ်ဘဲ ဆွေမျိုးများ၊ မိတ်ဆွေများ၏ အိမ်သို့ သွားခြင်း စသဖြင့် မိမိနှင့်မိမိ မိသားစုနှင့်ကိုက်ညီသော ခိုလှုံခြင်းကို စဉ်းစားပါ။
-
-
-
ငလျင်ကြီးဖြစ်ပွားပြီးနောက် အောက်ပါကိစ္စများကို သတိပြုပါ။
- နောက်ဆက်တွဲငလျင် (yoshin) ဖြစ်ပေါ်ခြင်းမျိုး ရှိပါသည်။ အိမ်သို့ရောက်လျှင် ဂရုစိုက်ပါ။
- ဆူနာမီ (tsunami) လာခြင်းမျိုး ရှိပါသည်။ အိမ်သည် ပင်လယ်နှင့်မြစ်ဘေးနီးလျှင် ဆူနာမီ မလာခြင်း ကို စစ်ဆေးပြီးမှ သွားပါ။
-
ငလျင်ကြီးဖြစ်ပွားပြီးနောက် တိုကျိုမြို့တော်မှ မှတ်ပုံတင် ထားသူသည် သင့်အိမ် အန္တရာယ်ရှိမရှိကို ကြည့်ရန် လာပါ မည်။ ၄င်းကို “အရေးပေါ်အန္တရာယ် အဆင့်ဆုံးဖြတ်ချက် (oukyuu kikendo hantei)” ဟုခေါ်ပါသည်။
အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ခြင်း ပြုလုပ်လျှင် အိမ် တွင် အနီ၊ အဝါ၊ အစိမ်းရောင် စာရွက်ကို ကပ်ပါမည်။အနီ - အန္တရာယ်ရှိသည့်အတွက် မဝင်ပါနှင့်။
အဝါ - အိမ်သို့ဝင်ရောက်သည့်အခါ သေချာ ဂရုစိုက်ပါ။
အစိမ်း - ဤအိမ်၏ထိခိုက်မှုသည် နည်းပါးပါသည်။ အိမ်သို့ ဝင်၍ ရပါသည်။☞ ဝေါဟာရစုစည်းမှု -နောက်ဆက်တွဲငလျင်၊ ဆူနာမီ၊ အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ချက်
-
မိုးကြီးလေကြီးနှင့်မုန်တိုင်းများဖြစ်ပေါ်ပြီးနောက် မြေပြိုခြင်းနှင့် ရေကြီးခြင်း အန္တရာယ်မရှိသည်ကို စစ်ဆေးပြီးမှ လုပ်ဆောင်ပါ။
-
-
ကြီးမားသောဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် လူများစွာတို့သည် တပြိုင်နက်တည်း အိမ်သို့ ပြန်ရန် လုပ်ကြသည့်အခါ ဘူတာ ပတ် ဝန်းကျင်နှင့် လမ်းမများ ပြည့်ကျပ်ပြီး အန္တရာယ်များပါသည်။
အလျင်စလို အခြားနေရာသို့ မသွားဘဲ အနီးနားရှိ လုံခြုံသော နေရာတွင် ရှိနေပါ။
- ကုမ္ပဏီနှင့်ကျောင်းတွင်ရှိလျှင်
3 ရက်ခန့်ကြာ ထိုအတိုင်း ကုမ္ပဏီနှင့် ကျောင်းတွင် ဆက်ရှိနေပါ။ ကုမ္ပဏီနှင့် ကျောင်းတွင် ဘေးအန္တရာယ် သုံး သောက်စရာနှင့် စားစရာ ရှိတတ်ပါသည်။ ကုမ္ပဏီနှင့် ကျောင်းရှိ သူများကို မေးမြန်းပါ။
-
အိမ်၏အဝေးတွင်ရှိလျှင်
ယာယီနေထိုင်ရန်အဆောက်အဦး (ichiji taizai shisetsu) (ကျောင်း၊ မြို့နယ်ရုံး၊ ကြီးမားသောအဆောက် အဦးများစသဖြင့်) သို့ သွားပါ။ စားစရာနှင့် သောက်စရာ ရယူနိုင်ပါသည်။ အိပ်ယာခင်းနှင့် အိမ်သာ အသုံး ပြုနိုင်ပါသည်။
-
အိမ်သို့ပြန်လျှင်
မပြန်မီ လမ်းမနှင့်ရထား၊ ဘတ်စ်ကား အချက်အလက်များကို ရှာဖွေပါ။ လမ်းမများ အန္တရာယ်ကင်းသည်ဟု သိရှိသည်အထိ မပြန်ပါနှင့်။
အိမ်သို့ပြန်လျှင် လမ်းမကြီးများကို ဖြတ်သွားပါ။
ညဘက်ပြန်ခြင်းမျိုး မလုပ်ပါနှင့်။အိမ်သို့ပြန်လျှင် “သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန် အိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာ” တွင် ရေပိုက်ခေါင်းရေကို ရယူနိုင် ပါသည်။ အိမ်သာငှား၍ သုံးနိုင်ပါသည်။ ငွေကြေးကုန်ကျမှုမရှိပါ။
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန် အိမ် ပြန်ရန်ထောက်ပံ့ရေးစင်တာတွင် အောက်ပါအမှတ်အသား ရှိပါ သည်။
24 နာရီစတိုး၊ ဓာတ်ဆီဆိုင်၊ မိသားစုစားသောက်ဆိုင်များ များပါသည်။
ခိုလှုံရာနေရာ၊ ယာယီနေထိုင်ရန်အဆောက်အဦး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်အိမ်ပြန်ရန် ထောက်ပံ့ရေး စင်တာ နေရာများကို တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံတွင် ကြည့်ပါ။
■ကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ (တိုကျိုမြို့တော်အထွေထွေရေးရာဌာန အထွေထွေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန)
အင်တာနက်အသုံးပြု၍ မရလျှင် အနီးအနားရှိသူထံ မေးမြန်းပါ။https://map.bosai.metro.tokyo.lg.jp/(စက်ဘာသာပြန်ပါရှိပါခြင်း (အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ))
- ကုမ္ပဏီနှင့်ကျောင်းတွင်ရှိလျှင်
-
-
အနီးနားရှိ ခိုလှုံရာနေရာ(hinanjo)တွင် စားစရာ အစရှိသည်တို့ကို ရယူနိုင်သည်က များပါသည်။
ကားဖြင့်နေထိုင်နေသည်ဟု ခိုလှုံရာနေရာတာဝန်ခံထံ ပြောပြ၍ ဘယ်တော့ ရယူနိုင်မည်ကို စစ်ဆေးပါ။ -
ကားအတွင်းတွင် အချိန်အကြာကြီး မလှုပ်ရှားဘဲနေလျှင် သွေးအစိုင်အခဲများဖြစ်ပေါ်၍ ထိုသွေးခဲများ အဆုတ်ဆီ ရောက်လျှင် သေဆုံးနိုင်ခြင်းမျိုး ဖြစ်တတ်ပါသည်။ ၄င်းကို “အီကိုနိုမီကလပ်စ်ရောဂါလက္ခဏာ အုပ်စု” ဟုခေါ်ပါသည်။
အီကိုနိုမီကလပ်စ်ရောဂါလက္ခဏာအုပ်စု မဖြစ်စေရန် အောက်ပါတို့ကို လုပ်ဆောင်ပါ။
- 2နာရီ၊ 3နာရီကြား တစ်ကြိမ် ခြေထောက်ကွေးခြင်း၊ ဆန့်ခြင်းတို့ကို လုပ်ပါမည်။
- ရေများများ သောက်ပါမည်။
- အရက်နှင့် ဆေးလိပ် ဖြတ်ထားပါမည်။
- လွတ်လပ်သောအဝတ်အစားကို ဝတ်ပါမည်။
- အိပ်သောအခါ ထိုင်ခုံကိုလှဲ၍ ခြေထောက်ကို မြှင့်ထား ပါမည်။ (အိတ်စသည်တို့ကို သုံးလျှင် ကောင်းပါသည်။)
-
-
အလွန်ကြီးမားသောဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် သံရုံးမှ ချာတာလေယာဉ်များဖြင့် နိုင်ငံသို့ ပြန်ရန် နည်းလမ်းများကို ပြင်ဆင်လေ့ရှိပါသည်။
■ ဂျပန်နိုင်ငံရှိနိုင်ငံခြားအစိုးရရုံးများစာရင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
အသေးစိတ်ကို မိမိနိုင်ငံ၏သံရုံးထံ မေးမြန်းပါ။
ဂျပန်နိုင်ငံရှိသံရုံးနှင့်ကောင်စစ်ရုံးများ၏သတင်းအချက်အလက်ကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။https://www.mofa.go.jp/mofaj/link/emblist/index.html(ဂျပန်ဘာသာ)
https://www.mofa.go.jp/about/emb_cons/protocol/index.html(အင်္ဂလိပ်ဘာသာ)