災害のときのQ&A

ဝေါဟာရစုစည်းမှု

用語集

ဝေါဟာရစုစည်းမှု

  • အိမ်၏ပြင်ပတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့၍ အိမ်ပြန်ရန်ခက်ခဲသူများကို လက်ခံသောနေရာ။
    3 ရက်ခန့် နေထိုင်နိုင်ပါသည်။ ကျောင်း၊ မြို့နယ်ရုံး၊ ကြီးမားသောအဆောက်အဦများနှင့် အဆောက်အအုံများကို ပြုလုပ်လေ့ ရှိပါသည်။

  • သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ကြိုတင်သတ်မှတ်ထားသော ခိုလှုံရာနေရာနှင့် ဆေးရုံများတွင် ဆရာဝန်နှင့် သူနာပြုများ စုဝေးပြီး၊ အရေးပေါ်ကုသမှုပြုလုပ်သောနေရာ။

  • အချိန်အကြာကြီး ထိုင်ခြင်း၊ အိပ်ခြင်းပြုလုပ်သည့်အခါ သွေးပြန်ကြောထဲတွင် သွေးအစိုင်အခဲများ ဖြစ်ပေါ်ပါသည်။ ထိုသွေးခဲများသည် အဆုတ်ဆီရောက်၍ သွေးကြောပိတ်သည့်အခါ သေဆုံးနိုင်ခြင်းမျိုးဖြစ်နိုင်သည့် ရောဂါ။

  • ငလျင်ဖြစ်ပေါပြီးနောက် ဆက်တွဲငလျင်များကြောင့် ထပ်ဆင့်ဘေးအန္တရာယ်ကို ကာကွယ်ရန်အတွက်၊ ငလျင်ကြောင့် ထိခိုက်သွားသောအဆောက်အအုံများ၏ အန္တရာယ်ဖြစ်နိုင်ချေများကို တိုကျိုမြို့တော်မှ ကြိုတင်၍ မှတ်ပုံတင်ထားသော အဆင့်သတ်မှတ်ဆုံးဖြတ်သူများမှ စစ်ဆေးပါမည်။

    အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ချက်သည် ယာယီပြုလုပ်သောအရာသာဖြစ်ပြီး ထိုအဆောက်အအုံသည် နောက်ပိုင်း တောက်လျှောက် အသုံးပြု၍ ရမရကို ဖော်ပြသောအရာမဟုတ်ပါ။ ထို့ပြင် ဘေးအန္တရာယ်ခံစားရမှု ထောက်ခံစာ (risai shoumeisho) အတွက် ထိခိုက်မှုစစ်ဆေးခြင်းနှင့်လည်း မတူဘဲ သီးခြားဖြစ်ပါသည်။

    စစ်ဆေးမှုရလဒ်သည် အောက်ပါအတိုင်း 3 မျိုးဖြစ်ပြီး အဆောက် အဦများ၏ အဝင်အထွက်ပေါက်များတွင် ကပ်ထားပါသည်။
    အနီ - ဤအဆောက်အဦသည် ဝင်ရောက်ရန်အန္တရာယ်ရှိသည်။
    အဝါ - ဤအဆောက်အဦသည် ဝင်ရောက်သည့်အခါ သေချာ ဂရုစိုက်ပါ။
    အစိမ်း - ဤအဆောက်အဦ၏ထိခိုက်မှုသည် နည်းပါးပါသည်။

    အသေးစိတ်အချက်အလက်များကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။

    ■တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုပရဟိတစနစ်ကို အခြေခံသော ထိခိုက်အဆောက်အဦများ

    အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ခြင်းစနစ်နှင့်စပ်လျဉ်း၍ (တိုကျိုမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးဌာန)

    https://www.toshiseibi.metro.tokyo.lg.jp/kenchiku/bousai/kn_t08_01.htm(ဂျပန်ဘာသာဖြင့်သာ)

  • ဘေးအန္တရာယ်ကြောင့် အိမ်ပျက်စီးခြင်း၊ မီးလောင်ခြင်း၊ ရေထဲမျောပါသွားခြင်းတို့ကြောင့် နေထိုင်ရန်အိမ် မရှိတော့သည့်အခါ ခေတ္တအားဖြင့် အခမဲ့နေထိုင်နိုင်သောအိမ်။ လျှောက်ထားခြင်းကို ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများတွင် ဆွေးနွေးတိုင်ပင်ပါ။

  • ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးမှ ထုတ်ပေးသော အလောင်းကို မီးသဂြိုလ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်း။ သေဆုံးမှုမှတ်ပုံတင်စာကို တင်ပြရန် လိုအပ်ပါသည်။

  • အခြားသူများထံမှရရှိသော အလှူငွေများဖြင့် ဘေးအန္တရာယ်ကြုံတွေ့ရသူများထံ ပေးအပ်သောငွေ။ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများမှ တဆင့် ပေးအပ်ပါသည်။

  • ထိခိုက်မှုအကြောင့် ဒဏ်ရာရရှိခြင်း၊ အိမ်နှင့် ပရိဘောဂများ ပျက်စီးသွားခြင်း စသည်တို့ ဖြစ်သွားသူများမှ ချေးယူနိုင်သောငွေ။ ပမာဏကန့်သတ်ချက်ရှိပါသည်။
    အသေးစိတ်အချက်အလက်ကို မိမိနေထိုင်သော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများတွင် စစ်ဆေးပါ။

  • ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသောအမှိုက်များကို ဆိုလိုသည်။ (ဥပမာ- ပျက်စီးသွားသောအိမ်ထောင်ပရိဘောဂများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ ပေကျံသွားသောအိပ်ယာ၊ ဖျာ၊ အိမ်အပျက်အစီးအစအနများ၊ သစ်သားအမှိုက်များ စသဖြင့်)
    အခြားသောအမှိုက်များနှင့် ပစ်ပုံမတူဘဲ များသောအားဖြင့် ပန်းခြံနှင့် မြေကွက်လပ်များ (ယာယီထားသိုရာနေရာ) တွင် စုထားပါသည်။ အမှိုက်ပစ်နည်းကို ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများတွင် စစ်ဆေးပါ။

  • ဘေးအန္တရာယ်ဖြစ်ပွားချိန်၊ လမ်းလျှောက်ပြန်သူများအတွက် ရေပိုက်လိုင်းမှ ရေရယူနိုင်ခြင်း၊ အိမ်သာအသုံးပြုနိုင်ခြင်း၊ လမ်းအခြေအနေများကို ပြောပြပေးသောနေရာ။
    ဓာတ်ဆီဆိုင်၊ 24 နာရီစတိုး၊ မိသားစုစားသောက်ဆိုင်များသည် အများစုနေရာများဖြစ်ပြီး ဖော်ပြပါအမှတ်အသားကို ကပ်ထားပါသည်။

  • ဘေးအန္တရာယ်ကြောင့် ကြီးမားသောခန္ဓာကိုယ် ထိခိုက်မှုဖြစ်ပွားသူများ ရယူနိုင်သောငွေ။
    အသေးစိတ် အချက်အလက်ကို မိမိနေထိုင်သော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများတွင် စစ်ဆေးပါ။

  • ဘေးအန္တရာယ်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသွားသူ၏ မိသားစုမှ ရယူနိုင်သောငွေ။
    အသေးစိတ် အချက်အလက်ကို မိမိနေထိုင်သော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများတွင် စစ်ဆေးပါ။

  • ဘေးအန္တရာယ်ကြောင့် အိမ်ယာထိခိုက်မှုရှိသူများသည် အိမ်ပြန်လည်တည်ဆောက်ရန်နှင့် ပြုပြင်ရန်အတွက် ငွေချေးယူနိုင်သော စနစ်။
    အသေးစိတ်အချက်အလက်ကို ဂျပန်နိုင်ငံအိမ်ယာဆိုင်ရာငွေကြေးအေဂျင်စီ

    ■ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးအိမ်ယာချေးငွေ (ဂျပန်နိုင်ငံအိမ်ယာဆိုင်ရာငွေကြေးအေဂျင်စီ)

    https://www.jhf.go.jp/loan/yushi/info/saigai.html(ဂျပန်ဘာသာဖြင့်သာ)

  • ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုရှိခဲ့သူများအပေါ် တစ်ဦးချင်းနှင့် ကုမ္ပဏီ၊ အစိုးရအဖွဲ့အစည်းစသည်တို့မှ ပေးပို့သောငွေ။
    ငွေပမာဏနှင့် သတ်မှတ်ချက်သည် ကုမ္ပဏီနှင့် အစိုးရအဖွဲ့အစည်းအပေါ်လိုက်၍ ကွဲပြားပါသည်။

  • နိုင်ငံခြားသားသည် 3 လနှင့်အထက် နေထိုင်နိုင်သောနေထိုင်ခွင့် ရရှိထားကြောင်း သက်သေပြသောကတ်။

  • ဆေးရုံမှလွဲ၍အခြားသောနေရာတွင် သေဆုံးသွားသည့်အခါ ရဲဌာနမှ ခေါ်ယူသောဆရာဝန်မှ အလောင်းကို စစ်ဆေးပြီးစီးကြောင်း သက်သေစာရွက်။

  • ဆေးရုံတွင် သေဆုံးသွားသည့်အခါ ဆရာဝန်မှ သေဆုံးသွားကြောင်း အတည်ပြုထားသော သက်သေစာရွက်။

  • ကားနှင့်ဆိုင်ကယ်များသည် လုံခြုံမှုဆိုင်ရာအခြေခံစံနှုန်းများ ပြည့်မှီကြောင်း ထောက်ခံသောစာရွက်စာတမ်း။

  • ငလျင်ဖြစ်ပြီးနောက် ဖြစ်ပေါ်သော လျင်မြန်၍အလွန်မြင့်သောလှိုင်များကို ဆိုလိုသည်။
    ဆူနာမီသည် အကြိမ်များစွာ ထပ်ခါထပ်ခါ ဖြစ်ပေါ်သည့်အတွက် ဆူနာမီသတိပေးချက်များ ပြီးဆုံးသွားသည်အထိ ပင်လယ်နှင့် မြစ်များ၏ အနီးအနားသို့ မသွားရပါ။

  • အစ္စလာဘာသာ၏ ဘာသာရေးသတ်မှတ်ချက်နှင့်ကိုက်ညီသော အစားအစာ။ ဝက်သားနှင့် အရက်သေစာများကို ကန့်သတ်ထား ပါသည်။

  • ဘေးအန္တရာယ်ကြောင့် နေထိုင်နေသောအိမ် ပျက်စီးသွားသည့်အခါများတွင် ရယူနိုင်သောငွေ။
    အသေးစိတ် အချက်အလက်ကို မိမိနေထိုင်သော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများတွင် စစ်ဆေးပါ။

  • ဘေးအန္တရာယ်ကြောင့် အိမ်တွင်နေထိုင်ရန် မဖြစ်နိုင်သောအခါ နေထိုင်သောနေရာ။
    ကြီးမားသောမုန်တိုင်းများနှင့် မိုးကြီးလေကြီးများကြောင့် ဘေးအန္တရာယ်ဖြစ်ပေါ်မှု မတိုင်မီ ခိုလှုံရေး
    ခိုလှုံရာနေရာများ ထားခြင်းမျိုးလည်း ရှိပါသည်။
    အစားအစာ၊ နေ့စဉ်သုံးအသုံးအဆောင်များ၊ အိပ်ယာခင်းများ စသည်တို့ကို ပြင်ဆင်ထားသည်။
    ကျောင်းနှင့် အများသုံးအဆောက်အအုံများ များပါသည်။

  • ငလျင်ကြီးဖြစ်ပေါ်ပြီးနောက် ထွက်ပြေးရန်နေရာ။
    အစားအစာနှင့် ရေမရှိသည်မျိုး ရှိနိုင်ပြီး၊ တည်းခို၍ မရပါ။
    ကြီးမားသောပန်းခြံနှင့် မြေပြင်စသဖြင့်။

  • ဂရုစိုက်ရန်လိုအပ်သူ (သက်ကြီးရွယ်အို၊ မသန်စွမ်းသူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးငယ်ရှိသူ စသဖြင့်) များမှ အထူးကူညီထောက်ပံ့မှုကို ရယူနိုင်သော ခိုလှုံရာနေရာ။
    ကြီးမားသောဘေးအန္တရာယ်ကျရောက်ပြီးနောက် အချိန်အတော်ကြာပြီးသည့်အခါမှ လုပ်နိုင်သည်များ များသည့် အတွက် ဦးစွာ အနီးအနားရှိ ခိုလှုံရာနေရာသို့ သွားရောက်၍ လူမှုဖူလုံရေးခိုလှုံရာနေရာ ဖွင့်လှစ်ရန် စောင့်ဆိုင်းခြင်းမျိုး များပါသည်။

  • သေဆုံးသွားသူ၏အရိုးကို အုတ်ဂူစသည်တို့တွင် ထည့်သွင်းရန်အတွက် လိုအပ်သောစာရွက်စာတမ်း။
    မီးသဂြိုလ်ရန်နေရာသည် မီးသဂြိုလ်ခွင့်လက်မှတ်တွင် မီးသဂြိုလ်ပြီးတံဆိပ်ကို ထုလိုက်ခြင်းဖြင့် မြေမြှုပ်သဂြိုလ် ခွင့်ပြုစာအဖြစ် သတ်မှတ်သည်မျိုး များပါသည်။

  • ပတ်စ်ပို့၊ နေထိုင်သူကတ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ အာမခံကတ်၊ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ My Number ကတ်စသဖြင့်။

  • ကြီးမားသောငလျင်ကြီး ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်သောငလျင်ကို ဆိုလိုသည်။ နောက်ဆက်တွဲငလျင်သည် အကြိမ်များစွာဖြစ်ပေါ်ခြင်းမျိုး ရှိသည့်အတွက် ကာလအတန်ကြာ သတိပြုရန် လိုအပ်ပါသည်။

  • နေထိုင်နေသောအိမ်စသည့် အဆောက်အအုံ ထိခိုက်မှုအရွယ်အစားကို ဖော်ပြသောစာရွက်စာတမ်း။
    ထိခိုက်မှုအရွယ်အစားသည် လုံးဝပျက်စီးခြင်း (50% အထက် ပျက်စီးနေခြင်း)၊ ကြီးကြီးမားမားတစိတ်တပိုင်း ပျက်စီးခြင်း (40% အထက် 50% ကြား ပျက်စီးနေခြင်း)၊ အလယ်အလတ်တစိတ်တပိုင်းပျက်စီးခြင်း (30% အထက် 40% ကြား ပျက်စီးနေခြင်း)၊ တစိတ်တပိုင်းပျက်စီးခြင်း (20% အထက် 30% ကြား ပျက်စီးနေခြင်း)၊ အနည်းငယ်တစိတ်တပိုင်းပျက်စီးခြင်း (10% အထက် 20% ကြား ပျက်စီးနေခြင်း)၊ တစိတ်တပိုင်းထိခိုက်ခြင်း (10% အောက် ပျက်စီးနေခြင်း)စသဖြင့် ခွဲခြားထားပါသည်။
    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများရှိ စစ်ဆေးသူများမှ ပျက်စီးသွားသောအိမ်၏အခြေအနေကို စစ်ဆေးပြီးမှသာ ပြုလုပ်ပါသည်။ အသေးစိတ်အချက်အလက်ကို 9-2 တွင် ကြည့်ပါ။

  • ★★ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ အသုံးပြုနိုင်သောငွေကြေးဆိုင်ရာအထောက်အပံ့များ ★★

    ထိခိုက်မှုအကြောင်းအရာ၊ စိတ်ဆင်းရဲသောကိစ္စများ

    အထောက်အပံ့ အကြောင်းအရာ

    စုံစမ်းရန်နေရာ

    လူထိခိုက်ခြင်း

    မိသားစုသေဆုံးခြင်း

    ・ဘေးအန္တရာယ်နစ်နာကြေး (အများဆုံး ယန်းသောင်း 500)

    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး

    ခန္ဓာကိုယ်ထိခိုက်သွားခြင်း

    ・ဘေးအန္တရာယ်မသန်စွမ်းမှု စာနာထောက်ပံ့ငွေ (အများဆုံး ယန်းသောင်း 250)

    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး

    အိမ်ယာ ထိခိုက်ခြင်း

    နေထိုင်နေသောအိမ် ပျက်စီးသွားခြင်း

    ・ထိခိုက်နစ်နာသူနေထိုင်မှု ပြန်လည် တည်ဆောက်ရေး ထောက်ပံ့ငွေ
    (အခြေခံထောက်ပံ့ငွေ - အများဆုံး ယန်းသောင်း 100)

    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး

    ・ပုဂ္ဂလိကအာမခံစသဖြင့်

    အာမခံကုမ္ပဏီ

    အလုပ် ထိခိုက်ခြင်း

    ကုမ္ပဏီဒေဝါလီခံရ၍ အလုပ်ထွက်လိုက်ရခြင်း

    ・ပေးရန်ကျန်ငွေ စိုက်ထုတ်ပေးချေခြင်း စနစ်

    အလုပ်သမားစံချိန်စစ်ဆေးရေးဌာန

    ကုမ္ပဏီဆက်လက် လည်ပတ်နေသော်လည်း အလုပ်ထွက်လိုက်ရခြင်း

    ・အလုပ်ဆုံးရှုံးခြင်းထောက်ပံ့ငွေ

    Hello Work

    ငွေကြေး စိတ်ညစ်စရာ

    အကြွေးရှိခြင်း

    ・ဘေးအန္တရာယ်ထိခိုက်မှု ချေးငွေပမာဏ လျှော့ချပေးခြင်းစနစ်

    ရှေ့နေအသင်း

    ငွေချေးလိုခြင်း

    ・ထိခိုက်မှုထောက်ပံ့ရေးရန်ပုံငွေ

    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး

    ・နေထိုင်မှုဘဝဖူလုံရေးရန်ပုံငွေ

    လူမှုဘဝဖူလုံရေးအသင်း

    နေထိုင်ရေး စိတ်ညစ်စရာ

    အိမ်ပြင်လိုခြင်း

    ・အရေးပေါ်ပြင်ဆင်ခြင်း (အမြင့်ဆုံး ယန်းသောင်း 70 ခန့်)

    ・ထိခိုက်နစ်နာသူနေထိုင်မှုပြန်လည် တည်ဆောက်ရေးထောက်ပံ့ငွေ (ထပ်ပေါင်းထောက်ပံ့ငွေ - အများဆုံး ယန်းသောင်း 100)

    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး

    ・ဘေးအန္တရာယ်ပြန်လည် ထူထောင်ရေးအိမ်ယာချေးငွေ

    ဂျပန်နိုင်ငံအိမ်ယာဆိုင်ရာငွေကြေးအေဂျင်စီ

    အိမ်အသစ်ဆောက်လိုခြင်း၊ ဝယ်လိုခြင်း

    ・ထိခိုက်နစ်နာသူနေထိုင်မှုပြန်လည် တည်ဆောက်ရေးထောက်ပံ့ငွေ
    (ထပ်ပေါင်းထောက်ပံ့ငွေ - အများဆုံး ယန်းသောင်း 200)

    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး

    ・ဘေးအန္တရာယ်ပြန်လည် ထူထောင်ရေးအိမ်ယာချေးငွေ

    ဂျပန်နိုင်ငံအိမ်ယာဆိုင်ရာငွေကြေးအေဂျင်စီ

    အိမ်ငှားလိုခြင်း

    ・ထိခိုက်နစ်နာသူနေထိုင်မှုပြန်လည် တည်ဆောက်ရေးထောက်ပံ့ငွေ
    (ထပ်ပေါင်းထောက်ပံ့ငွေ - အများဆုံး ယန်းသောင်း 50)

    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး

    ※ဂျပန်နိုင်ငံရှေ့နေ့များအသင်း “ထိခိုက်နစ်နာသူနေထိုင်မှုပြန်လည်တည်ဆောက်ရေးထောက်ပံ့မှုမှတ်စု” (2024 ခုနှစ် ဇွန်လ 24 ရက် ပြန်လည်ပြင်ဆင်ထုတ်ဝေခြင်း) မှ ကိုးကားခြင်း။ ငွေပမာဏ ပြောင်းလဲမှု ရှိနိုင်ပါသည်။”

    အသေးစိတ်အကြောင်းအရာကို နောက်စာမျက်နှာတွင် ကြည့်ရှုပါ။

    ■ထိခိုက်နစ်နာသူနေထိုင်မှုပြန်လည်တည်ဆောက်ရေးထောက်ပံ့မှုမှတ်စု (ဂျပန်နိုင်ငံရှေ့နေ့များ အသင်း)

    https://www.nichibenren.or.jp/jfba_info/publication/pamphlet/saiken_note.html(ဂျပန်ဘာသာဖြင့်သာ)

    ပိုမို၍ အသေးစိတ်သိရှိလိုပါက နောက်စာမျက်နှာတွင် ကြည့်ရှုပါ။

    ■သဘာဝဘေးဒဏ်ခံစားရသူထောက်ပံ့ရေးဆိုင်ရာစနစ်အသီးသီးအကြောင်းအကျဉ်းချုပ်
    (ဝန်ကြီးများရုံး ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာသတင်းအချက်အလက်စာမျက်နှာ)

    https://www.bousai.go.jp/taisaku/hisaisyagyousei/seido.html (ဂျပန်ဘာသာဖြင့်သာ)