災害について知る

ငလျင်လှုပ်ခတ်လျှင်

ငလျင်လှုပ်ခတ်လျှင်

ငလျင်လှုပ်ခတ်သောအခါ ထိတ်လန့်ခြင်းမရှိဘဲ ဆောင်ရွက်ရန် အရေးကြီးပါသည်။
ငလျင်လှုပ်ခတ်သည့်အခါ ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာကြရအောင်။

အိမ်အတွင်း၌ရှိသောအခါ

တုန်ခါနေချိန်တွင် အပြင်ထွက်ရန်ကြိုးစားပါက လဲကျခြင်း၊ အရာဝတ္ထုများ ပြုတ်ကျခြင်း ဖြစ်နိုင်ပြီး အလွန်အန္တရာယ်များပါသည်။
တုန်ခါမှုရပ်သွားသည်အထိ စားပွဲများအောက်သို့ ဆင်းပြီး ခေါင်းကို ကာကွယ်ပါ။

地震が起きたら_1テーブルの下へ

တုန်ခါမှုရပ်သွားသည်နှင့် အချိန်မရွေး ထွက်ပြေးနိုင်စေရန် တံခါးနှင့် ပြတင်းပေါက်ကိုဖွင့်ထားပါ။

  • မီးသုံးနေသောအခါ

    မီး၏အနီးမှ ခွာပါ။
    ငလျင်ကြီးတစ်ခုလှုပ်လျှင် ဂတ်စ် အလိုအလျောက် ပိတ်သွားပါမည်။
    တုန်ခါမှုပြီးမှ မီးကို ငြှိမ်းကြရအောင်။
    တစ်ခုခု မီးလောင်နေပါက တုန်ခါမှုပြီးမှ မီးကိုငြှိမ်းပါ။

  • အိပ်နေသောအခါ

    ခေါင်းအုံးနှင့် စောင်ဖြင့် ခေါင်းနှင့် ခန္ဓာကိုယ်ကို အုပ်ထားပါ။
    ကုတင်အောက်သို့ ဝင်လို့ရလျှင် ကုတင်အောက် ဝင်ပါ။

  • အိမ်သာတွင်ရှိနေသောအခါ

    ပိတ်မိခြင်းမဖြစ်စေရန် တံခါးကို ချက်ချင်းဖွင့်ပါ။

[အပြင်တွင်ရှိနေသောအခါ]

လက်ကိုင်အိတ်နှင့် ဂျာကင်အင်္ကျီတို့ဖြင့် ဦးခေါင်းကို ကာကွယ်ပြီး၊ တုန်ခါမှု ရပ်သွားသည်အထိ စောင့်ကြောင့်ထိုင်၍ စောင့်ပါ။

  • လမ်းလျှောက်နေသောအခါ

    ပြတင်းပေါက်မှန်များနှင့် နံရံများမှ ခွာပါ။
    အထပ်မြင့်နှင့် အဆောက်အအုံဟောင်းများရှိသည့် နေရာများတွင် ပန်းခြံကဲ့သို့သော ကျယ်ပြန့်သောဧရိယာသို့ သွားပါ။

  • ဘူတာရုံတွင်ရှိနေသောအခါ

    ရထားလမ်းပေါ်ပြုတ်မကျစေရန် ပလက်ဖောင်းအတွင်းဘက်တွင် ရှိနေပါ။
    တုန်ခါမှုပြီးသွားသည့်အခါ ဘူတာရုံဝန်ထမ်းပြောသည့်အတိုင်း လုပ်ဆောင်ပါ။

  • စူပါမားကတ်နှင့် ၂၄နာရီစတိုးဆိုင်တွင် ရှိနေသောအခါ

    ကုန်ပစ္စည်းများ စင်ပေါ်မှ ပြုတ်ကျနိုင်ပါတယ်။
    ခြင်းတောင်းနှင့် လက်ကိုင်အိတ်တို့ဖြင့် ဦးခေါင်းကို ကာကွယ်ပြီး တုန်ခါမှု ရပ်သွားသည်အထိ စောင့်ကြောင့်ထိုင်၍စောင့်ပါ။

  • မြေအောက်၌ရှိနေသောအခါ

    အထိတ်တလန့်ဖြစ်နေသောလူများက ထွက်ပေါက်တွင် စုဝေးနေသောအခါ အရမ်းအန္တရာယ်များပါသည်။
    အထူးသဖြင့် မြေအောက်တွင်မီးပြတ်သောအခါ သတိပြုကြရအောင်။
    နံရံနှင့်တိုင်များအနီးတွင် တုန်ခါမှုရပ်သွားသည်အထိ စောင့်ကြောင့်ထိုင်၍စောင့်ပါ။
    တုန်ခါမှုပြီးသွားသောအခါ နံရံကို လက်ဖြင့်ထိကာလမ်းကြောင်းကိုစစ်ဆေးရင်း အပြင်သို့ထွက်ပါ။

  • ဓာတ်လှေကားထဲမှာရှိနေသောအခါ

    ငလျင်ကြီးတစ်ခုလှုပ်နေစဉ် ဓာတ်လှေကားများသည် အလိုအလျောက်ရပ်တန့်သွားနိုင်ပါသည်။
    အထပ်အားလုံးအတွက် ခလုတ်များကို နှိပ်ပြီး ရပ်သွားသောအထပ်တွင် ဆင်းပါ။
    တံခါးမပွင့်ပါက အင်တာကွန်ကို အသုံးပြုကာ တာဝန်ခံနှင့် ဆက်သွယ်၍ ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ပါ။

  • ကားစီးနေသောအခါ

    အန္တရာယ်အချက်ပြမီးများကိုဖွင့်ပြီး ဖြည်းဖြည်းချင်းအရှိန်လျှော့ပါ။
    ဘယ်ဘက်ခြမ်းမှာ ကားရပ်ပြီး တုန်ခါမှု ရပ်သွားအောင် စောင့်ပါ။
    ကားကို ထားခဲ့ကာ ဘေးလွတ်ရာသို့ ထွက်ခွာပါက အရေးပေါ်ယာဉ်များဖြတ်သန်းနိုင်စေရန် ကားကိုရွှေ့နိုင်အောင် လုပ်ထားပါ။
    တံခါးကိုသော့ဖွင့်ထားခဲ့ပြီး အဆက်အသွယ်အချက်အလက် ရေးထားသော စာရွက်နှင့် သော့ကို ထားသွားပါ။
    အဖိုးတန်ပစ္စည်းများနှင့် ယာဉ်စစ်ဆေးရေးလက်မှတ်ကို ယူသွားပါ။

ငလျင်ကြီးလှုပ်ပြီးနောက်

ငလျင်ကြီးလှုပ်ပြီးနောက်တွင်ဖြစ်သောကိစ္စများ

  • တုန်ခါမှုပြီးသွားသော်လည်း ထိုနောက်ပိုင်းတွင် အကြိမ်ပေါင်းများစွာ ငလျင်များလှုပ်ခတ်မှု များတတ်ပါတယ်။ ဒါကို ဂျပန်လို “Yoshin” ဟု ခေါ်ပါသည်။
  • ပင်လယ်ပြင်အနီးတွင် ဆူနာမီဖြစ်ပေါ်နိုင်ပါသည်။
  • မီးလောင်မှုကြီးဖြစ်စေနိုင်ပါသည်။
  • ရထားများနှင့် ဘတ်စ်ကားများ ရပ်တန့်သွားနိုင်ပါသည်။
  • အရေးပေါ်ယာဉ်များကို ဖြတ်သန်းခွင့်ပြုရန်၊ ကြီးမားသောလမ်းများသည် ပုံမှန်ယာဉ်များအတွက် သွားလာမှု မဖြစ်နိုင်သည်မျိုး ရှိတတ်ပါသည်။
  • ဂက်စ်၊ လျှပ်စစ်နှင့် ရေ ပြတ်တောက်နိုင်ပါသည်။
  • ဖုန်းနှင့် အင်တာနက်ချိတ်ဆက်ရန် ခက်ခဲနိုင်ပါတယ်။

လှုပ်ရမ်းမှုရပ်သွားသည့်တိုင် မလုပ်သင့်သောအရာများ

  • မီးမသုံးရပါ။ ဂတ်စ်ယိုစိမ့်နေလျှင် မီးလောင်နိုင်ပါသည်။
  • လျှပ်စစ်ခလုတ်များကို မထိရပါ။ ပေါက်ကွဲတတ်ပါသည်။
  • ဓာတ်လှေကား မစီးရပါ။ ပိတ်မိခြင်းမျိုး ဖြစ်တတ်ပါသည်။
  • ထွက်ပြေးသောအခါ ကားမသုံးရပါ။ အားလုံးကားကိုအသုံးပြုလျှင် အရေးပေါ်ကားသွား၍မရဘဲ ဖြစ်တတ်ပါသည်။
  • အလျင်မလိုသောဖုန်းများခေါ်ဆိုမှုကို စောင့်ဆိုင်းပါ။ အားလုံးဖုန်းဆက်လျှင် အရေးကြီးသောဖုန်း ဆက်မရခြင်းမျိုး ဖြစ်တတ်ပါသည်။

လှုပ်ခါပြီးနောက်လုပ်ဆောင်ရန်များ

  • မိမိရှိသောနေရာသည် လုံခြုံခြင်းရှိမရှိ စစ်ဆေးပါ။

    ဆူနာမီဖြစ်လာမလား၊ အဆောက်အဦပြိုကျမလား၊ မီးလောင်နေမလား စသည်ကို စစ်ဆေးကြရအောင်။
    မလုံခြုံလျှင် ချက်ချင်းထွက်ပြေးပါ။

  • မိသားစု အန္တရာယ်ကင်းမကင်းကို စစ်ဆေးပါ။ ဆက်သွယ်နည်းကို ကြိုတင်၍ ဆုံးဖြတ်ထားကြရအောင်။

    အသေးစိတ်ကို နောက်စာမျက်နှာတွင် ကြည့်ပါ။
    သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

  • အိမ်မှာမနေနိုင်သောအခါ ထိတ်လန့်မနေဘဲ ခိုလှုံပါ။

    အသေးစိတ်ကို နောက်စာမျက်နှာတွင် ကြည့်ပါ။
    ခိုလှုံရာနေရာအကြောင်း

  • အိမ်အပြင်တွင်ရှိနေသောအခါ လုံခြုံသောနေရာမှာ ခဏနေပါ။

    ရထားများ ပြေးဆွဲနေခြင်း၊ လမ်းများ ဖြတ်သန်းသွားလာနိုင်ခြင်း ရှိမရှိ စစ်ဆေးရန် နေထိုင်သော မြို့၌ မီးလောင်ကျွမ်းမှု ရှိမရှိ အခြေအနေကို စစ်ဆေးကြရအောင်။

ကော်လံ - ပတ်ဝန်းကျင်ရှိသူများနှင့် အပြန်အလှန်ကူညီခြင်း

ထွက်ပြေးသည့်အခါ ပတ်ဝန်းကျင်ရှိ လူများ ဘေးကင်းမကင်း လှမ်းပြောပါ။
ပြုတ်ကျနေသော အရာဝတ္တုအောက်တွင်ရှိနေခြင်း၊ ဒဏ်ရာရနေခြင်းကြောင့် အပြင်မထွက်နိုင်သည့်သူများ ရှိမရှိ စစ်ဆေးကြရအောင်။
ကူညီသောအခါ တခြားသူများကိုလည်း အသံပေးရအောင်။
မိမိဘာလုပ်ရမှန်းမသိလျှင်ပတ်ဝန်းကျင်ကလူများကို မေးကြရအောင်။
သဘာဝဘေးအန္တရာယ်ကြုံသောအခါ လူတိုင်း အချင်းချင်း ကူညီကြရန် အရေးကြီးပါသည်။
အဲဒီအတွက် အမြဲတမ်း အိမ်နီးနားချင်းများကို နှုတ်ဆက်ပြီး မိတ်ဆွေဖွဲ့ထားရအောင်။