災害のときのQ&A

8 နေထိုင်မှု

住居 ページ アイコン

8 နေထိုင်မှု

    1. အချိန်အကြာကြီး အိမ်မှထွက်ခွာလျှင် အောက် ပါ တို့ကို လုပ်ဆောင်ပါ။

      • လျှပ်စစ်ဘရိတ်ကာချပါ။
      • ဂတ်စ်အဓိကအဆို့ကိုပိတ်ပါ။

    2. သင့်ကိုရှာဖွေနေသူထံမှ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးသို့ စုံစမ်းမေးမြန်းမှု ရှိနိုင်ပါသည်။
      အတန်ကြာ အိမ်မှထွက်ခွာပြီးနေလျှင် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးသို့ အသိပေးထားရအောင်။
      အချိန်အကြာကြီး နေထိုင်နေခဲ့သောအိမ်မှ ထွက်ခွာသည့်အခါနှင့် တနေရာရာသို့ အိမ်ပြောင်းသည့်အခါ နေထိုင်နေခဲ့သော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးနှင့် အိမ်ပြောင်းပြီးနောက်ရှိ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံးတွင် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို လုပ်ပါ။

    3. အိမ်မှ ထွက်ခွာလျှင် တခါတရံနေထိုင်နေခဲ့သောဒေသသို့ ပြန်၍ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးမှ အကြောင်းကြားမှုများကို ကြည့်ပါ။ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးမှ အကြောင်းကြားမှုသည် အိမ်၏ စာ တိုက်ပုံးတွင် စစ်ဆေးပါ။ ထို့ပြင် အနီးအနားရှိ ခိုလှုံရာနေရာ (hinanjo) ၏ကြော်ငြာဘုတ်ကို ကြည့်ခြင်း၊ ခိုလှုံရာနေရာတာဝန်ခံထံ မေးမြန်းခြင်းတို့ ပြုလုပ်ပါ။

    1. “အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ချက် (oukyuu kikendo hantei)” ဟုခေါ်ပြီး အိမ်၏အန္တရာယ်ဖြစ်နိုင် မှု အဆင့်ကို ပြောပြသောအရာဖြစ်ပါသည်။
      ကြီးမားသောငလျင်ဖြစ်ပွားပြီးနောက် တိုကျိုမြို့တော်မှ မှတ်ပုံတင်ထားသောသူများမှ သင်၏အိမ်သည် မည်မျှ အန္တရာယ်ဖြစ်နိုင်ခြေရှိသည်ကို ကြည့်ရန်လာ၍ ရလဒ်ကို စာရွက် 3 မျိုး (အနီ၊ အဝါ၊ အစိမ်း) ဖြင့် ကပ်ပါမည်။
      စာရွက်ကပ်ထားလျှင် ထိုအကြောင်းအရာအတိုင်း လိုက်နာပါ။

      1. အနီရောင် -

        အန္တရာယ်ရှိသည့်အတွက် မဝင်ပါနှင့်။

      2. အဝါရောင် -

        အိမ်သို့ဝင်ရောက်သည့်အခါ သေချာ ဂရုစိုက်ပါ။

      3. အစိမ်းရောင် -

        ဤအိမ်၏ထိခိုက်မှုသည် နည်းပါးပါသည်။ အိမ်သို့ ဝင်၍ ရပါသည်။

      ☞ ဝေါဟာရစုစည်းမှု -အရေးပေါ်အန္တရာယ်အဆင့် ဆုံးဖြတ်ချက်

    2. စာရွက်မကပ်မီအထိ အိမ်သည် အန္တရာယ်ကင်းမကင်း မသိပါ။
      စာရွက်ကပ်ပြီးသည်အထိ တတ်နိုင်သမျှ အိမ်သို့မဝင်ပါနှင့်။

    3. အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ချက်သည် အဆောက် အဦသည် နောက်ပိုင်းတွင် အသုံးပြု၍ ရမရကို ဖော်ပြသည့် အရာမဟုတ်ပါ။ ထို့ပြင် ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာ (risai shoumeisho) အတွက်ဖြစ်သည့် ထိခိုက်မှုစစ်ဆေး ခြင်းနှင့်လည်း မဆိုင်ပါ။
      အရေးပေါ်အန္တရာယ်အဆင့်ဆုံးဖြတ်ချက် ရလဒ်နှင့်မဆိုင်ဘဲ အိမ်သည် ပျက်စီးနေလျှင် ကျေးရွာ၊ ရပ်ကွက် နှင့် မြို့နယ်ရုံးမှ ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာကို ရယူ၍ အိမ်ကို ပြုပြင်ရန် အစီအစဉ်ဆွဲပါ။
      အသေးစိတ်ကို ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံးသို့ မေးမြန်းပါ။
      ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာအကြောင်း 9-2 တွင်ကြည့်ပါ။

    1. အိမ်ကိုသိမ်းဆည်းခြင်း ပြုပြင်ခြင်းမပြုလုပ်မီ အိမ်၏မည်သည့်နေရာသည် မည်မျှ ပျက်စီးနေသည်၊ ရေများ မည်သည့်နေရာအထိ ဝင်လာသည်ကို ဓာတ်ပုံရိုက်ထားပါ။ ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာ (risai shoumeisho) နှင့် အာမခံကြေးကို လက်ခံသည့်အခါ အသုံးဝင်ပါမည်။
      ဓာတ်ပုံကို အိမ်၏အပြင်နှင့် အတွင်းကို ရိုက်ပါ။
      အိမ်တစ်ခုလုံးနှင့် ပျက်စီးသွားသောနေရာ၊ ရေဝင်လာသည့်ဓာတ်ပုံကို ရိုက်ပါမည်။

      အိမ်အပြင်ဓာတ်ပုံ
      • အိမ်တခုလုံးကို 4 မျက်နှာမှ ရိုက်ပါမည်။
      • အိမ်ထဲရေဝင်သည့်အခါ ရေအမြင့်နားလည်သည့် ဓာတ်ပုံကို ရိုက်ပါ။
      <ဥပမာ>
      1. မြေမျက်နှာပြင်မှ ရေဝင်သည့်နေရာအထိ ပေတံ (ပေ ဘူး) ဖြင့် တိုင်းတာခြင်း။

      2. ပေတံ (ပေဘူး)ဖြင့် ရေဝင်သည့်အမြင့်ကို ရိုက်ထား သောဓာတ်ပုံနှင့် အဝေးမှရိုက်သောဓာတ်ပုံ နှစ်ခုလုံး ရိုက်ခြင်း။
        လူလည်းအတူရိုက်လျှင် ရေဝင်သည့်အမြင့်ကို နားလည်ရလွယ်ကူစေပါသည်။


      အိမ်အတွင်းဓာတ်ပုံ
      1. ပျက်စီးသွားသောနေရာများ အပါအဝင် အခန်း တစ်ခု လုံးကို ရိုက်ခြင်း။

      2. ပျက်စီးသွားသောနေရာသီးသန့်ဓာတ်ပုံရိုက်ခြင်း။

    2. ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ ဆွေးနွေးတိုင်ပင်၍ ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာကို ရယူပါမည်။
      ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာသည် နိုင်ငံနှင့် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်မှ ထောက်ပံ့မှုများကို ရယူသည့်အခါ လိုအပ်ပါသည်။
      ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာအကြောင်း 9-2 တွင် ကြည့်ပါ။

    3. အိမ်တစ်ခုလုံး ပျက်စီးသွားလျှင် အိမ်ဆောင်ရန်အတွက် ငွေကို ချေးငှားနိုင်ပါသည်။ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံးထံ ဆွေးနွေးတိုင်ပင်ပါ။

    4. အိမ်ပြင်သည့်အခါ ဆောက်လုပ်ရေးမလုပ်မီ မည်သည့်ဆောက်လုပ်ရေးလုပ်မည်၊ ကုန်ကျစရိတ်မည်မျှဖြင့် ဆောက်လုပ်မည်ကို ရေးထားသောစာချုပ်ကို စစ်ဆေးပါ။ အလျင်စလို ပြုပြင်ရန်ပြုလုပ်ရင်း အလိမ်မခံရ အောင် ဂရုပြုပါ။

    5. မည်သူ့ထံ အပ်နှံရင် ကောင်းမည်ကို မသိသည့်အခါ၊ စိတ်ပူသည့်အခါ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထဲ ဆွေးနွေးတိုင်ပင်ပါ။

    1. ကြီးမားသောဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အိမ်ဆောက်လုပ်ရေးနှင့်ပြုပြင်ရေးများကြောင့် ငွေကြေး အခက်အခဲများ ဖြစ်ပွားသည်မျိုး ရှိပါသည်။
      (ဥပမာ - အမိုးကို အခမဲ့ စစ်ဆေးပေးပြီးနောက် မိုးယိုခြင်းကို ပြုပြင်မည်ဟုဆိုကာ စျေးကြီးသောစာချုပ်ကို ချုပ်ဆိုခဲ့ရခြင်း။)

      အိမ်ဆောက်လုပ်ခြင်းနှင့်ပြုပြင်ခြင်းကို လုပ်သည့်သူလာသော်လည်း ချက်ချင်း မဆုံးဖြတ်ပါနှင့်။
      အဆင်မပြေဖြစ်နေလျှင် ရဲစခန်းနှင့် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး၊ အိမ်နီးနားချင်းများနှင့် တိုင်ပင်ပါ။

    2. စာချုပ်ချုပ်ပြီးနောက်လည်း ငွေပြန်ရနိုင်သည်များ ရှိပါသည်။ အောက်ပါ ဖုန်းနံပါတ်များထံ ဆွေးနွေး တိုင်ပင်ပါ။

      ■ တိုကျိုမြို့တော်စားသုံးသူရေးရာစင်တာ 

      ဖုန်းနံပါတ် - 03-3235-1155 (ဘာသာစကား 5 မျိုး)
      ဆွေးနွေးတိုင်ပင်ရန် ငွေမကုန်ကျပါ။ ဖုန်းပြောခကို မိမိဘာသာ ပေးချေရပါမည်။

      https://www.shouhiseikatu.metro.tokyo.lg.jp/sodan/sodan_foreign.html(ဂျပန်ဘာသာဖြင့်သာ)

    1. “အပြာရောင်အခင်း” ဆိုသည်မှာ ပိုလီသင်းစသည့် ကော်စေ့ မှ ပြုလုပ်ထားသော အခင်း ဖြစ်ပါသည်။
      ခေါင်မိုးပျက်စီးသွားသည့်အခါ ပျက်စီးသွားသောနေရာကို အပြာရောင်အခင်းဖြင့် အုပ်လိုက်လျှင် မိုးယိုခြင်းကို ကာ ကွယ်နိုင်ပါသည်။

    2. ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများတွင် အပြာရောင်အခင်းကို ဝေပေး ပါသည်။
      ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးတွင် မေးမြန်းပါ။

    3. အပြာရောင်အခင်းကို မိမိဘာသာအုပ်ရန် ခက်ခဲလျှင် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး သို့မဟုတ် ဘေးအန္တ ရာယ်ပရဟိတစင်တာထံ ဆွေးနွေးတိုင်ပင်ပါ။
      ကျွမ်းကျင်သူဟုဆိုကာ စျေးအများကြီးတောင်းသူများလည်း ရှိပါသည်။ သတိထားပါ။

  • ထိုအတိုင်းထားလျှင် မှိုစွဲသွားပါမည်။
    ကြမ်းနှင့်ဖျာကို ခွာပြီး ကြမ်း ပြင်အောက်ကို အခြောက်ခံပါမည်။
    အထူးနည်းပညာလိုအပ်သည့်အတွက် ကျွမ်းကျင်သူထံ အပ်နှံပါ။
    ကျွေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုး၊ ဘေးအန္တရာယ်ပရဟိတစင်တာ သို့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။
    ကျွမ်းကျင်သူဟုဆိုကာ စျေးအများကြီးတောင်းသူများလည်း ရှိပါ သည်။ သတိထားပါ။

    1. ကြီးမားသောဘေးအန္တရာယ်ဖြစ်ပေါ်ပြီးနောက် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများမှ အတန်ကြာ နေထိုင်ရန်အိမ် အဖြစ် “ယာယီအိမ်ယာ” ကို ပြုလုပ်တာများပါသည်။
      ခိုလှုံရာနေရာ (hinanjo) နှင့် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ် ရုံးထံ ဆွေးနွေးတိုင်ပင်ပါ။

      ☞ ဝေါဟာရစုစည်းမှု -ယာယီအိမ်ယာ

    2. ယာယီအိမ်ယာအပြင် ဆွေမျိုးနှင့်အသိအိမ်၊ အငှားအိမ်စသည့် မည်သည့်နေရာတွင် နေထိုင်လျှင် ကောင်း မည်ကို စဉ်းစားပါ။

      အသေးစိတ်ကို အောက်ပါ စာမျက်နှာတွင် ကြည့်ရှုပါ။ (ဘာသာစကား 4 မျိုး)

      ■တိုကျိုယာယီအိမ်ယာ (တိုကျိုမြို့တော်အိမ်ယာစီမံရေးဌာနချုပ်)

      https://www.juutakuseisaku.metro.tokyo.lg.jp/about/leaflet_tokyokari.html(ဂျပန်ဘာသာ)

      https://www.juutakuseisaku.metro.tokyo.lg.jp/about/pdf/leaflet_tokyokari_A4_en_01.pdf(အင်္ဂလိပ်ဘာသာ)

    1. ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ ဆွေးနွေးတိုင်ပင်၍ “ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာ (risai shoumeisho)” ကို ရယူပါ။
      ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာသည် နိုင်ငံနှင့် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်မှ ထောက်ပံ့မှုများကို ရယူသည့်အခါ လိုအပ်ပါသည်။
      ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာအကြောင်း 9-2 တွင် ကြည့်ပါ။

    2. အိမ်ပျက်စီး၍ ဒုက္ခရောက်နေသူများအတွက် အောက်ပါထောက်ပံ့မှုများ ရှိပါသည်။

       အသေးစိတ်ကို “ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ အသုံးပြုနိုင်သောငွေကြေးဆိုင်ရာအထောက်အပံ့များ” တွင် ကြည့်ပါ။

      ☞ ဝေါဟာရစုစည်းမှု :ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ အသုံးပြုနိုင်သောငွေကြေးဆိုင်ရာ အထောက်အပံ့များ

    3. မည်ကဲ့သို့သောကိစ္စများတွင် ငွေချေးပေးမည်ဆိုသည်မှာ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးအလိုက် ကွဲပြား ပါသည်။ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ ဆွေးနွေးတိုင်ပင်ပါ။

    4. ငလျင်ကြောင့် အိမ်ပျက်စီးသွားခဲ့သည့်အခါရှိ အာမခံတွင် ဝင်ထားလျှင် ငွေ ရရှိနိုင်ပါသည်။
      အာမခံကုမ္ပဏီထံ စစ်ဆေး၍ လုပ်ထုံးလုပ်နည်းကို ဆောင်ရွက်ပါ။

  • အိမ်ယာချေးငွေကို ပြန်ဆပ်နေချိန်တွင် ဘေးအန္တရာယ်ကြောင့် အိမ်ပျက်စီးသွားခဲ့လျှင် အကြွေးကို လျော့ပေါ့ပေး သော စနစ်ရှိပါသည်။
    ဘဏ်နှင့် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ ဆွေးနွေးတိုင်ပင်ပါ။

  • နေထိုင်သူအချင်းချင်းမှ အတူတူ စကားပြောဆိုဆွေးနွေး၍ မည်ကဲ့သို့သောဒေသအဖြစ် ပြုလုပ်မည်ကို ဆုံးဖြတ်ပါ မည်။
    ထို့နောက် အဆောက်အဦများကို ဆောက်လုပ်သွားပါမည်။
    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးမှ သူများလည်း အတူတူ စကားပြောဆိုဆွေးနွေးသည်မျိုးလည်း ရှိပါသည်။
    စကားပြောဆိုဆွေးနွေးခြင်းသည် နှစ်အတန်ကြာမြင့်သည်မျိုးလည်း ရှိပါသည်။
    နေထိုင်သူများ၏အတွေးများသည် အလျင်အမြန် စုစည်းမိလျှင် အလျင်အမြန် အဆောက်အဦကို ဆောက်လုပ် နိုင်ပါသည်။
    စကားပြောဆိုဆွေးနွေးရာတွင် ပူးပေါင်းပါဝင်ပါ။

    災害が来る前 ページ アイコン