5 ဆက်သွယ်ခြင်း၊ သတင်းအချက်အလက်
-
-
ကြီးမားသောဘေးအန္တရာယ်ကျရောက်သည့်အခါ လူများစွာမှ ဖုန်းအသုံးပြုသည့်အတွက် ဖုန်းဆက်၍မရပါ။ 5-2 တွင် ရေးထားသောနည်းလမ်းအတိုင်း ဆက်သွယ်ပါ။
-
အရေးပေါ် (ရဲစခန်းနှင့် လူနာတင်ယာဉ်၊ မီးသတ်ကား ခေါ်ခြင်း) ဖြစ်သည့်အခါ ဖုန်းအသုံးပြုမှ ရမည့် အခြေအနေတွင် အများသုံးတယ်လီဖုန်းကို အသုံးပြုနိုင်ပါသည်။
နိုင်ငံခြားသို့ခေါ်ဆိုနိုင်သောအများသုံးတယ်လီဖုန်းများတွင် နိုင်ငံခြားသို့ ဖုန်းပြောနိုင်သည်ဟု ရေးထားပါ သည်။
အများသုံးတယ်လီဖုန်းအသုံးပြုနည်း-
အရေးပေါ် (ရဲစခန်းနှင့် လူနာတင်ယာဉ်၊ မီးသတ်ကား ခေါ်ခြင်း) ဖြစ်သည့်အခါ
① ဖုန်းစကားပြောခွက်ကို ယူပါမည်။ ပိုက်ဆံမထည့်ပါ။
-
② အနီရောင်ခလုတ်ရှိသည့်အခါ ခလုတ်ကို နှိပ်ပါမည်။
အနီရောင်ခလုတ်မရှိလျှင် ထိုအတိုင်းဖုန်းဆက်ပါမည်။ ③ ရဲစခန်းကိုခေါ်သည့်အခါ 110 ကို နှိပ်ပါမည်။
လူနာတင်ယာဉ်နှင့် မီးသတ်ကားကို ခေါ်သည့်အခါ 119 ကို နှိပ်ပါမည်။
-
မည်သို့ပင်ဖြစ်စေ ဖုန်းအသုံးပြုချင်လျှင်
① ဖုန်းစကားပြောခွက်ကို ယူပါမည်။ ပိုက်ဆံထည့်ပါမည်။
ပိုက်ဆံသည် 10 ယန်း အကြွေစေ့ သို့မဟုတ် ယန်း 100 အကြွေစေ့ကို အသုံးပြုနိုင်သော အများသုံး တယ်လီဖုန်းများ များပါသည်။
အီလက်ထရောနစ်ငွေကြေးကို အသုံးပြုနိုင်သော အများသုံးတယ်လီဖုန်းများလည်း ရှိပါသည်။
ကြီးမားသောဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ငွေမထည့်သော်လည်း အများသုံးတယ်လီဖုန်းများ အသုံးပြုရခြင်းမျိုး ရှိပါသည်။-
② ဖုန်းနံပါတ်ကို နှိပ်ပါမည်။
အများသုံးတယ်လီဖုန်းနေရာများကို အောက်ပါ စာမျက်နှာတွင် ကြည့်ရှုပါ။
■အများသုံးတယ်လီဖုန်း ထားရှိရာနေရာရှာဖွေရန် (NTTအရှေ့ဂျပန်)https://publictelephone.ntt-east.co.jp/ptd/map/search/addrlist/13/(ဂျပန်ဘာသာ)
-
-
-
ကြီးမားသောဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ လူများစွာမှ ဖုန်းအသုံးပြုသည့်အတွက် ဖုန်းဆက်၍မရပါ။
မိသားစုနှင့်သူငယ်ချင်းများ အန္တရာယ်ကင်းမကင်းကို အောက်ပါနည်းလမ်းများဖြင့် ရှာဖွေနိုင်ပါသည်။
ဘေးအန္တရာယ်မဖြစ်ပေါ်မီ မည်သည့်နည်းလမ်းဖြင့် ဆက်သွယ်မည်ကို ဆုံးဖြတ်ထားရအောင်။-
အင်တာနက်ကို အသုံးပြုခြင်း
-
①
ဘေးအန္တရာယ်သုံးမက်ဆေ့ဘုတ် (web171) (NTT အရှေ့ဂျပန်၊ NTT အနောက်ဂျပန်)
ဝက်ဘ်ဆိုက်တွင် စာဖြင့် မက်ဆေ့စကားကို မှတ်ပုံတင်ထားနိုင်ပါသည်။
ဖုန်းနံပါတ်ကို သိသောသူသည် ထိုမက်ဆေ့ စကားကို မြင်တွေ့နိုင်သည်။
https://www.web171.jp/
(ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ) -
② လက်ကိုင်ဖုန်းရှိ ဘေးအန္တရာယ်သုံးမက်ဆေ့စကားဝန်ဆောင်မှု
လက်ကိုင်ဖုန်းကုမ္ပဏီ (NTT docomo, Softbank, KDDI(au), Y! Mobile, Rakuten Mobile) ၏ ဝက်ဘ်ဆိုက်တွင် စာဖြင့် မက်ဆေ့စကားကို မှတ်ပုံတင်ထားနိုင်ပါသည်။
ဖုန်းနံပါတ်ကို သိသောသူသည် ထိုမက်ဆေ့ စကားကို မြင်တွေ့နိုင်သည်။
အခြားလက်ကိုင်ဖုန်းကုမ္ပဏီ၏ဝက်ဘ်ဆိုက်တွင် တင်ထားသော မက်ဆေ့စကားကိုလည်း ကြည့်ရှု နိုင်သည်။
■NTT docomo
https://www.docomo.ne.jp/info/disaster/disaster_board/
(ရှင်းလင်းချက် - ဂျပန်ဘာသာ)
http://dengon.docomo.ne.jp/top.cgi?es=0 (ဂျပန်ဘာသာ)
http://dengon.docomo.ne.jp/Etop.cgi?es=0 (အင်္ဂလိပ်ဘာသာ)
■SoftBank
https://www.softbank.jp/mobile/service/dengon/boards/
(ရှင်းလင်းချက် - ဂျပန်ဘာသာ)
http://dengon.softbank.ne.jp/ (ဂျပန်ဘာသာ)
http://dengon.softbank.ne.jp/pc-e1.jsp (အင်္ဂလိပ်ဘာသာ)
■KDDI(au)
https://www.au.com/mobile/anti-disaster/saigai-dengon/
(ရှင်းလင်းချက် - ဂျပန်ဘာသာ)
http://dengon.ezweb.ne.jp/ (ဂျပန်ဘာသာ)
http://dengon.ezweb.ne.jp/E/service.do (အင်္ဂလိပ်ဘာသာ)
■Y! mobile
https://www.ymobile.jp/service/dengon/ (ဂျပန်ဘာသာဖြင့်သာ)
■Rakuten Mobile
https://network.mobile.rakuten.co.jp/service/disaster_board/
(ဂျပန်ဘာသာဖြင့်သာ)
-
③ Google Person Finder
မိမိအန္တရာယ်ကင်းမကင်း မှတ်ပုံတင်ခြင်း၊ မိသားစုနှင့်သူငယ်ချင်းများ၏ အန္တရာယ်ကင်းကြောင်းကို စစ်ဆေးနိုင်ပါသည်။
https://google.org/personfinder/japan (ဂျပန်ဘာသာ)
https://google.org/personfinder/japan?lang=my (မြန်မာဘာသာ) -
④ Facebook Safety Check
ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ Facebook တွင် မိမိအန္တရာယ်ကင်းကြောင်း အစီရင်ခံခြင်း၊ မိသားစု နှင့်သူငယ်ချင်းများ၏ အန္တရာယ်ကင်းကြောင်းကို စစ်ဆေးနိုင်ပါသည်။
https://www.facebook.com/help/141874516227713/ (ဂျပန်ဘာသာ)
https://www.facebook.com/about/safetycheck/ (အင်္ဂလိပ်ဘာသာ)
-
-
ဖုန်းအသုံးပြုခြင်း
ဘေးအန္တရာယ်သုံးမက်ဆေ့စကားနံပါတ် (171)ဖုန်းဆက်၍မရသည့်အခါတွင်လည်း ဖုန်း (လက်ကိုင်ဖုန်း၊ အိမ်ဖုန်း၊ အများသုံးတယ်လီဖုန်း) ဖြင့် မက်ဆေ့ စကားကို ချန်ထားနိုင်ပါသည်။
မိသားစုနှင့်သူငယ်ချင်းများက မက်ဆေ့စကားချိန်ထားလျှင်လည်း နားထောင်နိုင်ပါသည်။
နားထောင်ရန်လည်း လက်ကိုင်ဖုန်း၊ အိမ်ဖုန်း၊ အများသုံးတယ်လီဖုန်းကို အသုံးပြုပါမည်။
အများသုံးတယ်လီဖုန်းသည် မက်ဆေ့စကားချန်ထားခြင်းရော နားထောင်ခြင်းပါ အခမဲ့ဖြစ်ပါသည်။
အသံလမ်းညွှန်သည် ဂျပန်ဘာသာဖြင့်သာ ဖြစ်ပါသည်။
အသုံးပြုပုံကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။
■ဘေးအန္တရာယ်သုံးမက်ဆေ့စကားနံပါတ် (171) (NTT အရှေ့ဂျပန်)https://www.ntt-east.co.jp/saigai/voice171/ (ဂျပန်ဘာသာ)
https://www.ntt-east.co.jp/en/saigai/voice171/ (အင်္ဂလိပ်ဘာသာ)
-
အခြား
① မိသားစုနှင့် သူငယ်ချင်းအိမ်အနီးနားရှိ ခိုလှုံရာနေရာ (hinanjo) ၏ တာဝန်ခံထံ မေးမြန်းပါ။
② မိသားစုနှင့် သူငယ်ချင်းတို့ နေထိုင်သော ကျေးရွာ၊ ရပ်ကွက်မြို့နယ်ရုံးထံ မေးမြန်းပါ။
③ မိသားစုနှင့် သူငယ်ချင်း၏ အမိနိုင်ငံသံရုံးထံမေးမြန်းပါ။
-
-
-
လက်ရှိနေထိုင်နေသော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ် အချက်အလက်များ
-
ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးဝက်ဘ်ဆိုက်၊ SNS (Facebook, LINE, X (ယခင် Twitter) စသဖြင့်)၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအပလီကေးရှင်း၊ သတင်းလွှာများမှ သိနိုင်ပါသည်။ အင်တာနက်တွင် ရှာဖွေခြင်း သို့မဟုတ် အခြားသူထံ မေးမြန်းပါ။
-
အနီးနားရှိ ခိုလှုံရာနေရာ (hinanjo) များမှ သိနိုင်ပါသည်။ ခိုလှုံရာနေရာ ကြော်ငြာဘုတ်ကို ကြည့်ပါ။
-
ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ ကျေးရွာ၊ ရပ်ကွက် နှင့်မြို့နယ်ရုံးမှ အရေးကြီးသောထုတ်လွှင့်မှု လုပ်ပါ သည်။
ဂျပန်လို နားမလည်လျှင် သင်၏ဘာသာစကားကို နားလည်သောသူထံ ထိုထုတ်လွှင့်မှုသည် မည်သည့်အကြောင်းအရာကို ပြောနေသည်လဲကို မေးမြန်းပါ။ -
ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အလိမ်အညာ သတင်း များ များစွာ ထွက်လာပါသည်။
အလိမ်အညာဖြစ်နိုင်သည်ဟုထင်ရသည့် အချက် အလက်များကို မြင့်တွေ့ရသည့်အခါ၊ ကြားသိရသည့် အခါ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး သို့မဟုတ် ရဲ စခန်းထံ ဆွေးနွေးတိုင်ပင်ပါ။
-
-
တိုကျိုမြို့တော်၊ တစ်နိုင်ငံလုံးသတင်းအချက်အလက်
-
[တိုကျိုမြို့တော်] တိုကျိုမြို့တော်အန္တရာယ်ကြိုတင်ကာကွယ်ရေးအပလီကေးရှင်း (တိုကျိုမြို့တော်အထွေထွေရေးရာဌာန အထွေထွေဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေးဌာန)
တိုကျိုမြို့တော်တွင် ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ ခိုလှုံရန်သတင်းအချက်အလက်များနှင့် ဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်များကို သိနိုင်သော အပလီကေးရှင်း ဖြစ်ပါသည်။ တိုကျိုမြို့တော် အန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံနှင့်မိုးလေဝသ သတင်းများကိုလည်း ကြည့်ရှုနိုင်ပါသည်။ (ဘာသာစကား 4 မျိုး)
https://www.bousai.metro.tokyo.lg.jp/1028747/index.html
(ဂျပန်ဘာသာ၊ စက်ဘာသာပြန်ပါရှိခြင်း) -
[တိုကျိုမြို့တော်] တိုကျိုမြို့တော် အန္တရာယ်ကြိုတင် ကာကွယ်ရေးမြေပုံ (တိုကျိုမြို့တော်အထွေထွေရေးရာဌာန အထွေထွေဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေးဌာန)
တိုကျိုမြို့တော်၏ ဘေးအန္တရာယ်သတင်းအချက်အလက်များ၊ ခိုလှုံရန်သတင်းအချက်အလက်များ၊ ခိုလှုံရန်နေရာများ စသည့် အချက်အလက်များကိုသိနိုင်ပါသည်။
https://map.bosai.metro.tokyo.lg.jp/
(စက်ဖြင့်ဘာသာပြန် ပါရှိခြင်း (အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ) ) -
[တစ်နိုင်ငံလုံး] မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန (ဘာသာစကား 14 မျိုး)
ငလျင်၊ ဆူနာမီ (tsunami)၊ မုန်တိုင်း၊ မိုးတိမ်များ ရွေ့လျားလာ မှုစသည့် သတင်းအချက်အလက်များကို သိနိုင်ပါသည်။
https://www.data.jma.go.jp/multi/index.html?lang=jp(ဂျပန်ဘာသာ)
https://www.data.jma.go.jp/multi/index.html?lang=en(မြန်မာဘာသာ) -
[တစ်နိုင်ငံလုံး]Safety tips (ခရီးသွားလာရေးဦးစီးဌာန)
ဘေးအန္တရာယ်သတင်းအချက်အလက်များနှင့် ခိုလှုံနည်းများကို သိနိုင်သောအပလီကေးရှင်း ဖြစ်ပါသည်။ (ဘာသာစကား 14 မျိုး)
https://tabunka.tokyo-tsunagari.or.jp/info/2024/01/22.html (ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/english/info/2024/01/22.html(အင်္ဂလိပ်ဘာသာ) -
[တိုကျိုမြို့တော်] တိုကျိုမြို့တော်ယဉ်ကျေးမှုပေါင်းစုံဝက်ဘ်ဆိုက် (TIPS)
နိုင်ငံခြားသားများအတွက် အသုံးဝင်သောသတင်းအချက်အလက်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်လွှင့်ပါသည်။ (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ - “ဘေးအန္တရာယ်အကြောင်းသင်ယူခြင်း” သည် ဘာသာစကား 10 မျိုး)
https://tabunka.tokyo-tsunagari.or.jp/index.html (ဂျပန်ဘာသာ)
https://tabunka.tokyo-tsunagari.or.jp/english/index.html(အင်္ဂလိပ်ဘာသာ)
-
-
-
-
NHK WORLD-JAPAN တွင် နိုင်ငံခြားဘာသာစကားဖြင့် သတင်းကို နားထောင်နိုင်ပါသည်။
- တီဗွီမှထုတ်လွှင့်ခြင်း - 24 နာရီ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ခြင်း
- ရေဒီယိုမှထုတ်လွှင့်ခြင်း - ပြည်တွင်း AM ရေဒီယို (NHK ရေဒီယိုအမှတ်စဉ် 2) တွင် ဘာသာစကား 9 မျိုးဖြင့် ထုတ်လွှင့်ခြင်း
- ဝက်ဘ်ဆိုက် - ဂျပန်ဘာသာစကားအပါအဝင် ဘာသာစကား အမျိုး 20 ဖြင့် သတင်းကို ထုတ်လွှင့်ခြင်း
- အပလီကေးရှင်း - ဘာသာစကား 19 မျိုးဖြင့် သတင်းကို ထုတ်လွှင့်ခြင်း
-
ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ အောက်ပါနည်းလမ်းများဖြင့် နိုင်ငံခြားဘာသာစကားသတင်းများကို ကြည့်နိုင်ပါသည်။
① မုန်တိုင်းနှင့်ငလျင်စသည့် ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ② ပြင်းအား 5 အပျော့ (shindo 5 jaku) အထက် ငလျင်ဖြစ်ပွားသည့်အခါ ဆူနာမီ၊ အပြင်းစားဆူနာမီ ဘေးအန္တရာယ်သတိပေးချက်၊ မိုးသည်းထန်စွာရွာမှုဆိုင်ရာအရေးပေါ်သတိပေးခြင်း၊ J သတိပေးချက် ကို ထုတ်လွှင့်ခဲ့သည့်အခါ③ ဆူနာမီဘေးအန္တရာယ်သတိပေးချက်၊ ဆူနာမီသတိပေးချက်များထုတ်လွှင့်သည့်အခါ④ ငလျင်၊ ဆူနာမီဘေးအန္တရာယ်သတိပေးချက်၊ ဆူနာမီသတိပေးချက်များထွက်ပေါ်လာသည့်အခါ မုန်တိုင်းအန္တရာယ်ကြိုတင်သတိပေးချက်များ ထုတ်လွှင့်သည်အခါ
ကြည့်ရန် - NHK WORLD-JAPAN အပလီကေးရှင်းနှင့် ဝက်ဘ်ဆိုက် ဘာသာစကား - အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ (ပြည်မသုံးစာလုံး၊ အစဉ်အလာသုံးစာလုံး)၊ ကိုရီးယားဘာသာ၊ ဗီယက်နမ်ဘာသာ၊ အာရဘီဘာသာ၊ ဘင်္ဂါလီဘာသာ၊ မြန်မာဘာသာ၊ ပြင်သစ် ဘာသာ၊ ဟိန္ဒူဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ ပါရှန်ဘာသာ၊ ပေါ်တူဂီဘာသာ၊ ရုရှားဘာသာ၊ စပိန် ဘာသာ၊ ဆွာဟီလီဘာသာ၊ ထိုင်းဘာသာ၊ တူရကီဘာသာ၊ ယူကရိန်းဘာသာ၊ အူရဒူဘာသာ
ကြည့်ရန် - NHK WORLD-JAPAN အပလီကေးရှင်းနှင့် ဝက်ဘ်ဆိုက် နည်းလမ်း - “အရေးပေါ်တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာ” ပြုလုပ်ထား၍ ထိုနေရာတွင် NHK အထွေထွေ တီဗွီ၏ အထူးပြသသောသတင်းကို AI အင်္ဂလိပ်ဘာသာစာတန်းထိုး၊ အသံဖြင့် ထုတ်လွှင့်ခြင်း ဘာသာစကား - အင်္ဂလိပ်ဘာသာဖြင့်သာ
ကြည့်ရန် - NHK အထွေထွေ တီဗွီ၊ NHK ပညာရေးတီဗွီ၊ NHK BS ထုတ်လွှင့်မှု NHK ရေဒီယို အမှတ်စဉ် 2 ထုတ်လွှင့်မှု (တိုကျို 693kHz 500kw) နည်းလမ်း - ဒုတိယအသံများဖြင့် ဘာသာစကားအမျိုးမျိုးကို ထုတ်လွှင့်ခြင်း ဘာသာစကား - အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ဗီယက်နမ်ဘာသာ၊ ပေါ်တူဂီဘာသာ
ကြည့်ရန် - NHK WORLD-JAPAN အပလီကေးရှင်း နည်းလမ်း - မုန်တိုင်းအန္တရာယ်ကြိုတင်သတိပေးချက်အနေနှင့်အသိပေးခြင်း ပြင်းအား 3အထက် သို့မဟုတ် ပြင်းအား 5 အပျော့အထက် (အသုံးပြုသူ ဆက်တင်ပေါ်မူ တည်၍ ကွာခြားခြင်း) ရှိသော ငလျင်ဖြစ်ပေါ်သည့်အခါနှင့် သတိပေးချက်ကိုကျော်လွန် သော ဆူနာမီ သတိပေးချက်၊ မိုးသည်းထန်ခြင်းနှင့် မုန်တိုင်းများ၏ အထူးသတိပေးချက် သတင်းများကို စမတ်ဖုန်းများတွင် အလိုအလျောက်အသိပေးခြင်း ဘာသာစကား - အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ (ပြည်မသုံးစာလုံး၊ အစဉ်အလာသုံးစာလုံး)၊ ဗီယက်နမ်ဘာသာ၊ ပေါ်တူဂီဘာသာ၊ ပြင်သစ်ဘာသာ၊ ဟိန္ဒူဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာသာ၊ ထိုင်းဘာသာ ※သတင်းကြိုတင်သတိပေးချက်သည် အင်္ဂလိပ်ဘာသာဖြင့်သာ
■NHK WORLD-JAPAN ဝက်ဘ်ဆိုက် (NHK)
https://www3.nhk.or.jp/nhkworld/en/multilingual_links/(ဂျပန်ဘာသာအပါအဝင် ဘာသာစကား အမျိုး 20)
■NHK WORLD RADIO (NHK)https://www3.nhk.or.jp/nhkworld/ja/radio/ (ဘာသာစကား 17 မျိုး)
■NHK WORLD-JAPAN အပလီကေးရှင်း (NHK)https://www3.nhk.or.jp/nhkworld/ja/app/#p-notification (ဘာသာစကား 19 မျိုး)
https://www3.nhk.or.jp/nhkworld/my/app/#p-notification (မြန်မာဘာသာ)
-
NHK WORLD-JAPAN တွင် နိုင်ငံခြားဘာသာစကားဖြင့် သတင်းကို နားထောင်နိုင်ပါသည်။
-
-
ဘေးအန္တရာယ်ဖြစ်ပေါ်ပြီးနောက် စကားပြန် ချက်ချင်း မရှိ ခြင်းမျိုး များပါသည်။
ဘာသာစကားနားမလည်လျှင် ဘာသာပြန်အပလီကေးရှင်း စသည်တို့ကို အသုံးပြုပါ။
■ဘာသာစကားမျိုးစုံအသံဘာသာပြန်အပလီကေးရှင်း “VoiceTra (ဗွိုက်စ်ထရာ)” (International Institute of Information and Communications Technology (NICT)) (ဘာသာစကား 31 မျိုး)
ဒေါင်းလုတ် URL
https://apps.apple.com/jp/app/id581137577(App Store - ဂျပန်ဘာသာ)
https://apps.apple.com/app/id581137577 (App Store - အင်္ဂလိပ်ဘာသာ)
https://play.google.com/store/apps/details?id=jp.go.nict.voicetra(Google Play - ဂျပန်ဘာသာ)
https://play.google.com/store/apps/details?id=jp.go.nict.voicetra&hl=en(Google Play - အင်္ဂလိပ်ဘာသာ)
-
ဘာသာပြန်အပလီကေးရှင်းကို အသုံးပြုသော်လည်း စကားပြောရန် ခက်ခဲသည့်အခါ ဂျပန်စကား ပြောတတ်၍ သင်၏ဘာသာစကားကို ပြောတတ်သူ သို့မဟုတ် ကျွေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ မေးမြန်းပါ။
-
-
-
ကြီးမားသောဘေးအန္တရာယ်များ ဖြစ်ပေါ်သည့်အခါ အနည်းငယ်ကြာသည့်အခါ လက်ကိုင်ဖုန်းကုမ္ပဏီများ ၏ Wi-Fi ကို အသုံးပြု၍ ရလာနိုင်ပါသည်။
Wi-Fi ကို ON ထားပြီးနောက် ကွန်ယက်အမည် (SSID) တွင် “00000JAPAN” ကို ရွေးပါ။ လျှို့ဝှက်နံပါတ် မလိုပါ။ မည်သူမဆို အခမဲ့ဖြင့် Wi-Fi အသုံးပြုနိုင်ပါသည်။
-
TOKYO FREE Wi-Fi ကို အသုံးပြုနိုင်ပါသည်။
■TOKYO FREE Wi-Fi(တိုကျိုမြို့တော်)
အသုံးပြုနိုင်သောနေရာကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။ (ဘာသာစကား 4မျိုး)https://www.wifi-tokyo.jp/ja/ (ဂျပန်ဘာသာ)
https://www.wifi-tokyo.jp/ (အင်္ဂလိပ်ဘာသာ)
■TOKYO FREE Wi-Fi(OpenRoaming)(တိုကျိုမြို့တော်)https://wi-fi.metro.tokyo.lg.jp/ (ဂျပန်ဘာသာ)
https://wi-fi.metro.tokyo.lg.jp/en/ (အင်္ဂလိပ်ဘာသာ)

-
မည်သူမဆိုအသုံးပြုနိုင်သော Wi-Fi ဖြစ်သည့်အတွက် လုံခြုံရေးကို ဂရုစိုက်ပါ။
-
-
အောက်ပါစာမျက်နှာတွင် စာနှင့်အထုတ်များ ပေးပို့မှုအခြေအနေကို ရှာဖွေနိုင်ပါသည်။
■ပေးပို့မှုသတင်းအချက်အလက် (စာတိုက်ကြီး)https://www.post.japanpost.jp/unkou.html(ဂျပန်ဘာသာဖြင့်သာ)
-
-
မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းမှ ဖုန်းနှင့် မေးလ်စသည်တို့ဖြင့် အကြောင်းကြားမှု ရှိပါသည်။ ဖုန်းပျက်နေလျှင် အသုံးပြုနိုင်သောဖုန်းနံပါတ်ကို ကျောင်းသို့ ပြောပြပါ။
-
မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း သို့မဟုတ် ကျောင်းအနီးရှိ ခိုလှုံရာနေရာ (hinanjo) များတွင် သိရှိနိုင်ပါသည်။
-
မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းရှိသော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ မေးမြန်းပါ။
-
အခြားကျောင်းများသည် ကျောင်းများသို့ တိုက်ရိုက်မေးမြန်းပါ။
-
-
ကြီးမားသောဘေးအန္တရာယ်ဖြစ်ပေါ်သည့်အခါ ကျောင်းများသည် ဝင်ခွင့်စာမေးပွဲအချိန်ကို ပြောင်းလဲခြင်း၊ အခြားရက်များတွင် စာမေးပွဲစစ်ဆေးခြင်းမျိုး ရှိပါသည်။ ကျောင်းသို့ မေးမြန်းပါ။