災害のときのQ&A

3 ရောဂါ၊ ဒဏ်ရာ

病気・けが

3 ရောဂါ၊ ဒဏ်ရာ

    1. ကြီးမားသောဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ဆရာဝန်များ မှ အခမဲ့ ကြည့်ရှုပေးသော ကျန်းမာရေးရှေးဦးသူနာပြုစခန်း များ ထားရှိပါသည်။ အာမခံကတ် မလိုအပ်ပါ။
      ကျန်းမာရေးရှေးဦးသူနာပြုစခန်းများ မည်သည့်နေရာတွင် ရှိသည်ကို ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးများထံ မေးမြန်း ပါ။

      ☞ ဝေါဟာရစုစည်းမှု -ကျန်းမာရေးရှေးဦးသူနာပြုစခန်း

    2. ခိုလှုံရာနေရာ (hinanjo) တွင် ဆရာဝန်နှင့် သူနာပြုများ လာရောက်ခြင်း ရှိပါသည်။ ဆရာဝန်နှင့် သူနာပြု များ မည်သည့်အချိန် လာရောက်မည်ကို ခိုလှုံရာနေရာတာဝန်ခံထံ မေးမြန်းပါ။

    3. နိုင်ငံခြားဘာသာစကားဖြင့် ဆောင်ရွက်ပေးနိုင်သောဆေးရုံများအတွက် အောက်ပါဖုန်းနံပါတ်များတွင် မေးမြန်းပါ။
      ■တိုကျိုမြို့တော်ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာသတင်းအချက်အလက်စင်တာ (ဟိမာဝရိ) (တိုကျိုမြို့တော်ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာဌာန)
      ဖုန်းနံပါတ် - 03-5285-8181 နေ့စဉ် မနက် 9:00 နာရီမှ ည 8:00 နာရီအထိ

  • အနီးနားရှိ ကျန်းမာရေးရှေးဦးသူနာပြုစခန်းတွင် ပြသပါ။ ငွေကြေးမလိုအပ်ပါ။ အာမခံကတ် မလိုအပ်ပါ။
    ကျန်းမာရေးရှေးဦးသူနာပြုစခန်းများ မည်သည့်နေရာတွင် ရှိသည်ကို ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံးတွင် မေးမြန်းပါ။

    ☞ ဝေါဟာရစုစည်းမှု -ကျန်းမာရေးရှေးဦးသူနာပြုစခန်း

    1. ဘေးအန္တရာယ်ဖြစ်ပွားပြီးပြီးချင်းတွင် ကျန်းမာရေးရှေးဦးသူနာပြုစခန်းများ၌ စကားပြန် မရှိပါ။ ဂျပန်စကား နားလည်သောသူနှင့်အတူ သွားပါ။
      ဂျပန်စကားနားလည်သူမရှိလျှင် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ မေးမြန်းပါ

      ☞ ဝေါဟာရစုစည်းမှု -ကျန်းမာရေးရှေးဦးသူနာပြုစခန်း

    2. နိုင်ငံခြားဘာသာစကားဖြင့် ဆောင်ရွက်ပေးနိုင်သောဆေးရုံများအတွက် အောက်ပါဖုန်းနံပါတ်များတွင် မေးမြန်းပါ။
      ■ကျိုမြို့တော်ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာသတင်းအချက်အလက်စင်တာ (ဟိမာဝရိ) (တိုကျိုမြို့တော်ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာဌာန)
      ဖုန်းနံပါတ် - 03-5285-8181 နေ့စဉ် မနက် 9:00 နာရီမှ ည 8:00 နာရီအထိ

    3. ဘာသာပြန်အပလီကေးရှင်းကို အသုံးပြု၍ လွယ်ကူသော စကားပြောများ ပြောနိုင်ပါသည်။
      ဘာသာပြန်အပလီကေးရှင်း “VoiceTra (ဗွိုက်စ်ထရာ)” အကြောင်း အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။

      ■ဘာသာစကားမျိုးစုံဘာသာပြန်အပလီကေးရှင်း VoiceTra (ဗွိုက်စ်ထရာ) (International Institute of Information and Communications Technology (NICT))

      https://voicetra.nict.go.jp/(ဂျပန်ဘာသာ)

      https://voicetra.nict.go.jp/en/(အင်္ဂလိပ်ဘာသာ)

    4. နိုင်ငံခြားဘာသာရပ်ဆေးဘက်ဆိုင်ရာမေးခွန်းလွှာ ဖြင့် သင်၏ ဒဏ်ရာနှင့်ရောဂါအခြေအနေကို ပြောပြနိုင်ပါ သည်။
      အောက်ပါစာမျက်နှာမှ ဒေါင်းလုတ်ဆွဲပါ။

      ■ နိုင်ငံခြားဘာသာရပ်ဆေးဘက်ဆိုင်ရာမေးခွန်းလွှာ (NPO International Community Hearty Konandai, Kanagawa International Foundation)

      https://kifjp.org/medical/ (ဘာသာစကား 23ခု)

  • အနီးနားရှိ ရဲအရာရှိထံ ပြောပါ။ ရဲစခန်း ဖုန်းနံပါတ်သည် 110 ဖြစ်ပါသည်။
    ရဲအရာရှိ ရောက်လာသည်အထိ ထိုအတိုင်းထားပါ။
    ရဲစခန်းကို မသိလျှင် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ ဆွေးနွေးတိုင်ပင်ပါ။