災害について学ぶ

တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံနှင့်ပတ်သက်၍ ①

တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံဆိုသည်မှာ

“တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ” တွင် မြေပုံကိုကြည့်ရင်းဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအဆောက်အဦ <သဘာဝဘေးအန္တရာယ်ကျရောက်ချိန်၌ အသုံးပြုနိုင်သော အဆောက်အဦ> နေရာများနှင့် သတင်းအချက်အလက်အသေးစိတ်တို့ကို ရှာဖွေနိုင်ပါသည်။

တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ၌ ရှာဖွေနိုင်သော အဆောက်အဦများ (ဥပမာ)

  • ခိုလှုံရာနေရာ (避難所hinanjo)避難所について
    ဘေးအန္တရာယ်ကြောင့် အိမ်တွင်နေထိုင်ရန် အန္တရာယ်ရှိသည့်အခါနှင့် အိမ်ပျက်စီးသွားခြင်းကြောင့် နေထိုင်ရန်မဖြစ်နိုင်တော့သည့်အခါတို့၌ သွားရမည့်နေရာ။ ကျောင်းနှင့် အများပြည်သူပိုင်ခန်းမများ စသည်တို့ဖြစ်ပါသည်။

  • ခိုလှုံရာစခန်း (避難場所hinanbasho)避難所について
    အန္တရာယ်များသည့်အခြေအနေမှ တိမ်းရှောင်ရန်အတွက် သွားရမည့်နေရာ။
    ပန်းခြံကြီးများ၊ မြေပြင်ကျယ်၊ တက္ကသိုလ်စသည်။

  • ယာယီနေထိုင်ရန်အဆောက်အဦ (一時滞在施設ichijitaizaishisetsu)
    ဈေးဝယ်ခြင်းစသည်တို့ကြောင့် နေအိမ်ပြင်ပသို့ရောက်နေပြီး အိမ်ပြန်ရန်မဖြစ်နိုင်သည့်သူများ 3 ရက်တာနေထိုင်နိုင်မည့် နေရာ။ မြို့တော်ပိုင်အဆောက်အဦများစသည်။

  • ရေပေးဝေရေးစခန်း (給水拠点kyūsuikyoten)避難所について
    သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ရေပြတ်သွားသည့်အခါများတွင် ရေခွဲပေးဝေမှု ရယူနိုင်သည့်နေရာ။

  • ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (医療機関iryōkikan)避難所について
    ဆေးရုံစသည်

  • သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်အိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန် ပံ့ပိုးကူညီရေးစင်တာ
    (災害時帰宅支援saigaijikitakushienステーションstation災害時saigaijiサポートステーションsupport station)
    避難所について
    ရေပိုက်လိုင်းမှရေ၊ အိမ်သာ၊ တီဗွီနှင့် ရေဒီယိုတို့မှ သတင်းအချက်အလက်များ ရယူနိုင်သည့် နေရာ။
    24 နာရီစတိုး၊ အမြန်စားအစားအစာ၊ မိသားစုစားသောက်ဆိုင်၊ ဓာတ်ဆီဆိုင်စသည်။

တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ အသုံးပြုနည်း ① ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဆောက်အဦများကို ရှာဖွေသည့်အခါ

  1. တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ ဝက်ဘ်ဆိုက်ကို ဖွင့်ပါ

    ■ တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ (တိုကျိုမြို့တော်အထွေထွေရေးရာဌာန အထွေထွေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန)
    https://map.bosai.metro.tokyo.lg.jp/(စက်ဘာသာပြန်ပါရှိခြင်း (အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ))

  2. လက်ရှိရောက်နေသည့်နေရာ၊ မိမိကြည့်လိုသောနေရာကို ရွေးထုတ်ခြင်း

    ● လက်ရှိရောက်နေသည့်နေရာကို ရွေးထုတ်ခြင်း
    ・ “တည်နေရာသတင်းအချက်အလက် အသုံးပြုခြင်း” အတွက် “ခွင့်ပြုမည်” ကို နှိပ်ပါ

    防災マップ

    ・“လက်ရှိတည်နေရာကို ဖော်ပြပါ” ကို နှိပ်ပါ။
    防災マップ

    ・မိမိကြည့်လိုသောနေရာကို ရွေးထုတ်သည့်အခါ → မြေပုံတွင် မိမိကြည့်လိုသောနေရာကို နှိပ်ပါ။

  3. အပေါင်း (+) ကိုနှိပ်ပြီး မြေပုံကို အကြီးချဲ့ပါ။

    ・ဘေးအန္တရာယ်ကာကွယ်ရေးအဆောက်အဦ (ခိုလှုံရာနေရာ၊ ခိုလှုံရေးစခန်း၊ ယာယီနေထိုင်ရန်အဆောက်အဦ၊ ရေပေးဝေရေးစခန်း၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း) : 1 ကီလိုမီတာ
    ・သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်အိမ်ပြန်ရန်ထောက်ပံ့ရေးစင်တာ၏ နေရာကို ကြည့်မည့်အခါ : 300 မီတာ မှ 100 မီတာ

    防災マップ

  4. “ပြသရမည့်သတင်းအချက်အလက်” ကို နှိပ်ပါ

    → ရှာဖွေလိုသည့် အဆောက်အဦကို ရွေးပါ

    防災マップ

  5. မြေပုံတွင် အမှတ်အသား “သေးငယ်သောပုံ” ထွက်လာပါမည်။

    → အမှတ်အသားကိုနှိပ်လိုက်ပါက အဆောက်အဦနှင့် နေရာတို့၏ အမည်၊ သတင်းအချက်အလက်များ ထွက်လာပါမည်။

    防災マップ

  6. အမှတ်အသား၏အဓိပ္ပာယ် ရှင်းလင်းချက်ကို ကြည့်ပါ

    “အဓိပ္ပာယ်ရှင်းလင်းချက်” ကို နှိပ်ပါ →“ပြသရမည့်သတင်းအချက်အလက်” တွင် ရွေးချယ်ထားသော သတင်းအချက်အလက်၏ ရှင်းလင်းချက် ထွက်ပေါ်လာပါမည်
    ခိုလှုံရာနေရာ၊ ယာယီနေထိုင်ရန်အဆောက်အဦ၏ အမှတ်အသားကို ကြည့်မည်ဆိုပါက လက်ရှိတွင် မည်သို့ဖြစ်နေကြောင်း ကို သိရှိနိုင်ပါမည်။

    防災マップ
  • ခိုလှုံရာနေရာ
未開設 (mikaisetsu) 閉鎖 (heisa) မဖွင့်သေးပါ၊ ပိတ်ထားပါသည်။
開設中 (kaisetsuchū)  空き (aki) ဖွင့်ထားပါသည်။ လွတ်နေပါသည်။
開設中 (kaisetsuchū)  混雑 (konzatsu) ဖွင့်ထားသော်လည်း ပြည့်ကျပ်နေပါသည်။
定員一杯 (teiinippai) လူအပြည့်ဖြစ်ပါသည်။ မဝင်နိုင်ပါ။
不明 (fumei) မသိပါ။
  • ယာယီနေထိုင်ရန်အဆောက်အဦ
未開設 (mikaisetsu) 閉鎖 (heisa) 不明 (fuumei) မဖွင့်သေးပါ၊ ပိတ်ထားပါသည်၊ မသိပါ
開設中 (kaisetsuchū)  受入可 (ukeireka) ဖွင့်ထားပါသည်။ ဝင်နိုင်ပါသည်။
開設中 (kaisetsuchū)  受入終了 (ukeiresyūryō) ဖွင့်ထားသော်လည်း လူပြည့်သွားပါပြီ။ မဝင်နိုင်တော့ပါ။