災害のときのQ&A

9 လုပ်ထုံးလုပ်နည်း၊ ထောက်ခံစာ

手続き・証明書 ページ アイコン

9 လုပ်ထုံးလုပ်နည်း၊ ထောက်ခံစာ

  • “ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာ (risai shoumeisho)” ကို ရယူပါ။
    ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာသည် နိုင်ငံနှင့် ကျေးရွာ၊
    ရပ်ကွက်နှင့်မြို့နယ်မှ ထောက်ပံ့မှုများကို ရယူသည့်အခါ လိုအပ် ပါသည်။
    ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာ ရယူနည်းကို ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးတွင် မေးမြန်းပါ။
    ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာအကြောင်း 9-2 တွင် ကြည့်ပါ။

    災害が来る前 ページ アイコン
  • “ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာ (risai shoumeisho)” ဆိုသည်မှာ ဘေးအန္တရာယ်ကြောင့် အိမ်သည် မည်မျှပျက်စီးသွားသည်ကို ဖော်ပြသော စာရွက်ဖြစ်ပါသည်။
    နိုင်ငံနှင့် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်မှ ထောက်ပံ့မှုများကို ရယူသည့်အခါ အသုံးပြုပါသည်။
    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးတွင် ရယူနိုင်ပါသည်။
    မီးလောင်သည့်အခါ မီးသတ်ဌာနတွင်ရယူရသည်မျိုးလည်း ရှိပါ သည်။
    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်၏ စစ်ဆေးသူမှ ပျက်စီးသွားသော အိမ်၏အခြေအနေကို စစ်ဆေးပြီးမှ ပြုလုပ်ပေးသည့်အတွက် လက်ခံရရှိသည်အထိ အချိန်ကြာပါသည်။

    災害が来る前 ページ アイコン

    ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာလိုအပ်သောထောက်ပံ့မှုဥပမာ

    • ထိခိုက်နစ်နာသူနေထိုင်မှုပြန်လည်တည်ဆောက်ရေးထောက်ပံ့ငွေ - ဘေးအန္တရာယ်ကြောင့် အိမ်ပျက်စီး သွားသူများ ရယူနိုင်သောငွေ

      ☞ ဝေါဟာရစုစည်းမှု - ထိခိုက်နစ်နာသူနေထိုင်မှုပြန်လည်တည်ဆောက်ရေးထောက်ပံ့ငွေ

    • ကယ်ဆယ်ရေးအလှူငွေ - ဘေးအန္တရာယ်ကြုံတွေ့ရသူများမှ ရယူနိုင်သောငွေ

      ☞ ဝေါဟာရစုစည်းမှု -ကယ်ဆယ်ရေးအလှူငွေ

    • အခွန်နှင့်အာမခံကြေးပေးချေခြင်းကို စောင့်ဆိုင်းခြင်းနှင့် လျှော့ပေးခြင်း (ပေးချေခြင်းကို နောက်သို့ ရွှေ့ဆိုင်းခြင်း၊ လျှော့ချခြင်းကို လုပ်ပေးခြင်း)

    • ယာယီအိမ်ယာ (kasetsu juutaku) - ဘေးအန္တရာယ်ကြောင့် မိမိအိမ် ပျက်စီးသွားသူများ အခမဲ့ နေထိုင် နိုင်သောအိမ်

      ☞ ဝေါဟာရစုစည်းမှု -ယာယီအိမ်ယာ

    ဘေးအန္တရာယ်ခံစားရမှုထောက်ခံစာကို ရယူရန် လိုအပ်သောစာရွက်စာတမ်းနှင့် ထုတ်ပေးသောကာလများသည် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးအလိုက် ကွဲပြားပါသည်။ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ မေးမြန်းပါ။

    1. ရေထဲမြုပ်သွားသောကားများသည် ဓာတ်လိုက်နိုင်သောအန္တရာယ်ရှိသည့်အတွက် စက်မနှိုးပါနှင့်။

    2. ကားအာမခံဝင်ထားလျှင် အာမခံကုမ္ပဏီထံ ဆွေးနွေးတိုင်ပင်ပါ။

    3. ပျက်စီးသွားသောကားကို စွန့်ပစ်သည့်အခါနှင့် မြေပြိုမှုနှင့်ရေကြီးမှု၊ ဆူနာမီ (tsunami) များကြောင့် ကား မျောပါသွားသည့်အခါ အနီးအနားရှိ သယ်ယူပို့ဆောင်ရေးဌာနများတွင် ကားပစ်ခြင်း (ကားကို စွန့်ပစ်ခြင်း) အတွက် လုပ်ထုံးလုပ်နည်းကို လုပ်ရပါမည်။
      ဘေးအန္တရာယ်ကြောင့် ကားပစ်ခြင်းလုပ်ထုံးလုပ်နည်းကို လုပ်ဆောင်သည့်အခါ ပေးချေခဲ့သော ကားအခွန်များ ပြန်လည်ရရှိခြင်းမျိုး ရှိပါသည်။
      အသေးစိတ်ကို ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ မေးမြန်းပါ။

  • မိမိနိုင်ငံ၏သံရု့းတွင် ပတ်စ်ပို့ပြန်လည်ထုတ်ပေးရန် လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ပါ။
    လိုအပ်သောစာရွက်စာတမ်းများကို သံရုံးတွင် မေးမြန်းပါ။

    ဂျပန်နိုင်ငံတွင်ရှိသော နိုင်ငံခြားသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၏အချက်အလက်များကို အောက်ပါ စာမျက်နှာ တွင် ကြည့်ရှုပါ။

    ■ဂျပန်နိုင်ငံရှိနိုင်ငံခြားအစိုးရရုံးစာရင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)

    https://www.mofa.go.jp/mofaj/link/emblist/index.html (ဂျပန်ဘာသာ)

    https://www.mofa.go.jp/about/emb_cons/protocol/index.html (အင်္ဂလိပ်ဘာသာ)

    1. တိုကျိုလူဝင်မှုကြီးကြပ်ရေးနေထိုင်ခွင့်စီမံဌာနတွင် နေထိုင်ခွင့်ကာလသက်တမ်းတိုးရန် လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ပါ။
      လိုအပ်သောစာရွက်စာတမ်းများကို တိုကျိုလူဝင်မှုကြီးကြပ်ရေးနေထိုင်ခွင့်စီမံဌာနတွင် မေးမြန်းပါ။

      ■နိုင်ငံခြားသားနေထိုင်ခွင့်အထွေထွေသတင်းအချက်အလက်စင်တာ (နိုင်ငံခြားဘာသာစကားဖြင့် ဆွေးနွေး ပေးသောစုံစမ်းရန်ကောင်တာ)
      ဖုန်းနံပါတ် - 0570-013904

    2. ကြီးမားသောဘေးအန္တရာယ်ကြောင့် ဗီဇာ (နေထိုင်ခွင့်) လုပ်ထုံးလုပ်နည်း မလုပ်နိုင်ခဲ့သူသည် ကာလ ကျော် လွန်ပြီးနောက်ဖြစ်စေ လုပ်ထုံးလုပ်နည်းလုပ်နိုင်သည်က များပါသည်။ ဆွေးနွေးတိုင်ပင်ကြည့်ပါ။

      နိုင်ငံခြားသားနေထိုင်ခွင့်ထောက်ပံ့ရေးစင်တာ (FRESC/ဖရက်စ်ခ်) တွင်လည်း ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
      အောက်ပါဖုန်းနံပါတ်ဖြင့် ဆွေးနွေးတိုင်ပင်ရန် ရက်ချိန်းရယူပါ။

      ■ နိုင်ငံခြားသားနေထိုင်ခွင့်ထောက်ပံ့ရေးစင်တာ (FRESC/ဖရက်စ်ခ်) (လူဝင်မှုနေထိုင်ခွင့်စီမံဌာန)

      https://www.moj.go.jp/isa/support/fresc/fresc_2.1.html(ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ)

      ဖုန်းနံပါတ် - 03-5363-3025 (ဘွတ်ကင်သီးသန့်သုံး)

  • တိုကျိုလူဝင်မှုကြီးကြပ်ရေးနေထိုင်ခွင့်စီမံဌာနတွင် နေထိုင်သူ ကတ်ပြား နောက်တစ်ကြိမ်ပြန်လည်ထုတ်ပေးရန် လုပ်ထုံး လုပ်နည်းကို လုပ်ဆောင်ပါ။
    ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုသည့်အရာ (ပတ်စ်ပို့၊ ယာဉ် မောင်းလိုင်စင်၊ အာမခံကတ်၊ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ My Number ကတ် စသဖြင့်)ကို ယူသွားပါ။

    災害が来る前 ページ アイコン
    1. ရဲစခန်းတွင် ယာဉ်မောင်းလိုင်စင်ပျောက်သွားသည့်အခါ လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ပါ။
      ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုသည့်အရာ (ပတ်စ်ပို့၊ နေထိုင်သူကတ်ပြား၊ အာမခံကတ်၊ ဝန်ထမ်းကတ်၊ ကျောင်းသား ကတ်၊ My Number ကတ် စသဖြင့်)ကို ယူသွားပါ။

      ယာဉ်မောင်းလိုင်စင် ပြန်လည်ထုတ်ပေးရန်မှာ ရဲစခန်း သို့မဟုတ် ယာဉ်မောင်းလိုင်စင်စင်တာတွင် လုပ်ဆောင်ပါမည်။
      တိုကျိုမြို့တော် ယာဉ်မောင်းလိုင်စင်စင်တာအကြောင်း အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။

      ■ယာဉ်မောင်းလိုင်စင်ပြန်လည်ထုတ်ပေးရေး (ရဲဌာနချုပ်)

      https://www.keishicho.metro.tokyo.lg.jp/menkyo/koshin/saikofu01.html(ဂျပန်ဘာသာဖြင့်သာ)

    2. ကြီးမားသောဘေးအန္တရာယ် ဖြစ်ပွားသည့်အခါ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရန်ကာလ နောက်ဆုတ် ပေးခြင်း၊ လုပ်ထုံးလုပ်နည်းအတွက် ဝန်ဆောင်ခများ မလိုအပ်တော့ခြင်းမျိုး ရှိပါသည်။ ထို့ပြင် ယာဉ်မောင်း လိုင်စင်နှင့်ပတ်သက်သော အထူးစုံစမ်းရန်ကောင်တာကို ထားရှိခြင်းမျိုး ရှိပါသည်။
      ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံး သို့မဟုတ် ရဲစခန်းတွင် စစ်ဆေးပါ။
  • နေထိုင်သူမှတ်ပုံတင်ထားသူသည် ကယ်ဆယ်ရေးအလှူငွေနှင့် ဘေးအန္တရာယ်စာနာထောက်ပံ့ငွေကို ရယူ နိုင်ပါသည်။
    ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုသည့်အရာ (ပတ်စ်ပို့၊ နေထိုင်သူကတ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ အာမခံကတ်၊ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ My Number ကတ်စသဖြင့်)ကို ယူဆောင်၍ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံး တွင် လုပ်ထုံး လုပ်နည်းကို ဆောင်ရွက်ပါ။

    ☞ ဝေါဟာရစုစည်းမှု -ကယ်ဆယ်ရေးအလှူငွေ ဘေးအန္တရာယ်စာနာထောက်ပံ့ငွေ

    1. နေထိုင်သူမှတ်ပုံတင်ထားသူသည် နေထိုင်မှုဘဝတွင်လိုအပ်သောငွေကို ချေးယူနိုင်ပါသည်။
      ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ကိုလိုက်၍ စနစ်ကွဲပြားသည့်အတွက် ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံးထံ ဆွေးနွေးတိုင်ပင်ပါ။
      ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုသည့်အရာ (ပတ်စ်ပို့၊ နေထိုင်သူကတ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ အာမခံကတ်၊ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ My Number ကတ်စသဖြင့်)ကို ယူဆောင်၍ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံး၏ လူမှုဖူလုံရေးဌာန သို့မဟုတ် လူမှုဘဝဖူလုံရေးအသင်းတွင် လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ပါ။

      တိုကျိုမြို့ရှိ လူမှုဘဝဖူလုံရေးအသင်းတည်နေရာကို အောက်ပါစာမျက်နှာတွင် ကြည့်ရှုပါ။

      ■မြို့အတွင်းကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်လူမှုဘဝဖူလုံရေးအသင်း စာရင်း (တိုကျိုမြို့တော် လူမှုဘဝဖူလုံရေးအသင်း)

      https://www.tcsw.tvac.or.jp/shikuchoson/shakyo.html(ဂျပန်ဘာသာဖြင့်သာ)

    2. ဘေးအန္တရာယ်ပြန်လည် ထူထောင်ရေးအိမ်ယာချေးငွေနှင့် ထိခိုက်မှုထောက်ပံ့ရေးရန်ပုံငွေစသဖြင့် အိမ် ပြင်ဆင်ခြင်း၊ ငှားခြင်း၊ ဆောက်လုပ်ခြင်းတို့ လုပ်သည့်အခါတွင် ထိုငွေများ၏ တစိတ်တဒေသကို ချေးယူနိုင် သောစနစ်ရှိပါသည်။
      ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးကိုလိုက်၍ စနစ်ကွဲပြားသည့်အတွက် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးတွင် ဆွေးနွေးတိုင်ပင်ပါ။
      ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုသည့်အရာ (ပတ်စ်ပို့၊ နေထိုင်သူကတ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ အာမခံကတ်၊ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ My Number ကတ်စသဖြင့်)ကို ယူဆောင်၍ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်ရုံးတွင် လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ပါ။

      ☞ ဝေါဟာရစုစည်းမှု - ဘေးအန္တရာယ်ပြန်လည် ထူထောင်ရေးအိမ်ယာချေးငွေ ထိခိုက်မှုထောက်ပံ့ရေး ရန်ပုံငွေ

  • အောက်ပါငွေများသည် ငွေပမာဏ သက်သာခြင်း၊ ပေးချေရန်မလိုအပ်သည်များ ရှိပါသည်။
    ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးကိုလိုက်၍ စနစ်ကွဲပြားသည့်အတွက် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ ဆွေးနွေး တိုင်ပင်ပါ။

    • အခွန် - နေထိုင်သူအခွန် စသဖြင့်

    • အာမခံကြေး - ပြည်သူ့ကျန်းမာရေးအာမခံကြေး၊ အမျိုးသားပင်စင်အာမခံကြေး၊ နှောင်းပိုင်းအသက်ကြီးသူ အာမခံကြေး၊ ပြုစုစောင့်ရှောက်ရေးအာမခံကြေး၊ ပြုစုစောင့်ရှောက်ရေးအသုံးပြုခ

    • ကလေးစောင့်ရှောက်ခ - ကလေးထိန်းကျောင်း၊ မူကြို

  • အိမ်ပြောင်းခဲ့သောနေရာရှိ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးတွင် လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ပါ။
    လိုအပ်သောစာရွက်စာတမ်းများကို ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးတွင် မေးမြန်းပါ။

    1. ရောဂါကြောင့်မှလွဲ၍သေဆုံးသည့်အခါ ရဲစခန်းသို့ အကြောင်းကြားပါ။ ရဲစခန်းဖုန်းနံပါသည် 110 ဖြစ်ပါသည်။
      ရဲစခန်းမှ လာကြည့်သည်အထိ ထိုအတိုင်းထားပါ။
      လုပ်ထုံးလုပ်နည်းကို ရဲစခန်းမှ ပုဂ္ဂိုလ်ထံ မေးမြန်းပါ။
      ဂျပန်စကားနားလည်သူနှင့်အတူ ပြောဆိုမှုကို နားထောင်ပါ။ ဂျပန်စကားနားလည်သူ မရှိလျှင် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ မေးမြန်းပါ။

    2. ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးသို့ သေဆုံးမှုမှတ်ပုံတင်စာကို တင်ပါ။
      သေဆုံးမှုမှတ်ပုံတင်စာကို တင်ရန် ရဲစခန်းမှ ရရှိသော အလောင်းစစ်ဆေးပြီးလက်မှတ် သို့မဟုတ် ဆေးရုံးမှ ရရှိသော သေဆုံးမှုအတည်ပြုစာ (သို့မဟုတ် အလောင်းစစ်ဆေးပြီးလက်မှတ်) လိုအပ်ပါသည်။

      ☞ ဝေါဟာရစုစည်းမှု -အလောင်းစစ်ဆေးပြီးလက်မှတ်သေဆုံးမှုအတည်ပြုစာ

    3. မီးသဂြိုလ်ခြင်းကို အသုဘစီစဉ်မှုကုမ္ပဏီ သို့မဟုတ် သင်၏ဘာသာရေးနေရာများထံ ဆွေးနွေးတိုင်ပင်ပါ။
      အလောင်းကိုမီးသဂြိုလ်သည့်အခါ မီးသဂြိုလ်ခွင့်လက်မှတ် လိုအပ်ပါသည်။
      မီးသဂြိုလ်ခွင့်လက်မှတ်ကို ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးတွင် သေဆုံးမှုမှတ်ပုံတင်စာ တင်ပြသည့်အခါ ရယူနိုင်ပါသည်။
      အလောင်းနှင့်မီးသဂြိုလ်ပြီးနောက်အရိုးကို မြှုပ်နှံသည့်အခါ မြေမြှုပ်သဂြိုလ်ခွင့်ပြုစာ လိုအပ်ပါသည်။
      မီးသဂြိုလ်လျှင် မီးသဂြိုလ်ရန်နေရာတွင် မြေမြှုပ်သဂြိုလ်ခွင့်ပြုစာကို ရယူနိုင်ပါသည်။
      မီးသဂြိုလ်ခြင်းမှလွဲ၍အခြားသောအခါများအတွက် ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ ဆွေးနွေးတိုင်ပင်ပါ။

      ☞ ဝေါဟာရစုစည်းမှု - မီးသဂြိုလ်ခွင့်လက်မှတ်မြေမြှုပ်သဂြိုလ်ခွင့်ပြုစာ

    4. မိမိ၏မိသားစုသေဆုံးသွားသည့်အခါ ဘေးအန္တရာယ်နစ်နာကြေးကို ရယူနိုင်ပါသည်။ နေထိုင်နေသော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးထံ မေးမြန်းပါ။

      ☞ ဝေါဟာရစုစည်းမှု - ဘေးအန္တရာယ်နစ်နာကြေး