災害のときのQ&A

4 စားစရာ၊ ပစ္စည်း

食料・物 ページ アイコン

4 စားစရာ၊ ပစ္စည်း

  • စားစရာကို ခိုလှုံရာနေရာ (hinanjo) တွင် ရယူနိုင်ပါသည်။ ရယူ သည့်အခါ တန်းစီ၍ စောင့်ပါ။
    လိုအပ်သည်များကို ပုံမှန် ပေးပို့မည်ဖြစ်သည့်အတွက် ထိုအခါ လိုအပ်သလောက်သာ ရယူပါ။

    1. ရေပိုက်ကို အသုံးပြုမရသည့်အခါ ရေပေးဝေရေးနေရာ ထားရှိခြင်း၊ ရေပေးဝေရေးကား လာခြင်းတို့ဖြင့် ရေရယူနိုင် ပါသည်။ ခိုလှုံရာနေရာ(hinanjo) များတွင်လည်း ရေ ရယူနိုင်ပါသည်။
      မည်သည့်နေရာတွင် ရေရယူနိုင်မည်ကို ကျေးရွာ၊ ရပ်ကွက် နှင့်မြို့နယ်ရုံးများထံ မေးမြန်းပါ။
      ရေပုံးနှင့် ရေဘူးများဖြင့် ရေကို ထည့်ရန်ပစ္စည်းများ ယူသွားပါ။

    2. ကြီးမားသောဘေးအန္တရာယ်ကြောင့် ရေမလာတော့သောအခါ ဘေးအန္တရာယ်ဖြစ်ပွားချိန် ရေပေးဝေရေး စခန်းတွင် ရေကို ရယူနိုင်ပါသည်။
      ရေပုံးနှင့် ရေဘူးများဖြင့် ရေကို ထည့်ရန်ပစ္စည်းများ ယူသွားပါ။
      ဘေးအန္တရာယ်ဖြစ်ပွားချိန် ရေပေးဝေရေးစခန်းများကို အောက်ပါစာမျက်နှာတွင် ရှာဖွေ နိုင်ပါသည်။

      ■အနီးနားရှိ ဘေးအန္တရာယ်ဖြစ်ပွားချိန် ရေပေးဝေရေးစခန်း (တိုကျိုမြို့တော်ရေပေးရေးရုံး)

      https://www.waterworks.metro.tokyo.lg.jp/kurashi/shinsai/ichiran.html(ဂျပန်ဘာသာ၊ စက်ဖြင့်ဘာသာပြန် ရှိခြင်း)

    1. ခိုလှုံရာနေရာ (hinanjo)တွင် မရှိသည်က များပါသည်။
      စားစရာတွင် မည်သည့်အရာအသုံးပြုထားသည်ကို စစ်ဆေးပြီးမှ စားသုံးပါ။
      မည်သည့်အရာအသုံးပြုထားသည်ကို မသိသည့်အခါ ခိုလှုံရာနေရာတာဝန်ခံထံ မေးမြန်းပါ။
      ☞ ဝေါဟာရစုစည်းမှု - Halal အစားအစာများ

    2. စား၍မရသောအစားအစာရှိသည့်အခါ ဤစာရွက်ကို အသုံး ပြု၍ ခိုလှုံရာနေရာမှ ပုဂ္ဂိုလ်ထံ အသိပေးနိုင်ပါသည်။

      ■စားစရာပုံနှင့်စာ (FOODPICT) (Council of Local Authorities for International Relations)

      https://www.clair.or.jp/j/multiculture/tagengo/ercard_foodpict.html(ဂျပန်ဘာသာ)

  • ခိုလှုံရာနေရာ (hinanjo) တွင် ဓာတ်မတည့်မှုအတွက် လုပ်ဆောင်ပေးထား သောစားစရာများကို ထားထားခြင်းမျိုး ရှိပါသည်။ ခိုလှုံရာနေရာတာဝန်ခံထံ မေးမြန်းပါ။
    သီးခြားအစားအစာမရှိဟု သိရှိရလျှင် စားစရာတွင် မည်သည့်အရာများပါဝင် သည်ကို စစ်ဆေးပြီးမှသာ စားသုံးပါ။
    ဓာတ်မတည့်မှုကြောင့် စားမရသောအရာများရှိလျှင် ဤ စာရွက်ကို အသုံးပြု၍ ခိုလှုံရာနေရာမှ ပုဂ္ဂိုလ်ထံ အသိပေးနိုင်ပါသည်။

    ■ ဓာတ်မတည့်မှုဆက်သွယ်ရေးစာရွက်(တိုကျိုမြို့တော်ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာဌာန)

    https://www.hokeniryo.metro.tokyo.lg.jp/shokuhin/allergy/leaflet.html(ဂျပန်ဘာသာ)

  • ခိုလှုံရာနေရာ(hinanjo) တွင် နို့မှုန့်နှင့် နို့ရည်၊ ဖြည့်စွက်စာ၊ ဆန်ပြုတ်စသည်တို့ ရှိခြင်းမျိုး များပါသည်။ ခိုလှုံရာနေရာတာဝန်ခံထံ မေးမြန်းပါ။

    1. ကြီးမားသောဘေးအန္တရာယ်ဖြစ်ပြီးခါစတွင် ဆိုင်များ ထိခိုက်ခြင်း၊ ပစ္စည်းများရောင်းကုန်ပြီး ပစ္စည်းများ မရောက် ရှိလာခြင်းမျိုးကြောင့် ဆိုင်များ ပိတ်ထားတာ များပါသည်။

    2. ခေတ္တကြာပြီးနောက် ဆိုင်များပြန်ဖွင့်ပါသည်။ မည် သည့်ဆိုင်သည် မည်သည့်အချိန်တွင် ဖွင့်မည်ကို ခိုလှုံရာနေရာတွင် အချက်အလက်များ ကပ်ထားခြင်းမျိုး များပါသည်။

    3. ကြီးမားသောဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အကြွေးဝယ် ကတ်နှင့် အီလက်ထရောနစ်ငွေကြေး (Suica, PayPay စသဖြင့်) သည် အသုံးပြု မရသည်မျိုး ရှိပါသည်။
      ထို့ပြင် ဆိုင်တွင် အကြွေစေ့များ မရှိခြင်းမျိုးလည်း ရှိပါသည်။ တစ်ထောင်တန်နှင့် အကြွေများကို များများ ယူသွားပါ။
  • ခေတ္တကြာပြီးနောက် ခိုလှုံရာနေရာ (hinanjo) တွင် ပူနွေးသော စားစရာများ ပေးပို့ခြင်းမျိုး များပါသည်။
    ထို့ပြင် အများပြည်သူသုံးအဆောက်အအုံနှင့် ပန်းခြံ၊ အသင်း တိုက်၊ စုဝေးရပ်များတွင်လည်း ချက်၍ထုတ်ခြင်း (takidashi) (ပူနွေးသောအစား အစာကို ချက်ပြုတ်၍ပေးပို့ခြင်း)ကို လုပ်ဆောင်ခြင်းမျိုး ရှိပါသည်။

  • ခိုလှုံရာနေရာ (hinanjo) မဟုတ်သောနေရာ (မိမိအိမ်၊ သူငယ်ချင်းအိမ်၊ ကားထဲ၊ ဘုရားကျောင်းနှင့် ဗလီ စသည်) တို့တွင် နေထိုင်နေသူများလည်း ခိုလှုံရာနေရာတွင် စားစရာကို ရယူနိုင်ခြင်းမျိုး များပါသည်။ ခိုလှုံရာနေရာ တာဝန်ခံထံ မေးမြန်းပါ။

    1. ခိုလှုံရာနေရာ (hinanjo) တွင် အမျိုးသမီးလစဉ်သုံးနှင့် ဒိုက်ဘာများကို ပြင်ဆင်ထားခြင်းမျိုး များပါသည်။ ခိုလှုံရာနေရာတာဝန်ခံထံ မေးမြန်းပါ။
    2. ခိုလှုံရာနေရာတွင် အမျိုးသမီးလစဉ်သုံးနှင့် ဒိုက်ဘာများကို ရယူနိုင်သော်လည်း အများကြီး မရှိပါ။ မိမိနှင့် မိသားစုမှ အသုံးပြုသလောက်ကို ကြိုတင်၍ ပြင်ဆင်ထားပါ။