災害について知る

မိုးသည်းထန်စွာရွာခြင်းနှင့်တိုင်ဖွန်းမုန်တိုင်းများအကြောင်း

ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်တိုင်ဖွန်းမုန်တိုင်းများကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်တတ်ပါသည်။

မိုးသည်းထန်စွာရွာခြင်းနှင့်တိုင်ဖွန်းမုန်တိုင်းများအကြောင်း

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တိုင်ဖွန်းမုန်တိုင်းများ၏ လက္ခဏာများ

  1. မိုးသည်းထန်စွာရွာသွန်းခြင်း

    မိုးသည်းထန်စွာရွာသွန်းခြင်းတွင် "ရက်ရှည်မိုး" နှင့် "နေရာကွက်ကြားမိုးသည်းထန်စွာရွာသွန်းခြင်း" တို့ ပါဝင်သည်။
    ရက်အတော်ကြာဆက်၍ မိုးရွာလျှင် “ရက်ရှည်မိုး” ဟု ခေါ်ပါသည်။
    ရက်ရှည်မိုးသည် နွေဦးမှ နွေရာသီအစနှင့် နွေအကုန်မှဆောင်းဦးအထိ ရွာသွန်းမှုများတတ်ပါသည်။
    တစ်နေရာတည်းတွင် ရုတ်တရက်မိုးပြင်းထန်စွာ များစွာ ရွာသွန်းခြင်းကို “နေရာကွက်ကြားမိုးသည်းထန်စွာရွာခြင်း” ဟု ခေါ်ပါသည်။
    နေရာကွက်ကြားမိုးသည်းထန်စွာရွာသွန်းခြင်းသည် များသောအားဖြင့် အချိန်တိုအတွင်း ပြီးဆုံးပါသည်။ နွေဦးအကုန်မှနွေအထိ ရွာတတ်ခြင်း များပါသည်။

  2. တိုင်ဖွန်းမုန်တိုင်း

    ဂျပန်နိုင်ငံတောင်ပိုင်း ပူနွေးသောပင်လယ်ပြင်တွင် ဖြစ်ပေါ်သောတိမ်တိုက်ဝဲကြီးများ “တိုင်ဖွန်းမုန်တိုင်း” ဟု ခေါ်ပါသည်။
    တိုင်ဖွန်းမုန်တိုင်းများသည် ရက်များစွာဆက်တိုက် အရွယ်အစား ပိုမိုကြီးထွားလာရင်း ဂျပန်နိုင်ငံအနီးသို့ ရောက်လာသည်မျိုး ရှိတတ်ပါသည်။
    ဂျပန်ကို ဖြတ်သွားခြင်းမျိုးလည်း ရှိပါသည်။
    တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသောအခါတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းတတ်ပါသည်။
    တိုင်ဖွန်းမုန်တိုင်းများသည် နွေရာသီအစောပိုင်းမှ ဆောင်းဦးပေါက်အထိ ဂျပန်နိုင်ငံသို့ ဝင်ရောက်လေ့ရှိပါသည်။

    တိုင်ဖွန်းမုန်တိုင်း မွေးဖွားလာသောအခါ သတင်းနှင့် မိုးလေဝသခန့်မှန်းချက်တွင် အောက်ပါပုံကို မိတ်ဆက်ပေးပါသည်။
    ဤသည်ကို “တိုင်ဖွန်းလမ်းကြောင်းခန့်မှန်းချက်ပုံ’ ဟုခေါ်ပါသည်။
    ဤပုံကိုကြည့်လျှင် တိုင်ဖွန်းမုန်တိုင်းသည် မည်သည့်အချိန်တွင် ရွေ့လျားမည်ကို သိနိုင်ပါသည်။

    စက်ဝိုင်းအရွယ်အစားသည် တိုင်ဖွန်း၏အရွယ်အစားမဟုတ်ပါ။
    တိုင်ဖွန်းမုန်တိုင်းက ယခုမှစ၍ ရှေ့သို့ ရွေ့လျားသွားနိုင်သည့်နေရာဖြစ်ပါသည်။
    “တိုင်ဖွန်းမုန်တိုင်းလမ်းကြောင်း ခန့်မှန်းချက်ပုံ” သည် အဆက်မပြတ် အသစ်ဖြစ်နေပါမည်။
    တိုင်ဖွန်းမုန်တိုင်း မကျော်မချင်း ထပ်ခါထပ်ခါ စစ်ဆေးပါ။

    大雨や台風について

မိုးသည်းထန်စွာရွာလျှင်ဖြစ်ပေါ်သည်များ

  • လမ်းတွင် ရေလွှမ်းမိုး၍ မြစ်ကဲ့သို့ဖြစ်လာသည်။
    ကားများနှင့် လူများ ဖြတ်သန်းသွားလာ၍ မရနိုင်ခြင်း ဖြစ်နိုင်သည်။

大雨や台風について

  • လမ်းတွင်လျှံနေသောရေများ အိမ်ထဲသို့ ဝင်လာခြင်း။
  • လမ်းများပေါ် လျှံနေသောရေများ မြေအောက်ရထားများနှင့် မြေအောက်လမ်းများအတွင်းသို့ ဝင်ရောက်ခြင်း။
    မြေအောက်ရထားများ ပြေးဆွဲမှု ရပ်တန့်ခြင်း၊ မြေအောက်လမ်းများ ပိတ်ခြင်းမျိုး ဖြစ်တတ်သည်။

大雨や台風について

  • လျှပ်စစ်မီး ပြတ်ခြင်း။
  • ရထားရပ်ခြင်း။
  • မြစ်ရေလျှံခြင်း။
    မြစ်ရေလျှံမှုကြောင့် ကားများနှင့် အိမ်များ မျောပါသွားခြင်းမျိုး ရှိသည်။
  • တောင်များနှင့် ကမ်းပါးများပြိုကျခြင်း။
    ပြိုကျနေသော မြေဆီလွှာကြောင့် အိမ်များနှင့် လူများ မြေပိခြင်း၊ မျောပါခြင်း ဖြစ်နိုင်သည်။

大雨や台風について

  • မိုးကြိုးပစ်ခြင်း။
    လူများနှင့် အဆောက်အအုံများကို မိုးကြိုးထိမှန်ပြီး ထိခိုက်ဒဏ်ရာရခြင်းနှင့် မီးလောင်မှုဖြစ်နိုင်သည်။

လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်သည်များ

  • ဥယျာဉ်နှင့် လသာဆောင်တွင် ထားသောအရာများ လွင့်ပျံသွားခြင်း။
  • သစ်ပင်များ ကျိုးကျခြင်း၊ လဲကျခြင်း။
  • ခေါင်မိုးများနှင့် ဆိုင်းဘုတ်များ ပျံနေခြင်း၊ ပြုတ်ကျမှုဖြစ်ခြင်း။
  • လျှပ်စစ်မီး ပြတ်ခြင်း။
  • ရထားရပ်ခြင်း။

大雨や台風について

ခိုလှုံခြင်းအကြောင်း

ခိုလှုံခြင်းဆိုသည်မှာ ဘေးအန္တရာယ်ကျရောက်ပါက ဘေးကင်းသောနေရာသို့ ထွက်ခွာသွားခြင်းကို ဆိုလိုသည်။
သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိသည့်အခါတွင်၊ ဂျပန်မိုးလေဝသဌာနနှင့် လက်ရှိနေထိုင်နေသောမြို့မှ ‘သတိပြုရန်အဆင့်’ ဆိုသည့် အသိပေးချက်ထုတ်ပြန်မည်ဖြစ်သည်။
သတိပြုရန်အဆင့်သည် စုစုပေါင်း 5 ခု ရှိပါသည်။ အဆင့်အလိုက် လုပ်ဆောင်ချက်များ သတ်မှတ်ထားပါသည်။
အန္တရာယ်ရှိသောနေရာတွင် ရှိနေလျှင် သတိပြုရန်အဆင့် 4 အထိ ခိုလှုံပါ။

大雨や台風について

သတိပြုရန်အဆင့် 1 -

ဂျပန်မိုးလေဝသဌာနမှ အသိပေးချက်ထုတ်ပြန်မည်ဖြစ်သည်။
တီဗွီနှင့် အင်တာနက်ပေါ်တွင် လာမည့်ရာသီဥတုကို စစ်ဆေးပါ။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်တိုင်ဖွန်းမုန်တိုင်းဖြစ်သည့်အခါအတွက် ကြိုတင်ပြင်ဆင်ထားပါ။

သတိပြုရန်အဆင့် 2 -

ဂျပန်မိုးလေဝသဌာနမှ အသိပေးချက်ထုတ်ပြန်မည်ဖြစ်သည်။
လက်ရှိမြို့၏ ပင်မစာမျက်နှာတွင် မည်သည့်နေရာနှင့် မည်သို့ ခိုလှုံရမည်ကို သိရှိနိုင်ရန် စစ်ဆေးပါ။

သတိပြုရန်အဆင့် 3 -

လက်ရှိရောက်နေသောမြို့မှ အသိပေးချက် ထုတ်ပြန်ပါမည်။
ခိုလှုံရန် အချိန်လိုအပ်သူများက လုံခြုံသောနေရာသို့ သွားပါ။
ထိုလူများမှလွဲ၍ တခြားသူများသည် ခိုလှုံရန်ပြင်ဆင်ထားပါ။

သတိပြုရန်အဆင့် 4 -

လက်ရှိရောက်နေသောမြို့မှ အသိပေးချက် ထုတ်ပြန်ပါမည်။
မကြာမီ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်သည်။
အန္တရာယ်ရှိသောနေရာတွင် ရှိနေပါက အဆင့် 4 အထိ သေချာပေါက် ခိုလှုံပါ။

သတိပြုရန်အဆင့် 5 -

လက်ရှိရောက်နေသောမြို့မှ အသိပေးချက် ထုတ်ပြန်ပါမည်။
သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပေါ်နေသည်။
အပေါ်ထပ်တက်ခြင်း၊ ပြတင်းပေါက်မှ အဝေးတွင်နေခြင်းစသည့် တတ်နိုင်သလောက် လုံခြုံသောနေရာတွင် နေပါ။

大雨や台風について

ခိုလှုံနည်းနှင့်ပတ်သက်သော အချက်အလက်များကို အောက်ပါဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ။
ဝန်ကြီးရုံးသဘာဝဘေးအန္တရာယ် ကာကွယ်ရေး

သတင်းစာမျက်နှာ(PDF တွင် ဘာသာစကားပေါင်းစုံ QR ကုဒ်ပါရှိခြင်း)

ခိုလှုံရေးစခန်းများနှင့် ခိုလှုံရာနေရာများ မည်သည့်နေရာတွင်ရှိသည်ကိုအောက်ပါဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ။
တိုကျိုသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ (စက်ဖြင့်ဘာသာပြန်ဆိုမှုရှိပါသည် [အင်္ဂလိပ်ဘာသာ၊ ကိုရီးယာဘာသာ၊ တရုတ်ဘာသာ])

ကော်လံ 1 - မှတ်သားကြရအောင် "အစီအစဉ်ဆိုင်းငံ့ခြင်း"

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တိုင်ဖွန်းမုန်တိုင်းများ ရောက်ရှိလာသည့်အခါ ရထားများနှင့် ဘတ်စ်ကားများ ပြေးဆွဲမှု လျော့နည်း
သွားခြင်း၊ ပြေးဆွဲမှုရပ်တန့်သွားခြင်း ရှိပါသည်။
၎င်းကို "အစီအစဉ်ဆိုင်းငံ့ခြင်း" ဟုခေါ်ပါသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တိုင်ဖွန်းမုန်တိုင်းများ မကျရောက်မီ ရှေ့ရက်တွင် ဆုံးဖြတ်လေ့ရှိပါသည်။
"အစီအစဉ်ဆိုင်းငံ့ခြင်း" ကို ဆုံးဖြတ်ပြီးသည်နှင့် တီဗွီနှင့် အင်တာနက်ပေါ်ရှိ သတင်းများတွင် ဖော်ပြပါမည်။
မိမိစီးနင်းမည့် ရထားနှင့် ဘတ်စ်ကားသည် လည်ပတ်နေသလား စစ်ဆေးကြည့်ရအောင်။

大雨や台風について

ကော်လံ ② - ဂျပန်၏ "မိုးရာသီ"

နွေဦးနှင့် နွေရာသီကြားတွင် မိုးများပြီး နေသာချိန်နည်းပါးသောရာသီဥတုကို “မိုးရာသီ”ဟု ခေါ်ပါသည်။
မိုးရာသီစတင်ခြင်းကို `Tsuyuiri´ ဟုခေါ်ပြီး မိုးရာသီ၏အဆုံးကို `Tsuyuake´ ဟုခေါ်ပါသည်။
မိုးရာသီအစနှင့်အဆုံးသည် နေရာပေါ်မူတည်ပြီး ကွဲပြားပါသည်။
တိုကျိုတွင် မိုးရာသီသည် ဇွန်လအစတွင် စတင်ပြီး ဇူလိုင်လလယ်နှင့် ဇူလိုင်လကုန်ကြားတွင် ကုန်ဆုံးလေ့ရှိပါသည်။