6 နေထိုင်မှုဘဝ
-
ဘေးအန္တရာယ်ဖြစ်ပွားပြီးပြီးချင်းတွင် ခိုလှုံရာနေရာ (hinanjo) တွင် အဝတ်အစားကို လက်ခံ၍ မရပါ။ အင်္ကျီလဲ ရန်အတွက် အဝတ်အစားကို ယူဆောင်၍ ခိုလှုံရာနေရာသို့ သွားပါ။
-
ခိုလှုံရာနေရာ (hinanjo) တွင် ရေနွေးစိမ်ကန် မရှိခြင်းမျိုး များပါသည်။ ရေနွေးစိမ်ကန် အသိပေးချက်ကို ခိုလှုံရာနေရာ၏ ကြော်ငြာဘုတ်တွင် ကြည့်ပါ။
-
-
အိမ်မွေးတိရစ္ဆာန်ကို ခိုလှုံရာနေရာ (hinanjo) သို့ ခေါ်ဆောင် ၍ ရမရသည် ခိုလှုံရာနေရာကိုလိုက်၍ ကွဲပြားပါသည်။ခိုလှုံရာနေရာတာဝန်ခံထံ မေးမြန်းပါ။
မိမိ၏တိရစ္ဆာန်သုံးအိမ် (လှောင်အိမ်) ရှိလျှင်၊ ခိုလှုံရာနေရာ သို့ ယူလာခဲ့ပါ။
တိရစ္ဆာန်ကို မည်သည့်နေရာတွင် မွေးထားမည်လဲကို ခိုလှုံရာနေရာစည်းမျဉ်းအတိုင်း လိုက်နာပါ။ -
ခိုလှုံရာနေရာတွင် အိမ်မွေးတိရစ္ဆာန်သုံး အစားအစာမရှိပါ။ မိမိဘာသာ ယူလာခဲ့ပါ။
-
-
-
တီဗွီနှင့် ရေဒီယို၊ ခိုလှုံရာနေရာ (hinanjo) ၏ ကြော်ငြာဘုတ်တွင် ဘဏ်ဖွင့်မည့်ရက်ကို အသိပေးပါသည်။ ပျမ်းမျှအားဖြင့် 3 ရက်မှ 1 ပတ်ကြာခန့်တွင် ငွေထုတ်၍ ရနိုင်လာပါမည်။
-
ငွေထုတ်ရခက်ခဲလျှင် ကာယကံရှင်ဖြစ်ကြောင်း အတည်ပြု သည့်အရာ (ပတ်စ်ပို့၊ နေထိုင်သူကတ်ပြား၊ ယာဉ်မောင်း လိုင်စင်၊ အာမခံကတ်၊ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ My Number ကတ် စသဖြင့်) နှင့် ဘဏ်စာအုပ်ကို ယူသွားပါ။
-
ကြီးမားသောဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ဘဏ် စာအုပ်၊ အကြွေးဝယ်ကတ်၊ တံဆိပ်တုံး မရှိသော်လည်း ကာယကံရှင်ဖြစ်ကြောင်း အတည်ပြုသည့်အရာရှိလျှင် ငွေထုတ်၍ ရပါသည်။
-
-
-
ကြီးမားသောဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ရက်အတန်ကြာ အမှိုက်သိမ်းကားမလာသည်က များပါသည်။
အမှိုက်သိမ်းကားလာသည်အထိ မိမိအိမ်တွင် အမှိုက်ကို ထိန်းသိမ်းထားပါ။ -
ဘယ်အချိန်မှစ၍ အမှိုက်သိမ်းမည်လဲကို အနီးနားရှိ ခိုလှုံရာနေရာ (hinanjo) တွင် မေးမြန်းပါ။
အမှိုက်စို စသည့် ပုပ်သိုးလွယ်သော အမှိုက်များမှ စပစ်ပါ။
အလျင်စလို ပစ်ရန်မလိုသောအမှိုက်များ (မီးမလောင်နိုင် သောအမှိုက်၊ သယံဇာတအမှိုက်စသဖြင့်) ကို တတ်နိုင်သမျှ မိမိအိမ် တွင် ထိန်းသိမ်းထားပါ။
ဘေးအန္တရာယ်ကြောင့် ဖြစ်သောအမှိုက်များသည် သာမန် နေထိုင်မှုဘဝတွင် ထွက်လာသောအမှိုက်များနှင့်အတူ ပစ်၍ မရပါ။
-
ဘေးအန္တရာယ်ကြောင့် ဖြစ်သောအမှိုက်များကို “ဘေးအန္တ ရာယ်အမှိုက်များ” ဟု ခေါ်ပါသည်။
ဘေးအန္တရာယ်အမှိုက်များသည် အခြား အမှိုက်များနှင့် ပစ် နည်းမတူဘဲ ယာယီထားသိုရာနေရာတွင် စုထားပါသည်။
ယာယီထားသိုရာနေရာသည် ပန်းခြံနှင့် မြေကွက်လပ်များ ဖြစ်သည်က များပါသည်။
ဘေးအန္တရာယ်အမှိုက်များ ပစ်နည်းနှင့် ပစ်ရန်နေရာကို နေထိုင်သော ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်ရုံးတွင် စစ်ဆေးပါ။☞ ဝေါဟာရစုစည်းမှု -ဘေးအန္တရာယ်အမှိုက်များ
-