災害について学ぶ
တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံနှင့်ပတ်သက်၍ ②
တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ အသုံးပြုနည်း ② ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဆောက်အဦများကို ရှာဖွေသည့်အခါ - 1
တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ ဝက်ဘ်ဆိုက်ကို ဖွင့်ပါ
■ ကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ (တိုကျိုမြို့တော်အထွေထွေရေးရာဌာန အထွေထွေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန)
https://map.bosai.metro.tokyo.lg.jp/(စက်ဘာသာပြန်ပါရှိခြင်း (အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ))“MENU” ကို နှိပ်ပါ

“မိုးလေဝသ သတင်း” ကို နှိပ်ပါ
“မိုးလေဝသ အရေးပေါ်သတိပေးချက်၊ သတိပေးချက်” ကိုနှိပ်ပါ

လက်ရှိထွက်နေသော သတိပေးချက်၊ အရေးပေါ်သတိပေးချက်များ သိနိုင်ပါမည်။
(စခရင်ကို ဘေးသို့ဆွဲရွှေ့ပါ။)
ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် (သတိပေးချက်နှင့် အရေးပေါ်သတိပေးချက်စသည်) တို့ ထွက်နေသည့်အခါ
မြေပုံအရောင်ပြောင်းလဲသွားပါမည်။
မည်ကဲ့သို့သော သတင်းအချက်အလက် (သတိပေးချက်နှင့် အရေးပေါ်သတိပေးချက်စသည်) တို့ ထွက်နေကြောင်း သိလိုသည့်အခါ
တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ အသုံးပြုနည်း ② ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဆောက်အဦများကို ရှာဖွေသည့်အခါ - 2
တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ ဝက်ဘ်ဆိုက်ကို ဖွင့်ပါ
■ တိုကျိုမြို့တော်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမြေပုံ (တိုကျိုမြို့တော်အထွေထွေရေးရာဌာန အထွေထွေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန)
https://map.bosai.metro.tokyo.lg.jp/(စက်ဘာသာပြန်ပါရှိခြင်း (အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ))စခရင်ကို အောက်သို့ဆွဲရွှေ့ပါ

လက်ရှိရောက်နေသည့်နေရာ၊ မိမိကြည့်လိုသောဒေသတို့ကို ရွေးချယ်ပါ။

ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာအလိုက် မည်ကဲ့သို့သော သတင်းအချက်အလက်များ ထွက်ပေါ်နေကြောင်းကို သိနိုင်ပါမည်။
“?” အမှတ်အသားကို နှိပ်ပါက ရှင်းလင်းချက်ကို ကြည့်နိုင်ပါမည်။
ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် (သတိပေးချက်နှင့် အရေးပေါ်သတိပေးချက်စသည်) တို့ ထွက်နေသည့်အခါ
မြေပုံအရောင်ပြောင်းလဲသွားပါမည်။