【ミャンマー語】နေ့တိုင်း အလွန် ပူပြင်းနေပါသည်။ အပူလျှပ်ခြင်း မဖြစ်စေရန် သတိပြုပါ!

 

もっと知りたい日本語2023年7月号「熱中症」

 

အပူလျှပ်ခြင်းသည် ပူပြင်းသောနေ့တွင် နေထိုင်မကောင်း ဖြစ်စေသော နာမကျန်းမှုတစ်မျိုး ဖြစ်ပါသည်။
နေ့တိုင်း အလွန် ပူပြင်းနေပါသည်။ အပူလျှပ်ခြင်းကြောင့် ဆေးရုံသွားရသူ များစွာ ရှိပါသည်။

မိမိနှင့် မိမိ၏မိသားစု အပူလျှပ်ခြင်း မဖြစ်စေရန် သတိပြုပါ။

 

အပူလျှပ်ခြင်း မဖြစ်စေရန် သတိပြုရာတွင် အထောက်အကူပြုသော အချက်အလက်များ

 

[အပူလျှပ်ခြင်း] နှင့် ပတ်သက်၍ (TIPS - တိုကျိုမြို့မှ ယဉ်ကျေးမှုမတူကွဲပြားသူများ ယှဉ်တွဲနေထိုင်ရေးဆိုင်ရာ ပေါ်တယ်ဝဘ်ဆိုက်)

အပူလျှပ်ခြင်းအကြောင်းနှင့်တကွ သတိပြုရမည့်အချက်များနှင့် ပတ်သက်၍ ရှင်းပြထားပါသည်။
ရိုးရှင်းလွယ်ကူသော ဂျပန်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ဖတ်ရှုနိုင်ပါသည်။

 

 

 

[အပူလျှပ်ခြင်းမှ ကာကွယ်ရန်အတွက်] (ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန)

①②厚労省 熱中症多言語リーフレット

အပူလျှပ်ခြင်း မဖြစ်စေရန်အတွက် သတိပြုရမည့်အချက်များနှင့် အပူလျှပ်ခြင်း ဖြစ်ပွားသည့်အခါ မည်သို့ ဆောင်ရွက်ရမည်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြထားပါသည်။ ဂျပန်ဘာသာအပြင် အခြားဘာသာစကားပေါင်း ၁၄ မျိုးဖြင့် ဖတ်ရှုနိုင်ပါသည်။

ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ (လက်ရေးတို)၊ တရုတ်ဘာသာ (လက်ရေးရှည်) ၊ ကိုရီးယားဘာသာ၊ အီတလီဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ စပိန်ဘာသာ၊ ထိုင်းဘာသာ၊ တဂ္ဂလော့ဘာသာ၊ ဂျာမန်ဘာသာ၊ နီပေါဘာသာ၊ ပြင်သစ်ဘာသာ၊ ဗီယက်နမ်ဘာသာ၊ ပေါ်တူဂီဘာသာ

 

 

 

တိုကျိုမြို့ အပူလျှပ်ခြင်းစီမံဖြေရှင်းရေးဆိုင်ရာ ပေါ်တယ်ဝဘ်ဆိုက် (တိုကျိုမြို့)

沸とう京

အပူလျှပ်ခြင်းနှင့် ပတ်သက်၍ တိုကျိုမြို့မှ သတင်းအချက်အလက်အမျိုးမျိုးကို ထုတ်ပြန်တင်ပြပေးမည်ဖြစ်ပါသည်။

[အပူလျှပ်ခြင်းဘေး သတိပေးနှိုးဆော်ချက်*] ထုတ်ပြန်ထားသော နေရာများနှင့် တိုကျိုမြို့ရှိ အေးမြသောနေရာများ စသည်တို့ကို သိရှိနိုင်မည်ဖြစ်ပါသည်။

 

* အပူလျှပ်ခြင်းဘေး သတိပေးနှိုးဆော်ချက် ... [အပူလျှပ်ခြင်းဘေးကို သတိပြုပါ] ဟူသော သတိပေးချက် ဖြစ်ပါသည်။ အထူးသဖြင့် ပူပြင်းလာမည့်နေ့များတွင် အသိပေးကြေညာသွားမည်ဖြစ်ပါသည်။