ピックアップ
[အပူလျှပ်ခြင်း] 熱中症 _ミャンマー語

အပူလျှပ်ခြင်းသည် ပူပြင်းသောနေ့တွင် နေထိုင်မကောင်း ဖြစ်စေသော နာမကျန်းမှုတစ်မျိုး ဖြစ်ပါသည်။ ပူပြင်း၍ စိုထိုင်းဆ မြင့်မားသော နေရာတွင် ရှိနေလျှင် အပူလျှပ်လွယ်ပါသည်။ အပူလျှပ်ရသည့် အကြောင်းရင်းမှာ ခန္ဓာကိုယ်အပူချိန် ထိန်းညှိရန် မလွယ်ကူတော့၍ ဖြစ်ပါသည်။
အပြင်တွင် ရှိနေသည့်အခါ အပူလျှပ်တတ်သည့်အပြင် အိမ်ထဲ ရှိနေသည့်အခါတွင်လည်း အပူလျှပ်တတ်ပါသည်။
အပူလျှပ်ခြင်းဖြင့် သေဆုံးတတ်သောကြောင့် သတိပြုပါ။
အပူလျှပ်ခြင်း ဖြစ်ပွားလျှင် မည်သို့ ဖြစ်လာမည်နည်း။
ဥပမာအားဖြင့် ...
- မတ်မတ် ရပ်၍ မရနိုင်ပါ။
- တည့်တည့်မတ်မတ် လမ်းမလျှောက်နိုင်ပါ။
- မအီမသာ ဖြစ်၍ ပျို့ချင်အန်ချင်လာမည်။
- ချွေးအလွန်ထွက်လာမည်။
- ခန္ဓာကိုယ် နာကျင်ကိုက်ခဲလာမည်။
- လက်နှင့်ခြေထောက် နာကျင်ကိုက်ခဲပြီး လှုပ်ရှားရ ခက်လာမည်။
- ခန္ဓာကိုယ် အပူချိန်တက်လာမည်။
- ခေါင်းကိုက်လာမည်။ စသဖြင့်
အပူလျှပ်ခြင်း မဖြစ်ပွားစေရန် သတိပြုရမည့်အချက်များ

- ၁ ရက်အတွင်း ကြိမ်ဖန်များစွာ ရေသောက်ရမည်။
- ချွေးအလွန် ထွက်လာမည်ဖြစ်၍ စားစရာနှင့် အရည်တို့ဖြင့် ဆားဓာတ် [ဆား] ကို ဖြည့်ဆည်းရမည်။
- အေးမြ၍ ပေါ့ပါးချောင်ချိသော အဝတ်အစားများ ဝတ်ဆင်ရမည်။
- ချွေးထွက်လာလျှင်ပင် အဝတ်အစားများကို ချက်ချင်း လဲရမည်။
အပြင်တွင် သတိပြုရမည့်အချက်များ
- အပြင်ထွက်သည့်အခါ ဦးထုပ်နှင့် နေရောင်ကာထီးကို အသုံးပြုရမည်။
- အေးမြသောနေရိပ် [နေရောင်ခြည် မကျရောက်သောနေရာ] တွင် လမ်းလျှောက်ရမည်။
- တစ်ခါတစ်ရံ အေးမြသောနေရိပ်တွင် အနားယူရမည်။
- တတ်နိုင်သမျှ အပူချိန်လျော့နည်း၍ အေးမြသော အချိန်တွင်သာ အပြင်ထွက်ရမည်။
အိမ်ထဲတွင် သတိပြုရမည့်အချက်များ
- အဲကွန်းနှင့် ပန်ကာတို့ဖြင့် အခန်းကို အေးမြအောင် ထားရှိရမည်။
- လိုက်ကာနှင့် ယင်းလိပ် စသည်တို့ဖြင့် အခန်းထဲသို့ နေရောင် မဝင်ရောက်စေရန် ပြုလုပ်ရမည်။